ပြုလုပ်နည်း ၁
ပြုလုပ်နည်း ၂
ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းကို ဖယ်ရှားပစ်ဖို့ အိမ်တွင်းဆေးနည်းများ
#Lifestyle_Myanmar
#Thar_Nage
Unicode
ကြီးမားတဲ့ ချွေးပေါက်တွေကြောင့် အသားအရေမချောမွေ့ခြင်းပျောက်ကင်းစေမဲ့ နည်းလမ်းကောင်း
အသားအရေမှရှိတဲ့ Elasticity ဆုံးရှုံးသွားတဲ့အခါမှာ အရေပြားမှ ချွေးပေါက်အရွယ်အစားဟာ ပိုမိုကြီးမားလာပြီး ချိုင့်ခွက်တွေလိုဖြစ်လာတတ်ပါတယ်။ အသားအရေလည်း ညီညာချောမွေ့မှုမရှိတော့ကြောင့် ဒါကိုဖုံးကွယ်ဖို့အတွက် မိတ်ကပ်အလွန်အကျွံအသုံးပြုရင်အခြေအနေက ဒီထက်ပိုဆိုးရွားလာပါလိမ့်မယ်။ ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့အတွက် Lifestyle_Myanmar ပရိတ်သတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။
ပြုလုပ်နည်း ၁
ပထမဦးဆုံး ဖန်ခွက်တစ်ခွက်ထဲသို့ ရေထည့်ပါ။ ပြီးလျှင် ထိုဖန်ခွက်ထဲသို့ ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ Earth powder လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးလျှင်အဆိုပါ ဖျော်စပ်ထားတဲ့ရေကို ရေခဲသေတ္တာထဲမှာ ရေခဲဗန်းထဲသို့ လောင်းထည့်ထားပါ။ အေးခဲသွားပြီဆိုလျှင် အသားအရေအတွက် အသုံးပြုလို့ရပါပြီ။
ရေချိုးတဲ့အခါမှာ အဆိုပါ ဖျော်စပ်ထားတဲ့ ရေခဲတုံးကိုယူပြီး သင့်မျက်နှာပေါ်မှာ ၅မိနစ်ခန့်လောက် ပွတ်တိုက်ပေးပါ။ ၅မိနစ်ခန့်လောက် ပွတ်တိုက်ပြီးတဲ့အခါမှ သင့်ရဲ့ မျက်နှာကို ရေ ဒါမှမဟုတ် နှစ်သက်ရာ မျက်နှာသစ်ဆေးတစ်ခုခုဖြင့် ဆေးကြောနိုင်ပါတယ်။ အထိခိုက်မခံတဲ့ အသားအရေမျိုးရှိပါက ရေခဲတုံးကို ပါးလွှာတဲ့ ဂွမ်းထည်တစ်ခုခုဖြင့် ပတ်ပြီးမှ သင့်ရဲ့ မျက်နှာကိုညင်သာစွာပွတ်တိုက်ပေးပါ။ ရေခဲဟာ အသားအရေကို တင်းကျပ်ခြင်းနဲ့ ချွေးပေါက်အရွယ်အစားကို ကျုံ့သွားစေဖို့ အလွန်ထိရောက်ပါတယ်။ ဒါဟာသွေးလည်ပတ်မှုစနစ်ကို နှိုးဆွပေးပြီး သင့်အတွက်ကောင်းမွန်တဲ့ အသားအရေကိုလည်း ရရှိစေပါတယ်။
ပြုလုပ်နည်း ၂
နှင်းဆီရေ ခွက်တစ်ဝက်ကို Earth powder လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ရောသမမွှေပါ။ ပြီးလျှင် ဖော်စပ်ထားတဲ့ အဆိုပါ အရည်ကို Spray ဗူးလွတ်တစ်ဗူးထဲသို့ ထည့်ထားပေးပါ။ သင့်မျက်နှာပေါ်သို့ ဖြန်းပြီး ၁၀မိနစ်လောက်ကြာမှ သင့်ရဲ့မျက်နှာကို ဆေးကြော
သန့်စင်ပေးပါ။