2018 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကြောက်စရာအကောင်းဆုံး Horror ဇာတ်ကား (၁၀) ကား

0
359


-Advertisement-

1. SLENDER MAN

2. True Or Dare


၎။ THE FIRST PURGE

၅။ THE MEG

၆။ The Nun

၇။ Predator

၈။ A QUIET PLACE

၉။ ANNIHILATION

၁၀။ HEREDITARY

#LM_Naung_Naung
#Lifestyle_Myanmar
Source-.esquire

ONE CHAMPIONSHIP က ONE: KINGDOM OF HEROES ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိတ်ဆက်ပွဲကျင်းပ

Unicode

ကြောက်စရာကောင်းတဲ့ ဇာတ်ကားတွေကို မကြည့်ရဲသူတွေသာ ရှိချင်ရှိမယ်၊ မကြိုက်သူတွေတော့ မရှိလောက်ဖူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောက်ရွံ့ခြင်းဟာလည်း ရသတစ်မျိုးဖြစ်ပြီး လူအတော်များများ ခုံမင်နှစ်သက်ရတဲ့ အရသာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုသွေးထွက်သံယိုနဲ့ ကြောက်စရာကောင်းတဲ့ ဟောလိဝုဒ်ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ ၂၀၁၈ ထွက်ကြောက်စရာအကောင်းဆုံး ဇာတ်ကား (၁၀) ကားကို စုစည်းဖော်ပြလိုက်ပါတယ်။

1. SLENDER MAN
ဆယ်ကျော်သက် မိန်းကလေး လေးယောက်ဟာ ရိုးရာအခမ်းအနားတစ်ခုမှာ အရမ်းကိုဆိုးရွားထိတ်လန့်စရာကောင်းတဲ့ Slender man မရှိကြောင်း သက်သေပြဖို့ကြိုးစားကြပေမယ့် မမျှော်လင့်ပဲ slender man ပေါ်ထွက်လာတဲ့ အချိန်မှာတော့ သဲထိတ်ရင်ဖိုအဖြစ်အပျက်တွေကို တွေ့ကြုံရပါပြီ။

2. True Or Dare
အမှန်ပြောမလား ဖျော်ဖြေမလား- ပါတီတစ်ခုမှာ ဆယ်ကျော်သက်လူငယ်တွေ ကျိန်စာတစ်ခုနဲ့ ဆော့ကစားကြရင်း သဲထိတ်ရင်ဖိုကြောက်စရာဖြစ်ရပ်တွေကို ကြုံလာတဲ့အခါ၊  အမှန်ပြောမလား ဖျော်ဖြေမလား သေခြင်းတရားကတော့ ဆိုက်ရောက်လာပါလိမ့်မယ်

3. THE STRANGERS: PREY AT NIGHT
နာမည်ကျော် The Stranger ဇာတ်ကားထွက်ပြီး ၁၀ နှစ်ခန့်အကြာမှာတော့ နောက်ထပ် THE STRANGERS: PREY AT NIGHT ဇာတ်ကားထပ်မံပေါ်ထွက်လာပါပြီ။ ဘယ်လိုတွေကြောက်ဖို့ ကောင်းတယ်ဆိုတာတော့ မပြောတော့ပါဘူး။ horror ပရိသတ်တွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

၄။ THE FIRST PURGE
တစ်နိုင်ငံလုံးရဲ့ ဥပဒေမဲ့ လူသတ်ပွဲမှာ ဘယ်လိုတွေရက်ရက်စက်စက် သတ်ကြလဲဆိုတာ အရင် purge ဇာတ်ကားတွေလိုပဲ စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။

၅။ THE MEG
မင်းသားကြီး Jason Statham ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကလည်း အရမ်းကိုချောပါတယ်။ megalodon လို့ခေါ်တဲ့ ဧရာမငမန်းကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ အကောင်းဆုံးအက်ရှင်တွေနဲ့ ခံစားရမှာ ဖြစ်ပါတယ်။

၆။ The Nun
Conjuring ရဲအကောင်းဆုံး ဇာတ်ကားတွေအကြောင်း လူတိုင်းသိပြီးသားပါ။ ဒီတစ်ခါမှာတော့ ဘယ်လိုတွေကြောက်ဖို့ကောင်းတယ်ဆိုတာ ပြောပြစရာမလိုအောင် လူတိုင်းစိတ်ဝင်စားပြီး ကြည့်သင့်တဲ့ horror ကားကောင်းဖြစ်ကြောင်း ပြောပါရစေ။

၇။ Predator
အရင်ထွက်ခဲ့တဲ့ Predator ကားတိုင်းအောင်မြင်မှုတွေ ရရှခဲ့သလိုပဲ ဒီနှစ်ထွက်ခဲ့တဲ့ ဂြိုလ်သားကားမှာလည်း ဘယ်လိုသံထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေနဲ့ စွန့်စားမလဲဆိုတာ horror ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

၈။ A QUIET PLACE
အသံထွက်တာနဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ အကောင်းကြီးတွေ၊ လူတိုင်းတိတ်ဆိတ်စွာနေထိုင်နေရစဉ် ကလေးရဲ့ဓါတ်ခဲကားလေး အသံမြည်သွားတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေရမယ်ဆိုတာကို သဲထိတ်ရင်ဖိုခံစားရမှာပါ.

၉။ ANNIHILATION
ဒီနှစ်ထွက်ဖြစ်လာ မသိလိုက်ပေမယ့် ကျွန်တော်အကြည့်ချင်ဆုံး ဇာတ်ကားတစ်ကားပါ

၁၀။ HEREDITARY
သူမရဲ့ ဆိုးရွားတဲ့မိခင်ဖြစ်သူ သေဆုံးပြီးနောက် အိမ်ပတ်လည်မှာ လှုပ်ရှားမှုတွေကို စတင်သတိထားမိရာကနေ ဘယ်လိုတုန်လှုပ်ဖွယ်ရာ အဖြစ်ဆိုးတွေကို ကြုံတွေ့ရမယ်ဆိုတာကို သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။

#LM_Naung_Naung
#Lifestyle_Myanmar
Source-.esquire

LEAVE A REPLY

Please enter your comment!
Please enter your name here