ႏွင္းက်တာကို အေၾကာင္းျပဳၿပီး ၄ရက္တည္းနဲ႔ ေဒၚလာ ၃ေသာင္းခြဲ ပိုက္ဆံရွာသြားတဲ့ ေကာင္ေလး

0
305
David Holsten
David Holsten

David Holsten ဆိုတဲ့ အသက္ ၁၈ႏွစ္အရြယ္ေကာင္ေလးဟာ ႏွင္းက်ေနတာကို အေၾကာင္းျပဳၿပီး ၄ရက္ထဲနဲ႔ ေဒၚလာ ၃ေသာင္းခြဲ ရွာႏိုင္ခဲ့တာေၾကာင့္ လူအမ်ားအျပားရဲ႕ ခ်ီးက်ဴးျခင္းကို ခံခဲ့ရပါတယ္။ ရရွိလာတဲ့ လုပ္အားခထဲက ၂၀%ကိုေတာ့ လွဴဒါန္းဖို႔အတြက္ အသုံးျပဳမယ္လို႔လည္း သိရပါတယ္။ David ရဲ႕ မိခင္ဟာ ဝါရွင္တန္ရွိ ေဆး႐ုံမွာ ခြဲစိတ္ဖို႔ ေဆး႐ုံတင္ထားရၿပီး သူအတြက္ လိုအပ္တဲ့ ကုန္က်စရိတ္ကို ရွာဖို႔အတြက္ သူငယ္ခ်င္းတစ္ေယာက္ ႏွင္းရွင္းလင္းတဲ့ အလုပ္ကို လုပ္ဖို႔ လုပ္ဖို႔ အႀကံေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ David ဟာ ဒီအလုပ္ကို သူလုပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ႏွင္းရွင္းလင္းလိုလွ်င္ သူနဲ႔ ဆက္သြယ္ဖို႔ အြန္လိုင္းကေန ေၾကာ္ျငာခဲ့တာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း ႏွင္းက်မႈဟာ ႏွစ္ ၇၀အတြင္း အႀကီးမားဆုံး ႏွင္းက်တာမ်ိဳးျဖစ္ၿပီး ၁၀လက္မခန္႔ အထူရွိပါတယ္။ ဒါ့ေၾကာင့္ David ရဲ႕ ေၾကာ္ျငာကိုေတြ႕ၿပီး ႏွင္းရွင္းလင္းဖို႔ ေဒၚလာ ၁၀၀၀ အထိေပးၿပီး ဆက္သြယ္လာၾကပါတယ္။ ေဆး႐ုံတက္ေနတဲ့ မိခင္ကို ေမြးေန႔ပြဲေလးလုပ္ေပးခ်င္တာနဲ႔ သူ႔ဟာ ေဒၚလာ ေသာင္းခ်ီရမဲ့ ဒီအခြင့္အလမ္းကို ေသခ်ာ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ လိုအပ္တဲ့ ပစၥည္းပစၥယ အစုံယူၿပီး အုိင္ဒါဟိုျပည္နယ္ေျမာက္ပိုင္းကို ထြက္လာခဲ့ပါတယ္။ အလုပ္လာအပ္တဲ့သူေတြ မ်ားတဲ့အတြက္ ညသန္းေခါင္ေက်ာ္တဲ့အထိ အလုပ္ကို ႀကိဳးစားပမ္းစားလုပ္ခဲ့ပါတယ္။ David ဟာ သူ႔ရဲ႕ လုပ္အားခကို တစ္နာရီ ေဒၚလာ ၁၁၀ သတ္မွတ္ၿပီး အလုပ္အရမ္းၾကပ္တဲ့အခ်ိန္ အေရးတႀကီး လိုအပ္လို႔ လုပ္ေပးရရင္ေတာ့ ေဒၚလာ ၄၀၀ အခေၾကးေငြ ယူပါတယ္။

David ဟာ အလုပ္ႀကိဳးစားၿပီး ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ေနတဲ့ သူတစ္ဦးျဖစ္ပါတယ္။ ေႏြရာသီကာလတုန္းကလည္း ျမက္ရိတ္တဲ့အလုပ္ကို လုပ္ကိုင္ၿပီး ေငြရွာခဲ့ပါေသးပါတယ္။ စုစုေပါင္း ေနရာ ၁၅ ေနရာ ကို အခ်ိန္ ၄ရက္တည္းနဲ႔ အၿပီး ရွင္းလင္းေပးခဲ့ရၿပီး “အခုက သူတက္ႏိုင္သေလာက္ပဲ လုပ္ေပးခဲ့တာပါ ျဖစ္ႏိုင္ရင္ တစ္ၿမိဳ႕လုံးကို ရွင္းလင္းေပးဖို႔” ဆႏၵရွိတယ္လို႔ဆိုပါတယ္။ အခုေတာ့ ရရွိတဲ့ ဝင္ေငြရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ဘုရာေက်ာင္းမွာလွဴဒါန္းဖို႔ရွိတယ္လို႔ သိရပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သားေဇာနဲ႔ ကိုယ့္အသက္ကို မငဲ့ဘဲ ေရထဲဆင္းၿပီး မိေက်ာင္းနဲ႔ ဖက္ကိုက္တဲ့ ဖခင္

