၉၀ပြည့်နှစ်ဝန်းကျင်လောက်က လူအများစု အားကျခဲ့ရတဲ့ အထင်ကရ စုံတွဲများ

0
107

လေ့လာမှုတစ်ခုအရ ကျွန်တော်တို့မှာ ကိုယ့်ထက် အဆင့်အတန်းမြင့်တယ်လို့ ခံစားရသူတွေရဲ့ အခြေအနေကို ဂရုစိုက်တတ်တဲ့ social tendency တစ်ခုရှိကြပါတယ်။ ဥပမာ- နာမည်ကြီးဆယ်လီတွေရဲ့ အကြောင်းတွေ၊ သူတို့ရဲ့ အချစ်ရေးသတင်းတွေနှင့် ပတ်သတ်လာတဲ့အခါ ဖြစ်ပါတယ်။ ယခုလို ဆိုရှယ်မီဒီယာတွေ ခေတ်မစားခင် ၉၀ ပြည့်နှစ်ဝန်းကျင်လောက်က တီဗီ၊ မဂ္ဂဇင်းနှင့် ဓါတ်ပုံတွေမှတဆင့် ကျော်ကြားသူတွေရဲ့ နေထိုင်မှုနှင့် ပတ်သတ်ပြီး လက်လှမ်းမီမှုများစွာ ရရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ဘဝနေထိုင်မှုနှင့် သူတို့ရဲ့ အချစ်ရေးကို လေးစားအားကျခဲ့ရတာတွေလည်း ရှိခဲ့ကြပါတယ်။

-Advertisement-

ယခုဖော်ပြပေးမှာကတော့ ၉၀ပြည့်နှစ်ဝန်းကျင်လောက်က နာမည်ကြီးခဲ့ပြီး လူအများစု အားကျခဲ့ကြတဲ့ နိုင်ငံတကာ ဆယ်လီစုံတွဲတွေပါ။

၁။ Kate Moss နှင့် Johnny Depp

ကိတ်နှင့် ဂျော်နီတို့ဟာ လေးနှစ်ကြာအောင် တွဲခဲ့ကြပါတယ်။ သတင်းများအရ ဂျော်နီရဲ့ စိတ်အပြောင်းအလဲကြောင့် သူတို့လမ်းခွဲခဲ့ကြပါတယ်။

၂။ Brad Pitt နှင့် Gwyneth Paltrow

ဘရက်ဟာ Gwyneth ကိုပရိုပို့စ် လုပ်ခဲ့ပြီး ၂နှစ်ကြာအောင် တွဲခဲ့ပေမယ့် ၆လအကြာမှာ လမ်းခွဲခဲ့ကြပါတယ်။ သူတို့ တွဲနေတဲ့ အချိန်အတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက်အရူးအမှုးဖြစ်ခဲ့ကြပြီး ဆံပင်ညှပ်တာတောင် ပုံစံတူညှပ်ခဲ့ပါတယ်။

၃။ Justin Timberlake နှင့် Britney Spears

ထိုစုံတွဲဟာ ၁၉၉၈ခုနှစ် ဝန်းကျင်လောက်က စတွဲခဲ့ကြပြီး သူတို့နှစ်ယောက်ဟာ အတူတူ ကမ္ဘာပတ်ခဲ့ကြပါတယ်။ ၂၀၀၂ခုနှစ်မှာ လမ်းခွဲခဲ့ကြပြီး Timberlake ဟာ နာမည်ကြီးသီချင်းဖြစ်တဲ့ Cry Me a River ကို ရေးသားခဲ့ပါတယ်။ အဲဒီသီချင်းက Britney Spears ရဲ့အကြောင်းပါ။

၄။ Luke Wilson နှင့် Drew Barrymore

ဒရူးနှင့် လုကာတို့ဟာ ၁၉၉၇ခုနှစ်တွင် Home Fries ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးပြီးနောက်မှာ စတွဲခဲ့ကြပါတယ်။ သူတို့ဟာ ၂နှစ်ကြာအောင် တွဲခဲ့သော်လည်း ချာလီရဲ့ အိန်ဂျယ်ကို မရိုက်ကူးမီမှာ လမ်းခွဲခဲ့ကြပါတယ်,။ သူတို့နှစ်ယောက်ဟာ ချာလီရဲ့ အိန်ဂျယ်မှာ သရုပ်ဆောင်ခဲ့ကြပေမယ့် အချစ်ကို စိတ်မဝင်စားခဲ့ကြပါဘူး။

