Home Family ၆လသားအရွယ် ကလေးတွေအတွက် အစားအစာဇယားနှင့် ချက်ပြုတ်နည်း

၆လသားအရွယ် ကလေးတွေအတွက် အစားအစာဇယားနှင့် ချက်ပြုတ်နည်း

0
1

မေမေတို့ရဲ့ကလေးဟာ အသက် ၆လပြည့်ပြီဆိုရင် solid food(ဖြည့်စွက်စာ) ကျွေးလို့ရပါပြီနော်။ ကလေးအထူးကုဆိုင်ရာ အမေရိကန်အကယ်ဒမီ (APP)ရဲ့အဆိုအရ ၆လသားအရွယ်ကို မိခင်နို့နှင့် ဖြည့်စွက်စာ တွေကို ပေါင်းစပ်ကျွေးသင့်တယ်လို့ ဆိုပါတယ်။ မိခင်နို့တိုက်ကျွေးတာဟာ ကလေးရဲ့ အသက်(၆) လအတွက် အကောင်းဆုံး အာဟာရဖြစ်ပြီး ဖြည့်စွက်စာတွေရဲ့ အာဟာရကိုလည်း အပြည့်အဝ ရရှိစေနိုင်တာကြောင့် မိခင်နို့နဲ့ ဖြည့်စွက်စာကို တစ်ပြိုင်တည်း ကျွေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

ဒါ့ကြောင့် မေမေတို့ရဲ့ကလေးလေး အသက် ၆လပြည့်သွားပြီဆိုရင် ကျွေးနိုင်တဲ့ အစားအစာတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
ကလေးတစ်ယောက်ကို ကမ်းလှမ်းရမယ့် ပထမဆုံးအစားအစာတွေကို အဆင့် ၁ ကလေးအစားအစာ လို့ခေါ်ပါတယ်။ သူတို့ဟာ အနှစ်တိုက်ထားတဲ့ အစားအစာဖြစ်ရပြီး ကလေးသေးသေးလေးအတွက် အစာကြေလွယ်တဲ့ အစားအစာဖြစ်ရပါမယ်။ ဓါတ်တည့်တဲ့ အစားအစာတွေလည်း ဖြစ်ရပါမယ်။
ဒါပေမယ့် သင့်ကလေးသေးသေးလေးကို ဘယ်အစားအစာအသစ်ကိုမှ မိတ်မဆက်ခင်မှာ ကလေးအထူးကုဆီက အကြံဥာဏ်ရယူပေးပါ။
၆လသားကလေးတစ်ယောက်အတွက် အကောင်းဆုံးအစားအစာတချို့ကို အောက်မှာဖော်ပြပေးထားပါတယ်နော်။

၁။ နို့

မိခင်နို့က အသက် ၁နှစ်အထိ ကလေးတွေအတွက် အာဟာရရဲ့အရင်းအမြစ်ဖြစ်တာကြောင့် ဆက်လက် တိုက်ကျွေး ရပါမယ်။ မိခင်နို့ကို ၂နာရီမှ သုံးနာရီတိုင်း သို့မဟုတ် ကလေးလိုအပ်တိုင်း တိုက်ပေးရပါမယ်။ ဖော်မြူလာနို့မှုန့်တိုက်နေတယ်ဆိုရင် နေ့စဉ်နေ့တိုင်း ဖော်မြူလာနို့ ၂၄-၃၇ အောင်စ တိုက်ရပါမယ်။

၂။ အဆင့် ၁ အသီးအနှံ

ပန်းသီး၊ ထောပတ်သီး၊ ဘင်္ဂလားဆီးသီး၊ ငှက်ပျောသီး၊ သရက်သီး၊ မက်မွန်သီး ၊သင်္ဘောသီး၊ သစ်တော်သီး၊ ဇီးသီး၊ ရွှေဖရုံသီး၊ ကီဝီသီးပျော့ဖက်လေးတွေက ကလေးတစ်ယောက်အတွက် ပထမဆုံးအစားအစာများ ဖြစ်ပါတယ်။

၃။ အဆင့် ၁ ဟင်းသီးဟင်းရွက်

ပဲတောင့်ရှည်မျိုး(အစိမ်းရောင်)၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ စားတော်ပဲ နှင့်အာလူး ကဲ့သို့သော ဟင်းသီးဟင်းရွက်များကို ထောင်းပြီးဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ ကျွေးရင် အစာကြေနိုင်ပါတယ်။

၎။ ရေ
ရေအေး သို့မဟုတ် ရေချက်အေးကို တစ်နေ့ကို အနည်းဆုံး သုံးကြိမ် သင့်ကလေးကို တိုက်ပါ။