Unicode

နှင်းကျတာကို အကြောင်းပြုပြီး ၄ရက်တည်းနဲ့ ဒေါ်လာ ၃သောင်းခွဲ ပိုက်ဆံရှာသွားတဲ့ ကောင်လေး
David Holsten ဆိုတဲ့ အသက် ၁၈နှစ်အရွယ်ကောင်လေးဟာ နှင်းကျနေတာကို အကြောင်းပြုပြီး ၄ရက်ထဲနဲ့ ဒေါ်လာ ၃သောင်းခွဲ ရှာနိုင်ခဲ့တာကြောင့် လူအများအပြားရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ ရရှိလာတဲ့ လုပ်အားခထဲက ၂၀%ကိုတော့ လှူဒါန်းဖို့အတွက် အသုံးပြုမယ်လို့လည်း သိရပါတယ်။ David ရဲ့ မိခင်ဟာ ဝါရှင်တန်ရှိ ဆေးရုံမှာ ခွဲစိတ်ဖို့ ဆေးရုံတင်ထားရပြီး သူအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်ကို ရှာဖို့အတွက် သူငယ်ချင်းတစ်ယောက် နှင်းရှင်းလင်းတဲ့ အလုပ်ကို လုပ်ဖို့ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲ့ဒီနောက် David ဟာ ဒီအလုပ်ကို သူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး နှင်းရှင်းလင်းလိုလျှင် သူနဲ့ ဆက်သွယ်ဖို့ အွန်လိုင်းကနေ ကြော်ငြာခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နှင်းကျမှုဟာ နှစ် ရ၀အတွင်း အကြီးမားဆုံး နှင်းကျတာမျိုးဖြစ်ပြီး ၁၀လက်မခန့် အထူရှိပါတယ်။ ဒါ့ကြောင့် David ရဲ့ ကြော်ငြာကိုတွေ့ပြီး နှင်းရှင်းလင်းဖို့ ဒေါ်လာ ၁၀၀၀ အထိပေးပြီး ဆက်သွယ်လာကြပါတယ်။ ဆေးရုံတက်နေတဲ့ မိခင်ကို မွေးနေ့ပွဲလေးလုပ်ပေးချင်တာနဲ့ သူ့ဟာ ဒေါ်လာ သောင်းချီရမဲ့ ဒီအခွင့်အလမ်းကို သေချာ အကောင်အထည်ဖော်ခဲ့ပါတယ်။ လိုအပ်တဲ့ ပစ္စည်းပစ္စယ အစုံယူပြီး အိုင်ဒါဟိုပြည်နယ်မြောက်ပိုင်းကို ထွက်လာခဲ့ပါတယ်။ အလုပ်လာအပ်တဲ့သူတွေ များတဲ့အတွက် ညသန်းခေါင်ကျော်တဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်ခဲ့ပါတယ်။ David ဟာ သူ့ရဲ့ လုပ်အားခကို တစ်နာရီ ဒေါ်လာ ၁၁၀ သတ်မှတ်ပြီး အလုပ်အရမ်းကြပ်တဲ့အချိန် အရေးတကြီး လိုအပ်လို့ လုပ်ပေးရရင်တော့ ဒေါ်လာ ၄၀၀ အခကြေးငွေ ယူပါတယ်။

David ဟာ အလုပ်ကြိုးစားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတစ်ဦးဖြစ်ပါတယ်။ နွေရာသီကာလတုန်းကလည်း မြက်ရိတ်တဲ့အလုပ်ကို လုပ်ကိုင်ပြီး ငွေရှာခဲ့ပါသေးပါတယ်။ စုစုပေါင်း နေရာ ၁၅ နေရာ ကို အချိန် ၄ရက်တည်းနဲ့ အပြီး ရှင်းလင်းပေးခဲ့ရပြီး “အခုက သူတက်နိုင်သလောက်ပဲ လုပ်ပေးခဲ့တာပါ ဖြစ်နိုင်ရင် တစ်မြို့လုံးကို ရှင်းလင်းပေးဖို့” ဆန္ဒရှိတယ်လို့ဆိုပါတယ်။ အခုတော့ ရရှိတဲ့ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဘုရာကျောင်းမှာလှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here