Home Health & Beauty ကြုံတွေ့ရလေ့ရှိတဲ့ အလှအပပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေ

ကြုံတွေ့ရလေ့ရှိတဲ့ အလှအပပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေ

0
75

အဖြစ်အများဆုံး အလှအပပြဿနာအချို့ကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။တခြားဘာမှမလိုဘူးနော်။ သင့်မီးဖိုချောင်ထဲက စားသောက်စရာပစ္စည်းတွေပဲ လိုအပ်ပါတယ်။
၁။ အမွှေးရိတ်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းကို စတော်ဘယ်ရီနှင့်ကုသနိုင်ပါတယ်

-Advertisement-


အမွှေးရိတ်ဘရိတ်ဓါးတွေက နာကျင်ပြီး ကျိန်းစပ်စေနိုင်ပါတယ်။ နာကျင်မှုနှင့် ရောင်ရမ်းခြင်းကို လျှော့ချဖို့ အံသြစရာနည်းလမ်းတစ်ခုက စတော်ဘယ်ရီကို ကြိတ်ခြေပြီး ၁၀မိနစ်၊ မိနစ် ၁၅မိနစ်လောက် ရောင်ရမ်းနေတဲ့ နေရာပေါ်မှာ လိမ်းထားပေးဖို့ ဖြစ်ပါတယ်။ စတော်ဘယ်ရီမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများနှင့် အင်တီအောက်ဆီဒင့် ဂုဏ်သတ္တိတို့ ရှိပါတယ်။ ဗီတာမင်စီနှင့် သတ္တုဓါတ်များလည်း ရှိပါတယ်။
၂။ လက်သည်းက အစွန်းအထင်းများကို ဖယ်ရှားဖို့ သံပုရာနှင့် မုန့်ဖုတ်ဆိုဒါ


လက်သည်းဆိုးဆေး၊ ဆေးလိပ်သောက်ခြင်း၊ အသည်းရောဂါ၊ သန့်ရှင်းမှုအားနည်းတဲ့ အလေ့အထနှင့် ဖန်းဂတ်စ်ပိုး ကူးစက်မှု စတာတွေကြောင့် သင့်ရဲ့လက်သည်းဟာ အဝါရောင်ပြောင်းလဲနိုင်ပါတယ်။ ဒီလိုအစွန်းအထင်းဖြစ်တာကို ဖယ်ရှားဖို့ အရောင်ချွတ်ခြင်းနှင့် exfoliating ဂုဏ်သတ္တိတွေပါဝင်တဲ့ သံပုရာနှင့် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ ၁ဇွန်း၊ သံလွင်ဆီဇွန်း တစ်ဝက်၊ သံပရာရည်ကို ပျစ်ပျစ်လေးရောပါ။ သွားတိုက်တံအပျော့ကိုသုံးပြီး လက်သည်းပေါ်မှာ လိမ်းပေးပြီး ၅မိနစ်လောက်ထားပါ။ ဒါကို ၂ပတ် ၁ကြိမ်လောက်လုပ်ပေးပါ။
၃။ ဆံပင် အဖျားနှစ်ခွဖြစ်တာကို ကုသဖို့ အနက်ရောင်ပဲ


ဆံပင်အဖျားတွေကွဲပြီး နှစ်ခွဖြစ်နေလျှင် အနက်ရောင်ပဲကို ခွက်တစ်ဝက်စာလောက် ကြိတ်ဆုံနှင့် ကြိတ်ပြီး ပဲနံသာစေ့ ၁ဇွန်းနှင့် ဒိန်ချဉ်အနည်းငယ် ထည့်ပါ။ ထိုပေါင်းတင်ဆေးကို သင့်ဆံပင်မှာလိမ်းပြီး ၁နာရီလောက်နေမှ ရေနွေးနွေးနဲ့ လျှော်ပေးပါ။

၎။ အသားမာတတ်တာကို ဖယ်ရှားဖို့ အက်စပရင်


အသားမာတွေက နာကျင်မှု၊ ရောင်ရမ်းမှုနှင့် အနံ့ဆိုးကို ဦးဆောင်နိုင်ပါတယ်။ အက်စပရင်က အသားမာတွေ ၊ခြေထောက်မှိုတွေကို ကုသတဲ့နေရာမှာ ကောင်းပါတယ်။ အက်စပရင် ၄ပြားကို အမှုန့်ကြိတ်ပြီး ရေ၊ သံပုရာတို့နဲ့ရောပါ။ အသားမာတွေပေါ်မှာ လိမ်းပေးပြီး ပုဝါတစ်ခုနှင့် မျက်နှာပြင်ကို အုပ်ပေးထားပါ။ မိနစ် ၂၀လောက်နေမှ ရေဆေးပေးပါ။ တစ်ပတ်ကို ၂ကြိမ်လောက် လုပ်ပေးရပါမယ်။
၅။ ထောပတ်က ဆံပင်ဖွာလန်ကြဲတာကို ကုသနိုင်ပါတယ်


