One World Trade Center
Evolution Tower
Agora Tower
Lakhta Center
W350 Tower
Dynamic Tower
Grand Lisboa Tower
The Big Bend
Al Noor Tower
Jeddah Tower
Kingdom Center
Q1 Tower
#Lifestyle_Myanmar
#Thar_Nage
Ghibli ကာတွန်းရုပ်ရှင်ချစ်မြတ်နိုးသူတွေအတွက်၂၀၂၂ခုနှစ်မှာဖွင့်လှစ်မှာဖြစ်တဲ့ Studio Ghibli အပန်းဖြေဥယျာဉ်
Unicode
နိုင်ငံတကာက အလွန်ရင်သပ်ရှု့မောဖွယ်ကောင်းတဲ့ အမြင့်ဆုံးမိုးမျှော်တိုက် ၁၃တိုက်အကြောင်း
One World Trade Center
ယခင်က နယူးယောက်မှာ Freedom Tower ဆိုပြီး လူသိများတဲ့ မိုးမျှော်တိုက်ကြီး တစ်ခုပဲဖြစ်ပါယတ်။ ၁၁.၉.၂၀၀၁ ခုနှစ်မှာ အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး ၂၀၁၂ခုနှစ်မှာ ပြန်လည်ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါယ်။အမြင့်ပေပေါင် ၁၇၇၆ ပေရှိပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်မားဆုံး မျှော်စင်ကြီးတစ်ခုပဲဖြစ်ပါတယ်။
Evolution Tower
အမြင့်ပေပေါင်း ၈၀၇ပေ မြင့်မားပြီး ရုရှားနိုင်ငံ မော်စကိုမြို့မှာတည်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ Emporis မိုးမျှော်တိုက်ဆုပေးပွဲမှာ အဆိုပါ Tower က ဒုတိယအဆင့်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး မိုးမျှော်တိုက်တစ်ခုပဲဖြစ်ပါတယ်။
Agora Tower
Agora Tower ဟာ ထိုင်ဝမ်ရဲ့ မြို့တော်ဖြစ်တဲ့ ထိုင်ပေမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ဗိသုကာပညာရှင် Vincent Callebaut က အနာဂတ်မှာ လေထုကို ညစ်ညမ်းစေမဲ့ ရန်ကနေ ကာကွယ်နိုင်ရန်အတွက် ၁၀၁၀ ခုနှစ်မှာ ဆောက်လုပ်ဖို့ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး ထို မျှော်စင်မှာ အပင်ပေါင်းများစွာထည့်သွင်းဖန်းတီးခဲ့တာဖြစ်ပါတယ်။
Lakhta Center
Lakhta စင်တာဟာ ရုရှားနိုင်ငံ Saint Petersburg မှာတည်ရှိတာဖြစ်ပါတယ်။ အမြင့်ပေပေါင်း ၁၅၁၆ ပေရှိပြီး ဥရောပမှာတော့ အမြင့်ဆုံးအဆောက်အဦးပဲဖြစ်ပါတယ်။ အပေါ်စီးကကြည့်မယ်ဆို ကြယ်ပုံသဏ္ဍာန်တွေ့မြင်ရမှာဖြစ်ပြီး ဒီဇိုင်းပိုင်းအရ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခံထားရတဲ့ အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။
W350 Tower
W350 မိုးမျှော်တိုက်ဟာ ဂျပန်နိုင်ငံ တိုကျိုမှာတည်ရှိပြီး အဆိုပါ အဆောက်အဦးတစ်ခုလုံးကို သစ်သားနဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ အဆောက်အဦးထဲမှာ လတ်လတ်တဲ့ လေကောင်းလေသန့်ကို ခံစားနိုင်ဖို့အတွက် သစ်ပင်ပေါင်းများစွာကိုစိုက်ပျိုးထားပါတယ်။
Dynamic Tower
Dynamic မျှော်စင်ကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာတည်ရှိတဲ့ မျှော်စင်တစ်ခုပဲဖြစ်ပါတယ်။ နေ့ဘက်ရော ညဘက်ပါ အရောင်တဖျတ်ဖျတ်တောက်ပနေပြီး ကြောင်လိမ်ပုံစံ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တဲ့နိုင်ငံကအဆောက်အဦးဆိုတော့ အထဲမှာ ဘယ်လောက်တောင် ကြီးကျယ်ခန်းနားမလဲဆိုတော့ စဉ်းစားသာကြည့်လိုက်တော့နော်။