၅။ စီရီရယ်နှင့် ပဲမျိုးစုံ
ဆန်၊ မုယောစပါး၊ Oatsနှင့် ပဲနီကလေးက ကလေးတွေ ကြီးထွားလာဖို့ သတ္တုဓါတ်များနှင့် ပရိုတိန်းကဲ့သို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရများ ပေးစွမ်းပါတယ်။

၆။ အသား
ကလေးရဲ့အစားအစာထဲမှာ မာကျူရီနည်းတဲ့ ငါး၊ ကြက်/ဘဲ စွပ်ပြုတ်နှင့် အနှစ်လုပ်ပြီး ထည့်ကျွေးနိုင်ပါတယ်။ ဒီအစားအစာတွေကျွေးရင် အရိုးတွေကို ဖယ်ရှားဖို့ မမေ့ပါနဲ့။

ကလေးကို ဘယ်အချိန်မှာ ဘယ်အစားအစာ ကျွေးရမယ်ဆိုတာ ရှုပ်ထွေးနေပါလား? မေမေတို့အတွက် လွယ်ကူသွားအောင် ကလေးရဲ့ အစာစားချိန်ဇယားကို ဖော်ပြပေးမယ်နော်။

၆လသားကလေးအတွက် အစားအစာဇယား

ကိုးကားနိုင်ဖို့အတွက်သာ ဒီဇယားလေး ဖော်ပြပေးထားတာပါ။ ဒီဇယားအတိုင်း ကျွေးရမယ်လို့ မဆိုလိုပါဘူးနော်။ မေမေတို့ကလည်း အဆင်ပြေ၊ ကလေးကလည်း လက်ခံနိုင်မှာသာ နို့နဲ့ ဖြည့်စွက် အစားအစာကို ကျွေးပါ။
ဘယ်အချိန်မှာမဆို မေမေတို့ရဲ့ကလေးလေး အစာစားချင်စိတ် ဖြစ်ပေါ်အောင် အစားအစာကို အရသာရှိအောင် ပြုလုပ်ပေးပါ။
မေမေတို့ရဲ့ ၆လသားကလေးအတွက် ကလေးအစားအစာ ပြုလုပ်နည်းလေးတွေကိုပါ မျှဝေပေးမယ်နော်။

၁။ Apple sauce

လိုအပ်တာကတော့ ပန်းသီး ၁လုံး( အခွံနွှာ၊ အခြမ်းလေးတွေ လှီးထားပါ)၊ ရေ (၂)ခွက် ဖြစ်ပါတယ်။
ပန်းသီးစိတ်လေးတွေကို ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပြုတ်ပါ။ အခြမ်းလေးတွေက ရေထဲမှာ မြုပ်နေဖို့ လိုပါတယ်။ ပြီးတာနဲ့ ပန်းသီးခြမ်းလေးတွေကို ကြိတ်ချေပါ။ လိုအပ်ရင် ရေအနည်းငယ်ထည့်ပါ။

၂။ ငှက်ပျောသီး အနှစ်

လိုအပ်တာကတော့ ငှက်ပျောသီးမှည့် ၁လုံး( အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ)။ ပန်းကန်လုံးတစ်လုံးထဲကို ငှက်ပျောသီးကို ကြိတ်ချေပြီး သို့မဟုတ် blender နှင့်မွှေပြီးထည့်ပါ။ ကြိတ်ချေထားတဲ့ ငှက်ပျောသီးကို နူးအိသွားစေဖို့ ၂၅စက္ကန့်လောက် အပူပေးပါ။ နည်းနည်းကျဲကျဲလေးလိုချင်ရင် နို့ သို့မဟုတ် ရေထည့်ပါ။ ခပ်ပျစ်ပျစ်လိုချင်ရင်တော့ စီရီရယ်ထည့်ပါ။

၃။ သရက်သီး အနှစ်

လိုအပ်တာကတော့ သရက်သီးမှည့်တစ်လုံး( အခွံနွာ၊ အစေ့ထုတ်ပြီး အတုံးလေးတွေ တုံးထားပါ)။ သရက်သီးတုံးလေးတွေကို အသီးဖျော်စက်ထဲမှာ မွှေပါ။ အရမ်းပျစ်သွားရင် မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့ ထည့်ပါ။

နေ့လည်စာ ချက်ပြုတ်နည်း
၅။ Rice Cereal

လိုအပ်တာကတော့ ဆန်ခွက်နဲ့ ၄ပုံ ၁ပုံ၊ ရေ ၁ခွက်၊ မိခင်နို့ သို့မဟုတ် ဖော်မြူလာ စားပွဲတင်ဇွန်း၂ဇွန်း။ ဆန်ကိုဆေးပြီး ပေါင်းအိုး သို့မဟုတ် အိုးတစ်ခုထဲမှာ ချက်ပါ။ ချက်ထားတဲ့ထမင်းကို အနှစ်လုပ်ပြီး မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့ ထည့်ပါ။