၅။ Pamela Anderson နှင့် Tommy Lee

သူတို့နှစ်ယောက်ဟာ လက်ထပ်ပြီး ၃နှစ်လောက်မှာ ကွာရှင်းခဲ့ကြပါတယ်။ သူတို့မကွာရှင်းခင်က သားသမီး ၂ယောက်ရရှိခဲ့ပါတယ်။ သူတို့ဟာ L.A ရဲ့ အကျော်ကြားဆုံး စုံတွဲများ ဖြစ်ကြသော်လည်း သူတို့အိမ်ထောင်ရေးဟာ အရှုပ်တော်ပုံများနှင့် ပြည့်နှက်နေပါတယ်။

၆။ Whitney Houston နှင့် Bobby Brown

ဟူစတန်ဟာ ထိုအချိန်က လက်ထပ်ဖို့ အစီအစဉ် မရှိတာကြောင့် ဘော်ဘီရဲ့ ပထမဆုံးပရိုပိုဆယ်ကို ငြင်းပယ်ခဲ့ပါတယ်။ သို့သော် ၁၉၉၂ ခုနှစ်မှာ ၂ယောက်သား လက်ထပ်ခဲ့ကြပြီး သူတို့အိမ်ထောင်ရေးဟာ ၁၄နှစ်ကြာခဲ့ပါတယ်။

၇။ Bruce Willis နှင့် Demi Moore

သူတို့ဟာ ၉၀ပြည့်နှစ်လုံး တွဲခဲ့ကြပြီး ၂၀၀၀ပြည့်နှစ် မကွာရှင်းခင်မှာ ကလေး ၃ယောက် ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ဘရုစ်ဟာ ၂၀၀၅ခုနှစ်မှာ Ashton Kutcher နှင့် ဒယ်မီရဲ့ မင်္ဂလာပွဲကိုတောင် တတ်ရောက်ခဲ့ပါတယ်။

၈။ Nicole Kidman နှင့် Tom Cruise

နီကိုးလ်ကစ်မန်ရဲ့ အဆိုအရ ၉၀ပြည့်နှစ်မှာ တွမ်နှင့် လက်ထပ်ခြင်းက သူမကို ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး မကောင်းသတင်းဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ ကာကွယ်ပေးခဲ့တာလို့ ဆိုပါတယ်။

၉။ Joaquin Phoenix နှင့် Liv Tyler

သူတို့ဟာ ၁၉၉၈မှာ လမ်းခွဲခဲ့ကြပေမယ့် တကယ့်သူငယ်ချင်းကောင်းတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ Elle အတွက် ၂၀၁၅ အင်တာဗျူးတစ်ခုအရ Liv ဟာ Joaquin ကို မိသားစုလို မှတ်ယူထားဆဲလို့ ဆိုပါတယ်။

၁၀။ Michael Jackson နှင့် Lisa Marie Presley

သူတို့ စုံတွဲဟာ ခွဲလို့မရတဲ့ စုံတွဲတွေ ဖြစ်ခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ၉၀ခုနှစ်တွင် ကောင်လေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုနှင့် စွပ်စွဲခံရတဲ့အချိန်မှာ လီဆာဟာ မိုက်ကယ်ရဲ့ ဘက်မှာ နေခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside



