မြန်မာပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ထိုင်းနိုင်ငံက 2018မှာ ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး ထိုင်းမင်းသမီး ၈ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Aum Patchrapa
Aum Patchrapa ဟာထိုင်းနိုင်ငံမှာ လူကြိုက်အများဆုံး မော်ဒယ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အသက်၄၀ ရှိပြီဖြစ်ပေမယ့် သူမရဲ့ကျော်ကြားမှုက မြင့်မားဆဲဖြစ်ပါတယ်။
၂။ Yaya Urassaya
Yaya လို့သိကြတဲ့ Urassaya Sperbund ဟာ ထိုင်း-နော်ဝေနွယ်ဖွားသူလေးတစ်ဦးဖြစ်ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ သူမဟာမော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမကို 2018ရုပ်ရှင် “Brother of the Year” မှာ ထိုင်းသရုပ်ဆောင် Sunny Suwanmethanon နှင့် ထိုင်း-ကိုရီးယားအဆိုတော် Nickhun တို့နဲ့တွဲပြီး လူသိများခဲ့ပါတယ်။ သူမဟာ ထိုင်းမှာသာ လူကြိုက်များတာမဟုတ်ပါဘူး။နိုင်ငံတကာ brands တစ်ခုနဲ့ အလုပ်လုပ်ပြီးနောက် အမေရိကန်မှာလည်း လူသိများခဲ့ပါတယ်။
၃။ Bella Ranee
Bella လို့လူသိများကြတဲ့ ထိုင်းမင်းသမီး Ranee Campen ဟာ ထိုင်း- ဗြိတိန်သွေးနှောသူလေးဖြစ်ပါတယ်။ သူမအသက်က ၂၉နှစ်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားသူဖြစ်ပါတယ်။ သူမဟာ Channel 3တီဗီဒရမ်မာ Buppae Sunniwas မှာ Karaked အဖြစ်သရုပ်ဆောင်ခဲ့ပြီးနောက် လူကြိုက်များခဲ့ပါတယ်။
၎။ Taew Natapohn
Taewလို့ ခေါ်ကြတဲ့ Natapohn Tameeruks ဟာ ထိုင်းတရုတ်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမကို လူတိုင်းချစ်ကြပြီး အရည်အချင်းရှိတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ အသက် 29နှစ်ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာမွေးဖွားခဲ့ပါတယ်။ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုအတွက် TV Gold Award နှင့် အကောင်းဆုံးမင်းသမီးအဖြစ် Nataraj Awards တို့ ရရှိခဲ့ပါတယ်။ သူမကို ထိုင်းဖျော်ဖြေရေးလုပ်ငန်းရဲ့နောက်ဘုရင်မတစ်ဦးလို့ ဆိုကြပါတယ်။
၅။ Mai Davika
Mai Davika လို့သိကြတဲ့ Davika Hoorne ဟာ ထိုင်းနှင့် ဘယ်လ်ဂျီယံနွယ်ဖွား မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ 2010 မှာ Ngao Kammathep တီဗီဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့ပါတယ်။ အသက် ၂၆နှစ်ရှိပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မွေးဖွားသူဖြစ်ပါတယ်။ သူမဟာ ထိုင်းနှင့် ပြည်ပတွေမှာလည်း သရုပ်ဆောင်အလုပ်တွေကို လုပ်နေသူဖြစ်ပါတယ်။ Pee Mak Phra Khanong ဆိုတဲ့ဇာတ်ကားဖြင့် ယခုတိုင်အောင်မြင်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။
၆။ Kimmy Kimberley
Kimmy Kimberleyဟာ ဂျာမန်သွေးနှောတဲ့ ထိုင်းမော်ဒယ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ TV ဒရမ်မာ Kom Faek ကို ထိုင်းTV3 မှာ ထုတ်လွှင့်ခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။
၇။ Pooklook Fonthip
Pook Look လို့ချစ်စနိုးခေါ်ကြတဲ့ Pooklook Fonthip ဟာ သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ Miss Thailand Universe 2010 မှာ (Miss Photogenic & Best in National Costume) ဖြင့် ဆုရရှိခဲ့ပါတယ်။ သူမရဲ့ TVဒရမ်မာ Mae Eye Sa Earnကို ထုတ်လုပ်ခဲ့ပြီးနောက် သူရဲ့သရုပ်ဆောင်မှုကြောင့် ကြည့်ရှုသူများဆီက တုံ့ပြန်မှုကောင်းတွေကို ရရှိခဲ့ပါတယ်။
၈။ Baifern Pimchanok
Baifern လို့သိကြတဲ့ Pimchanok Luevisadpaibul ဟာ ထိုင်းမော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ မင်းသား Mario နဲ့တွဲပြီး Crazy Little Thing Called Love(2010) မှာ Nam အဖြစ် သူမကိုလူသိများခဲ့ပါတယ်။ သူမဟာ အသက်၂၅နှစ်ရှိပြီဖြစ်ပြီး 2015မှာ Srinakharinwirot University မှအနုပညာဘွဲ့ရရှိခဲ့ပါတယ်။ Lhong Fai တီဗီဒရမ်မာမှာ Karn Keaw အဖြစ်သရုပ် ဆောင်ခဲ့ပြီးနောက် လူကြိုက်များလာခဲ့ပါတယ်။
#Lifestyle_Myanmar
#LM_Nandar