၆။ မုန်လာဥနီအနှစ်

လိုအပ်တာကတော့ မုန်လာဥနီ ၁လုံး( အခွံနွှာပြီး လှီးထားပါ)။ မုန်လာဥနီခြမ်းလေးတွေကို ရေထည့်ထားတဲ့ steamer pan (ဇကာခံထားတဲ့ ပေါင်းအိုး) ထဲကို ထည့်ပါ။ မုန်လာဥနီတွေ နူးအိသွားတဲ့အထိ ပေါင်းပါ။ ပေါင်းပြီးရင် blender တစ်ခုထဲကို ထည့်ပြီး အနှစ်ပြုလုပ်ပါ။ လိုအပ်ပါက ရေအနည်းငယ်ထည့်ပါ။

၆လသားကလေးကို ဘယ်လောက်များများ ကျွေးသင့်လဲ?
၅-၁၀ မီလီ သို့မဟုတ် လက်ဖက်ရည်ဇွန်း ၁ဇွန်း စကျွေးပါ။ တဖြည်းဖြည်းနဲ့ ပမာဏကို တိုးမြှင့်ပေးပါ။ ကလေးက အစပိုင်းမှာ ဇွန်းတစ်ဝက်လောက်သာ စားပါလိမ့်မယ်။ အတင်းမကျွေးပါနဲ့။ ဒါ့အပြင် ဖြည့်စွက်အစားအစာကို ကျွေးတဲ့အခါ ကလေးနင်တာတွေ ဖြစ်တတ်တာကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။ ဖြည့်စွက် အစားအစာကျွေးတဲ့အခါ ကလေးကို မထိခိုက်အောင် ဂရုစိုက်ပါ။

အဆင့် ၁ ကလေးအစားအစာကို ပြင်ဆင်နေစဉ်မှာ သတိပြုရန်

  • တစ်နှစ်အောက်ကလေးတွေကို နွားနို့ မတိုက်ပါနဲ့။ ဒါ့အပြင် ပျားရည်က botulism ကိုဖြစ်ပေါ်စေတဲ့ ပန်းဝတ်မှုန်တွေ ပါဝင်တာကြောင့် ပျားရည်ကိုလည်း ရှောင်ကြဉ်ပါ။ – ၆လသားကလေးကို သစ်သီးတွေ ၊ တခြားလက်နဲ့ကိုင်စားလို့ ရမယ့်အစားအစာတွေက လည်ချောင်းမှာ နင်စေနိုင်တာကြောင့် အစိတ်လိုက် မပေးပါနဲ့။ တစ်ကြိမ်မှာ သစ်သီးတစ်မျိုးကိုသာ မိတ်ဆက်ပါ။ ဓါတ်တည့်လား၊ မတည့်လားဆိုတာ စစ်ဆေးပါ။ အစားအစာအသစ် မိတ်ဆတ်ပေးမယ်ဆိုရင် တစ်ခုနဲ့ တစ်ခု ၄ရက်ခြားပေးပါ။
  • တိတ်ဆိတ်ပြီး အေးဆေးတဲ့ ပတ်ဝန်းကျင်မှာ သင့်ကလေးကို ကျွေးပါ။
  • ကလေးအစားအစာကို စတီး သို့မဟုတ် ဖန်ပန်းကန်ထဲမှာ ပြင်ဆင်ပါ။ ပလတ်စတစ်ပန်းကန်တွေ မသုံးပါနဲ။ ရေတိုက်ရင်တောင် စတီးခွက်တို့ ဖန်ခွက်တို့ သုံးပေးပါ။
  • ကလေးကို သကြားတွေ၊ ကြာရှည်ခံတွေ ထည့်ထားတဲ့ ဘီစကစ်တွေ ကျွေးတာရှောင်ပါ။
  • ကလေးကို အစာမကျွေးခင်မှာ သင့်လက်ကို ဆေးကြောပါ။
  • သင့်ကလေးကို ကျန်းမာတဲ့ အစားအစာများနှင့် မိတ်ဆက်ပါ။ စီရီရယ်များ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကဲ့သို့သော အစာကြေလွယ်တဲ့ အစားအစာများနှင့် စတင်ပါ။
  • သူတို့ စားနေချိန်မှာ ကလေးသီချင်းလေးတွေ၊ သီချင်းအေးအေးလေးတွေ ဖွင့်ပေးထားနိုင်ပါတယ်နော်။

Chit_MayMay

LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here