Zawgyi

၉၀ျပည့္ႏွစ္ဝန္းက်င္ေလာက္က လူအမ်ားစု အားက်ခဲ့ရတဲ့ အထင္ကရ စုံတြဲမ်ား
ေလ့လာမႈတစ္ခုအရ ကြၽန္ေတာ္တို႔မွာ ကိုယ့္ထက္ အဆင့္အတန္းျမင့္တယ္လို႔ ခံစားရသူေတြရဲ႕ အေျခအေနကို ဂ႐ုစိုက္တတ္တဲ့ social tendency တစ္ခုရွိၾကပါတယ္။ ဥပမာ- နာမည္ႀကီးဆယ္လီေတြရဲ႕ အေၾကာင္းေတြ၊ သူတို႔ရဲ႕ အခ်စ္ေရးသတင္းေတြႏွင့္ ပတ္သတ္လာတဲ့အခါ ျဖစ္ပါတယ္။ ယခုလို ဆိုရွယ္မီဒီယာေတြ ေခတ္မစားခင္ ၉၀ ျပည့္ႏွစ္ဝန္းက်င္ေလာက္က တီဗီ၊ မဂၢဇင္းႏွင့္ ဓါတ္ပုံေတြမွတဆင့္ ေက်ာ္ၾကားသူေတြရဲ႕ ေနထိုင္မႈႏွင့္ ပတ္သတ္ၿပီး လက္လွမ္းမီမႈမ်ားစြာ ရရွိခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ဘဝေနထိုင္မႈႏွင့္ သူတို႔ရဲ႕ အခ်စ္ေရးကို ေလးစားအားက်ခဲ့ရတာေတြလည္း ရွိခဲ့ၾကပါတယ္။

ယခုေဖာ္ျပေပးမွာကေတာ့ ၉၀ျပည့္ႏွစ္ဝန္းက်င္ေလာက္က နာမည္ႀကီးခဲ့ၿပီး လူအမ်ားစု အားက်ခဲ့ၾကတဲ့ ႏိုင္ငံတကာ ဆယ္လီစုံတြဲေတြပါ။

၁။ Kate Moss ႏွင့္ Johnny Depp

ကိတ္ႏွင့္ ေဂ်ာ္နီတို႔ဟာ ေလးႏွစ္ၾကာေအာင္ တြဲခဲ့ၾကပါတယ္။ သတင္းမ်ားအရ ေဂ်ာ္နီရဲ႕ စိတ္အေျပာင္းအလဲေၾကာင့္ သူတို႔လမ္းခြဲခဲ့ၾကပါတယ္။

၂။ Brad Pitt ႏွင့္ Gwyneth Paltrow

ဘရက္ဟာ Gwyneth ကိုပ႐ိုပို႔စ္ လုပ္ခဲ့ၿပီး ၂ႏွစ္ၾကာေအာင္ တြဲခဲ့ေပမယ့္ ၆လအၾကာမွာ လမ္းခြဲခဲ့ၾကပါတယ္။ သူတို႔ တြဲေနတဲ့ အခ်ိန္အတြင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္အ႐ူးအမႈးျဖစ္ခဲ့ၾကၿပီး ဆံပင္ညႇပ္တာေတာင္ ပုံစံတူညႇပ္ခဲ့ပါတယ္။

၃။ Justin Timberlake ႏွင့္ Britney Spears

ထိုစုံတြဲဟာ ၁၉၉၈ခုႏွစ္ ဝန္းက်င္ေလာက္က စတြဲခဲ့ၾကၿပီး သူတို႔ႏွစ္ေယာက္ဟာ အတူတူ ကမာၻပတ္ခဲ့ၾကပါတယ္။ ၂၀၀၂ခုႏွစ္မွာ လမ္းခြဲခဲ့ၾကၿပီး Timberlake ဟာ နာမည္ႀကီးသီခ်င္းျဖစ္တဲ့ Cry Me a River ကို ေရးသားခဲ့ပါတယ္။ အဲဒီသီခ်င္းက Britney Spears ရဲ႕အေၾကာင္းပါ။

၄။ Luke Wilson ႏွင့္ Drew Barrymore

ဒ႐ူးႏွင့္ လုကာတို႔ဟာ ၁၉၉၇ခုႏွစ္တြင္ Home Fries ဆိုတဲ့ ဇာတ္ကားကို ႐ိုက္ကူးၿပီးေနာက္မွာ စတြဲခဲ့ၾကပါတယ္။ သူတို႔ဟာ ၂ႏွစ္ၾကာေအာင္ တြဲခဲ့ေသာ္လည္း ခ်ာလီရဲ႕ အိန္ဂ်ယ္ကို မ႐ိုက္ကူးမီမွာ လမ္းခြဲခဲ့ၾကပါတယ္,။ သူတို႔ႏွစ္ေယာက္ဟာ ခ်ာလီရဲ႕ အိန္ဂ်ယ္မွာ သ႐ုပ္ေဆာင္ခဲ့ၾကေပမယ့္ အခ်စ္ကို စိတ္မဝင္စားခဲ့ၾကပါဘူး။