Grand Lisboa Tower
Grand Lisboa အဆောက်အဦးကြီးကတော့ တရုတ်နိုင်ငံ မကာအိုမှာတည်ရှိပါတယ်။ အဆိုပါ မိုးမျှော်တိုက်ဟာ မကာအိုရဲ့ ဂုဏ်ကို ကိုယ်စားပြုတဲ့ လှပတင့်တယ်တဲ့အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းနဲ့ အလှဖန်းတီးမှုတွေ ဆန်းသစ်လှပြီး ကမ္ဘာ့ပေါ်မှာ စွဲဆောင်မှုအရှိဆုံးအဆောက်အဦးကြီးတစ်ခုဆိုလည်း မမှားပါဘူး။
oscow State University
ရုရှားနိုင်ငံ မော်စကိုမှာရှိတဲ့ တက္ကသိုလ်ပဲဖြစ်ပါတယ်။ အဆိုပါ တက္ကသိုလ်ဟာ ပညာရေးအမြင့်မားဆုံးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၁၇၅၅ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ရှေးအကျဆုံးတက္ကသိုလ်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ တက္ကသိုလ်ကနေကျော်ကြားတဲ့ သိပ္ပံပညာရှင်းတွေ၊ နိုဘယ်ဆုရှင်တွေ များစွာထွက်ပေါ်တဲ့ နေရာတစ်ခုလဲ ဖြစ်ပါတယ်။
The Big Bend
The Big Bend မိုးမျှော်တိုက်ကြီးဟာ အမေရိကန် နယူးယောက်မှာတည်ရှိပြီး ၄၀၀၀ မီတာမြင့်မားရှည်လျှာတဲ့ မျှှော်စင်အကွေးကြီးတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး အဆောက်အဦးတစ်ခုဖြစ်ပြီး အဆိုပါ အဆောက်အဦးဒီဇိုင်းကို Loannis Oikonomou က ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။
Al Noor Tower
Al Noor မျှော်စင်ဟာ မော်ရိုကိုနိုင်ငံ Casablanca မှာတည်ရှိပြိး အာဖရိကတိုက်မှာတော့ အမြင့်ဆုံးအဆောက်အဦးအဖြင့် သတ်မှတ်ခံစားရတာဖြစ်ပါတယ်။ အဆိုပါအဆောက်အဦးကို Amedee Santalo က ဒီဇိုင်းရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။
Jeddah Tower
Jeddah မျှော်စင်ဟာ ဆော်ဒီအာရေဗျနိုင်ငံ Jeddah မှာတည်ရှိပြီး ဆောက်လုပ်နေဆဲ အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။ ခန့်မှန်းခြေအရ ၂၀၂၀ ခုနှစ်မှာ အပြီးသတ်မှာဖြစ်ပြီး ပေပေါင်း ၃၂၈၁ ပေအမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာ့ပေါ်မှာ အမြင့်ဆုံးအဆောက်အဦးအဖြစ် ပထမဦးဆုံး ပေါ်ပေါက်လာတော့မဲ့ မိုးမျှော်တိုက်ကြီးတစ်လုံးပဲဖြစ်ပါတယ်။
Kingdom Center
Kingdom စင်တာဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မှာတည်ရှိတာဖြစ်ပါတယ်။ တတိယအမြင့်ဆုံးအဆောက်အဦးစင်တာကြီးတစ်ခုဖြစ်ပြီး အမြဲလိုလို အရောင်မျိုးစုံ အဆက်မပြတ်တောက်ပနေတဲ့ အဆောက်အဦးတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အဆောက်အဦးအပေါ်ပိုင်းမှာ လည်ဆွဲပုံစံ ဒီဇိုင်းဖော်ထားပါတယ်။
Q1 Tower
Q1 မျှော်စင်ကြီးဟာ သြစတြေးလျနိုင်ငံ Gold Coast ကမ်းခြေနားမှာတည်ရှိပြီး Queensland ပြည်နယ်ရဲ့ အသိအမှတ်ပြုခံထားရတဲ့ မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆဌမမြောက်အမြင့်ဆုံး လူနေအိမ်ရာ မျှော်စင်တစ်ခုဖြစ်ပြီး Q1 မျှော်စင်ဒီဇိုင်းကို ၂၀၀၀ ခုနှစ် Sydney မြို့ အိုလံပစ်ပွဲမှာ မီးရှူးတိုင်ဒီဇိုင်းအဖြင့် ရေးဆွဲခဲ့ကြပါတယ်။