ဖွာလန်ကြဲနေတဲ့ ဆံပင်တွေက ကြည့်ကောင်းမှုကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ဆံပင်တွေကို ပျော့ပြီး သေသေသပ်သပ်ဖြစ်စေဖို့ ဒိန်ချဉ်နှင့် ထောပတ်သီးကို လိမ်းပေးပါ။ ၄၅မိနစ်လောက်ထားပေးရပါမယ်။ တစ်ပတ်ကို ၂ကြိမ်လုပ်ပေးနိုင်ရင်ကောင်းပါတယ်။ ထောပတ်သီးမှာ ဆံပင်ကို ပြန်လည်အားဖြည့်ပေးတဲ့ ဗီတာမင်များပါဝင်ပြီး ဒိန်ချဉ်က သင့်ဆံပင်ကို အာဟာရဖြစ်စေပါတယ်။
၆။ အကြောပြတ်ရာများကို ကုသဖို့ အာလူး


အကြောပြတ်ရာက အမျိုးသမီးတွေအတွက် အဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီး သို့မဟုတ် မြီးကောင်ပေါက်အရွယ်မှာ အရေပြားဆန့်ခြင်းရဲ့ ရလဒ်တစ်ခုအဖြစ် ပေါ်လာတာဖြစ်ပါတယ်။ အာလူးဖျော်ရည်မှာ သင့်အရေပြားဆဲလ်များ၏ ပြန်လည်ပြုပြင်ပေးတဲ့ သတ္တုဓါတ်များနှင့် အသုံးဝင်ဗီတာမင်များ ပါဝင်ပါတယ်။ အကြောပြတ်ရာပေါ်မှာ အာလူးအချပ်နှင့် မိနစ်အနည်းငယ်လောက် ပွတ်သပ်ပေးပြီး ခြောက်သွေ့သွားမှ ရေနှင့်ဆေးပါ။ လုံးဝပျောက်သွားမှာတော့ မဟုတ်ပေမယ့် လျော့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။
၇။ နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာကို ပျောက်ကင်းစေတဲ့ ပျားရည်


ပူ/အေးတဲ့ရာသီဥတုကြောင့်၊ ဓါတ်မတည့်မှုကြောင့် နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲတတ်ပါတယ်။ ဒီပြဿနာကို ပျားရည်နဲ့ ဖြေရှင်းနိုင်ပါတယ်။ ပျားရည်မှာ moisturizing နှင့် အနာကျက်စေတဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို ပျားရည်ချည်းပဲ၊ သို့မဟုတ် သံပုရာရည်ရောပြီးပဲဖြစ်ဖြစ် ပွတ်ပေးနိုင်ပါတယ်။ scrub တစ်ခုအဖြစ် သကြားရောပြီးလဲ ပွတ်တိုက်ပေးနိုင်ပါတယ်။

၈။ မျက်အိတ်ကို ဖယ်ရှားဖို့ ဇွန်း


လက်ဖက်အိတ်၊ သခွားသီးနှင့် အာလူးချပ်များဟာ မျက်အိတ်များနှင့် မျက်ကွင်းညိုတာကို ဖယ်ရှားဖို့ ကူညီနိုင်တယ်ဆိုတာ သိကြပါတယ်။ ဒီပစ္စည်းတွေ မရှိရင် စိတ်မပူပါနဲ့။ ဇွန်းတစ်ချောင်းရှိရင် ရပါတယ်။ အသားအရေ တင်းရင်းစေဖို့နှင့် ရောင်ရမ်းခြင်းကိုဖယ်ရှားဖို့ မိတ်ကပ်မလိမ်းခင် ဆယ်မိနစ်ခန့် သင့်မျက်လုံးပေါ်မှာ သတ္တုဇွန်းအေးအေးလေးကို တင်ထားပါ။
#Lifestyle_Myanmar
#TB_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here