၁။ မိကျောင်း
နယူးယောက်မြို့ရဲ့ Woldorf Astoria ဖိုက်စတားအဆင့်မြင့် ဟော်တယ်တွေမှာ မိကျောင်းသားကို ညစာစားပွဲတွေ၊ နှစ်ပတ်လည်လို့နေမျိုးတွေမှာ အကောင်းဆုံးအစားအစာအဖြင့် စားသုံးကြပါတယ်။
၂။ ဖားဖျော်ရည်
ပီရူနိုင်ငံ ဆန်ဂွမ်ဒီလူရီဂန်ချိုမြို့၊ လီမာမြို့တို့မှာ ဖားကိုအရေခွံနွှာပြီး ဖျော်ရည်စက်ထဲထည့်ကြိတ်ပြီး ဖျော်ရည်အဖြစ် သောက်သုံးကြပါတယ်။
၃။ ကြွက်ပြုတ်
မာလဝီနိုင်ငံ လီလွန်ဂွေးလ်ရဲ့ လမ်းမတွေမှာဆို ကြက်စုတ်လေးတွေကို အကောင်လိုက်ပြုတ်ပြီးအစားအစာတစ်ခုအဖြင့် လူငယ်တွေ ရောင်းချနေတာတွေ့မြင်ရမှာဖြစ်ပါတယ်။
၎။ Dabb Lizards
Uromastyx Lizards ဒါမှမဟုတ် dabb Lizard လို့ခေါ်တဲ့ အိမ်မြှောင်လိုလို ပုတ်သင်ညိုလိုလို ကောင်တွေကို ဆော်ဒီအာရေဗျနိုင်ငံ တဘခ်မြို့မှာ အစားအစာတစ်ခုအဖြင့်စားသုံးကြပါတယ်။ အဆိုပါ အကောင်ကို စားသုံးခြင်းဖြင့် ကိုယ်ခံအားတိုးလာစေပြီး အတွင်းရောဂါတော်တော်များများကို ပျောက်ကင်းစေတယ်လို့ ယုံကြည်ကြပါတယ်။
၅။ ကျင်ငယ်ရေဖြင့်ပြုတ်တဲ့ကြက်ဥ
ရေအစား ကောင်လေးတစ်ယောက်ယောက်ရဲ့ ဆီးကို ယူပြီး ကြက်ဥကို ပြုတ်ပြီး စားသုံးကြပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျဲဂျိယန်ပြည်နယ်မှာ နွေဦးကာလဆို အဆိုပါ အစားစားကို ပိုမိုစားသုံးကြပါတယ်။
၆။ ဝါးပိုးကြော်
မက္ကစီကိုနိုင်ငံမှာ ဝါးပိုးကောင်ကို အစားအစာတစ်ခုအဖြင့် အမျိုးမျိုးပြုလုပ်ပြီးစားသုံးကြပါတယ်။
၇။ နှံကောင် ခေါ် ဓားခုတ်ကောင်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နှံကောင်/ ဓားခုတ်ကောင်ကို သရေစာတစ်ခုလိုစားသုံးကြပါတယ်။
၈။ အင်းဆက်ပိုးကွက်ကီး
ဥရောပနိုင်ငံတွေမှာ ကွက်ကီးတွေမှာ အက်ဆက်ပိုးကောင်တွေရောနှောပြီး သရေစာအဖြင့်စားသုံးကြပါတယ်။
၉။ အေးခဲနေတဲ့ သွေး
လတ်လတ်ဆက်ဆက်သေသွားတဲ့ ဘဲ ဒါမှမဟုတ် ဝက်တွေကနေရရှိတဲ့သွေးကို အေးခဲပြီး လူကြိုက်များတဲ့ ဟင်းအဖြစ် အရှေ့တောင်အာရှဒေသတွေမှာ စားသုံးကြပါတယ်။
၁၀။ မြွှေဟောက်
တရုတ်နိုင်ငံ ဟောယာကားတားမြို့ရဲ့ စားသောက်ဆိုင်တွေမှာ ဟမ်ဘာဂါ၊ patties စတဲ့ မုန့်မျိုးစုံကို မြွေဟောက်သားနဲ့ ပြုလုပ်ကြပါတယ်။ စားသုံးသူတွေရဲ့ ပြောဆိုချက်အရ အဆိုပါ မြွှေဟောက်သားဟာ ပန်းနာရင်ကြပ်၊ လိင်ပိုင်းဆိုင်ရာရောဂါအချို့နဲ့ အရေပြားရောဂါအချို့ကို သက်သာပျောက်ကင်းစေတယ်လို့ဆိုပါတယ်။