႐ုပ္ဆင္းအဂၤါ မလွပေပမဲ့ ထီေရာင္းၿပီး အသက္ ၈၀ ဖခင္ႀကီးကို အလုပ္ေကၽြးျပဳသူ

0
11568
Le Huu Hien
Le Huu Hien

အသက္ ၄၃ႏွစ္အရြယ္ Le Huu Hien ဆိုတဲ့ အမ်ိဳးသားဟာ ထူးဆန္းတဲ့ ေမြးရာပါ ရွားပါးေရာဂါကို ခံစားရတဲ့အျပင္ လူေတြရဲ႕ ေရွာင္ဖယ္ျခင္းကိုလည္း ခံေနရရွာပါတယ္။ သူဟာ ဆင္းရဲႏြမ္းပါးတဲ့ လူတန္းစားတစ္ဦးျဖစ္ၿပီး ထီလက္မွတ္ေရာင္းၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနရသူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ေမြးရာပါ ႐ုပ္ဆင္းအဂၤါမလွတဲ့အတြက္ လူေတြရဲ႕ေရွာင္ဖယ္ျခင္းကိုခံရတဲ့အျပင္ စားဝတ္ေနေရးအတြက္အလုပ္လုပ္ရာမွာလဲ အခက္အခဲအမ်ားႀကီးနဲ႔ ႀကံဳေတြ႕ရပါတယ္။ Hien ဟာ လမ္းဆုံ၊ လမ္းဂြမွာ ထီေရာင္းၿပီး သူ႔ရဲ႕ ဖခင္ႀကီးကိုအလုပ္အေကၽြးျပဳေနတာ ၂၂ႏွစ္ရွိေနပါၿပီ။ ႐ုပ္ဆင္းအဂၤါ ဆိုးရြားတဲ့အတြက္ အခ်ိဳ႕ေသာသူေတြက သူ႔ေရာင္းတဲ့ထီကိုအားေပးေပမဲ့ အခ်ိဳ႕ေသာသူေတြကေတာ့ သူ႔ကိုေတြ႕ရင္ ေဝးေဝးက ေရွာင္သြားတတ္ၾကပါတယ္။

အသက္ ၈၀ အေဖအိုနဲ႔အတူတူေနထိုင္ၿပီး သူတို႔ရဲ႕ဘဝက အေဖတစ္ခု သားတစ္ခုဆိုလည္းမမွားပါဘူး။ ဖခင္ႀကီးရဲ႕ အဆိုအရ Hien ကိုေမြးဖြားတုန္းက အျခားသူေတြလို သန္သန္မာမာနဲ႔ က်န္းက်န္းမာမာမဟုတ္ဘဲ ေမြးရာပါ႐ုပ္ဆင္းအဂၤါ ခ်ိဳ႕တဲ့ခဲ့တာျဖစ္ပါတယ္။၆ႏွစ္အရြယ္ေလာက္မွာ ေက်ာင္းထားေပမဲ့ မေကာင္းဆိုးဝါးတစ္ေယာက္လို႔ ထင္ျမင္ခံခဲ့ရၿပီး လူေတြရဲ႕ ေရွာင္ဖယ္ ေနာက္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ ေက်ာင္းကေနထြက္ခဲ့ၿပီး အိမ္မွာပဲေနေနခဲ့ပါတယ္။ အသက္ ၂၀ ေရာက္တဲ့အခါ စီးပြားေရးအေျခအေနမေကာင္းတဲ့အျပင္အဖျဖစ္သူကို ျပဳစုေစာင့္ေရွာက္ဖို႔အတြက္ ထီကိုယ္စားလွယ္စီမွာ ထီလက္မွတ္ယူၿပီး ေရာင္းခ်ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။ အခုဆို Hien ဟာ ဖခင္ကိုအလုပ္အေကၽြးျပဳဖို႔ ထီးေရာင္းေနတာ ၂၂ႏွစ္မကေတာ့ပါဘူး။

#Lifestyle_Myanmar

#Thar_Nage

အမ်ိဳးသားထုႀကီးကို နည္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းစားစြဲေဆာင္တတ္တဲ့ အမ်ိဳးသမီးအခ်ိဳ႕ရဲ႕ အျပဳအမူလကၡဏာ

Unicode

ရုပ်ဆင်းအင်္ဂါ မလှပပေမဲ့ ထီရောင်းပြီး အသက် ၈၀ ဖခင်ကြီးကို အလုပ်ကျွေးပြုသူ
အသက် ၄၃နှစ်အရွယ် Le Huu Hien ဆိုတဲ့ အမျိုးသားဟာ ထူးဆန်းတဲ့ မွေးရာပါ ရှားပါးရောဂါကို ခံစားရတဲ့အပြင် လူတွေရဲ့ ရှောင်ဖယ်ခြင်းကိုလည်း ခံနေရရှာပါတယ်။ သူဟာ ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတစ်ဦးဖြစ်ပြီး ထီလက်မှတ်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မွေးရာပါ ရုပ်ဆင်းအင်္ဂါမလှတဲ့အတွက် လူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရတဲ့အပြင် စားဝတ်နေရေးအတွက်အလုပ်လုပ်ရာမှာလဲ အခက်အခဲအများကြီးနဲ့ ကြုံတွေ့ရပါတယ်။ Hien ဟာ လမ်းဆုံ၊ လမ်းဂွမှာ ထီရောင်းပြီး သူ့ရဲ့ ဖခင်ကြီးကိုအလုပ်အကျွေးပြုနေတာ ၂၂နှစ်ရှိနေပါပြီ။ ရုပ်ဆင်းအင်္ဂါ ဆိုးရွားတဲ့အတွက် အချို့သောသူတွေက သူ့ရောင်းတဲ့ထီကိုအားပေးပေမဲ့ အချို့သောသူတွေကတော့ သူ့ကိုတွေ့ရင် ဝေးဝေးက ရှောင်သွားတတ်ကြပါတယ်။

အသက် ၈၀ အဖေအိုနဲ့အတူတူနေထိုင်ပြီး သူတို့ရဲ့ဘဝက အဖေတစ်ခု သားတစ်ခုဆိုလည်းမမှားပါဘူး။ ဖခင်ကြီးရဲ့ အဆိုအရ Hien ကိုမွေးဖွားတုန်းက အခြားသူတွေလို သန်သန်မာမာနဲ့ ကျန်းကျန်းမာမာမဟုတ်ဘဲ မွေးရာပါရုပ်ဆင်းအင်္ဂါ ချို့တဲ့ခဲ့တာဖြစ်ပါတယ်။၆နှစ်အရွယ်လောက်မှာ ကျောင်းထားပေမဲ့ မကောင်းဆိုးဝါးတစ်ယောက်လို့ ထင်မြင်ခံခဲ့ရပြီး လူတွေရဲ့ ရှောင်ဖယ် နောက်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကျောင်းကနေထွက်ခဲ့ပြီး အိမ်မှာပဲနေနေခဲ့ပါတယ်။ အသက် ၂၀ ရောက်တဲ့အခါ စီးပွားရေးအခြေအနေမကောင်းတဲ့အပြင်အဖဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် ထီကိုယ်စားလှယ်စီမှာ ထီလက်မှတ်ယူပြီး ရောင်းချဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ အခုဆို Hien ဟာ ဖခင်ကိုအလုပ်အကျွေးပြုဖို့ ထီးရောင်းနေတာ ၂၂နှစ်မကတော့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here