၅။ Pamela Anderson ႏွင့္ Tommy Lee

သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ၿပီး ၃ႏွစ္ေလာက္မွာ ကြာရွင္းခဲ့ၾကပါတယ္။ သူတို႔မကြာရွင္းခင္က သားသမီး ၂ေယာက္ရရွိခဲ့ပါတယ္။ သူတို႔ဟာ L.A ရဲ႕ အေက်ာ္ၾကားဆုံး စုံတြဲမ်ား ျဖစ္ၾကေသာ္လည္း သူတို႔အိမ္ေထာင္ေရးဟာ အရႈပ္ေတာ္ပုံမ်ားႏွင့္ ျပည့္ႏွက္ေနပါတယ္။

၆။ Whitney Houston ႏွင့္ Bobby Brown

ဟူစတန္ဟာ ထိုအခ်ိန္က လက္ထပ္ဖို႔ အစီအစဥ္ မရွိတာေၾကာင့္ ေဘာ္ဘီရဲ႕ ပထမဆုံးပ႐ိုပိုဆယ္ကို ျငင္းပယ္ခဲ့ပါတယ္။ သို႔ေသာ္ ၁၉၉၂ ခုႏွစ္မွာ ၂ေယာက္သား လက္ထပ္ခဲ့ၾကၿပီး သူတို႔အိမ္ေထာင္ေရးဟာ ၁၄ႏွစ္ၾကာခဲ့ပါတယ္။

၇။ Bruce Willis ႏွင့္ Demi Moore

သူတို႔ဟာ ၉၀ျပည့္ႏွစ္လုံး တြဲခဲ့ၾကၿပီး ၂၀၀၀ျပည့္ႏွစ္ မကြာရွင္းခင္မွာ ကေလး ၃ေယာက္ ရွိခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အရမ္းရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကၿပီး ဘ႐ုစ္ဟာ ၂၀၀၅ခုႏွစ္မွာ Ashton Kutcher ႏွင့္ ဒယ္မီရဲ႕ မဂၤလာပြဲကိုေတာင္ တတ္ေရာက္ခဲ့ပါတယ္။

၈။ Nicole Kidman ႏွင့္ Tom Cruise

နီကိုးလ္ကစ္မန္ရဲ႕ အဆိုအရ ၉၀ျပည့္ႏွစ္မွာ တြမ္ႏွင့္ လက္ထပ္ျခင္းက သူမကို ေဟာလိဝုဒ္ရဲ႕ အႀကီးမားဆုံး မေကာင္းသတင္းျဖစ္တဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကေန ကာကြယ္ေပးခဲ့တာလို႔ ဆိုပါတယ္။

၉။ Joaquin Phoenix ႏွင့္ Liv Tyler

သူတို႔ဟာ ၁၉၉၈မွာ လမ္းခြဲခဲ့ၾကေပမယ့္ တကယ့္သူငယ္ခ်င္းေကာင္းေတြအျဖစ္ က်န္ရစ္ခဲ့ပါတယ္။ Elle အတြက္ ၂၀၁၅ အင္တာဗ်ဴးတစ္ခုအရ Liv ဟာ Joaquin ကို မိသားစုလို မွတ္ယူထားဆဲလို႔ ဆိုပါတယ္။

၁၀။ Michael Jackson ႏွင့္ Lisa Marie Presley

သူတို႔ စုံတြဲဟာ ခြဲလို႔မရတဲ့ စုံတြဲေတြ ျဖစ္ခဲ့ပါတယ္။ မိုက္ကယ္ဂ်က္ဆင္ဟာ ၉၀ခုႏွစ္တြင္ ေကာင္ေလးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳမႈႏွင့္ စြပ္စြဲခံရတဲ့အခ်ိန္မွာ လီဆာဟာ မိုက္ကယ္ရဲ႕ ဘက္မွာ ေနခဲ့ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside



LEAVE A REPLY

Please enter your comment!
Please enter your name here