၅ႏွစ္အရြယ္တည္းက မိဘနဲ႔ကြဲသြားၿပီး ၂၅ႏွစ္ၾကာမွ မိခင္ကို Google Earth ကရွာေဖြေတြ႕ရွိသူ

0
256
Google Earth
Google Earth

၁၉၆၈ခုႏွစ္ေလာက္က Saroo ဆိုတဲ့ ၅ႏွစ္အရြယ္ေကာင္ေလးဟာ ရထားေပၚမွာ အလုပ္လုပ္ေနတဲ့ အသက္ ၉ႏွစ္အရြယ္အစ္ကိုျဖစ္သူနဲ႔ လိုက္သြားရင္ အကိုျဖစ္သူနဲ႔ ကြဲသြားခဲ့ပါတယ္။ Saroo ဟာ ညေန မိုးခ်ဳပ္ခါနီးအခ်ိန္မွာ အိပ္ေပ်ာ္သြားၿပီး Burhanpur ဘူတာမွာ အကိုျဖစ္သူနဲ႔ စၿပီးကြဲသြားခဲ့တာပဲျဖစ္ပါတယ္။ Saroo ဟာ အိႏၵိယအလယ္ပိုင္း ဆင္းရဲတဲ့ ရပ္ကြက္မွာေနထိုင္ၿပီး အတန္းပညာလည္း မတတ္ေသးပါဘူး။ ဒီလိုနဲ႔ သူတို႔ေနထိုင္တဲ့ ေနရပ္ကေန ပိုင္းေပါင္းေထာင္ခ်ီတဲ့ ကာလကတၱားၿမိဳ႕ကို ေရာက္ရွိသြားခဲ့ပါတယ္။ Saroo ရဲ႕ စိတ္ထင္ သူ႔အကိုျဖစ္သူက ဘူတာကေနဆင္းရင္ သူ႔ကိုလာႏိႈးမွာပဲလို႔ ထင္ေနၿပီး စိတ္ေအးလက္ေအးနဲ႔ အိပ္ေနခဲ့တာပါ။ ဒါေပမဲ့ သူထင္ထားသလိုျဖစ္မလာခဲ့ပါဘူး။

ကာလကတၱားၿမိဳ႕ကို ေရာက္တဲ့အခါ အဲ့ဒီကလူေတြေျပာတဲ့ ဘဂၤါလီစကားကိုလည္း မေျပာတတ္၊ သူေနတဲ့ ဇာတိၿမိဳ႕နာမည္လည္း မသိျဖစ္ေနတဲ့အခါ မိသားစုဆီျပန္လာဖို႔ ဘယ္သူမွ မကူညီႏိုင္ေတာ့ပါဘူး။ အသက္အရြယ္ကလည္း ငယ္တဲ့အျပင္ မိဘနဲ႔ေဝးၿပီး ဘယ္ေရာက္လို႔၊ ဘယ္ေပါက္မွန္းမသိတဲ့အခါ Saroo တစ္ေယာက္ အရမ္းကိုေၾကာက္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လမ္းေပၚမွာေန၊ လမ္းေပၚမွာစားဘဝနဲ႔ အသက္ရွင္ေနတုန္း Sue နဲ႔ John Brierley ၾသစေၾတးလ်စုံတြဲ တစ္တြဲက ေမြးစားဖို႔ မိဘမဲ့ေဂဟာကို ေခၚေဆာင္သြားခဲ့ပါတယ္။ အိမ္အျပန္လမ္းကို မရွာေဖြႏိုင္တဲ့ Saroo ဟာ ၾသစေၾတးလ် တက္စေမးနီးယားကၽြန္မွာ သူ႔ရဲ႕ ဘဝကို အသစ္ျပန္စခဲ့ရပါတယ္။ ဒီလိုနဲ႔ အသက္ ၂၅ႏွစ္ေရာက္တဲ့အခါ ၾသစေၾတးလ်မွာေနရတာ ေနသားက်လာေပမဲ့ အိႏၵိယမွာရွိတဲ့ ဇာတိေျမကိုျပန္ဖို႔ကိုေတာ့ ဘယ္ေတာ့မွ မေမ့ပါဘူး။

သူဟာ မိသားစုကို ျပန္ရွာေဖြလိုခ်င္တဲ့ စိတ္ေၾကာင့္ အားတဲ့အခ်ိန္တိုင္းမွာ Google Earth ကို သုံးၿပီး Search box မွာ စိတ္ကူးေပၚရင္ ေပၚသလို မိသားစုကိုရွာႏိုင္တဲ့ အခ်က္အလက္ေလးေတြ႐ုိက္ၿပီး ရွာေဖြတတ္ပါတယ္။ ငယ္စဥ္က အစ္ကိုျဖစ္သူနဲ႔ ေျပာထားဆိုထားတဲ့ စကား တစ္စြန္းတစ္စေလးေတြ၊ သက္ဆိုင္မဲ့အရာေလးေတြကို ျပန္ျပန္စဥ္းစားၿပီး စိတ္ကူးေပၚရင္ ေပၚသလို Google earth မွာရွာေဖြတတ္ပါတယ္။ အိႏၵိယရထားရဲ႕ အျမန္ႏႈန္းေတြ၊ သူရထားေပၚမွာ ပါလာတဲ့အခ်ိန္ေတြကို မွန္းဆၿပီး ကီလိုမိုင္ဘယ္ေလာက္ေဝးေဝးကို ေရာက္လာတယ္ဆိုတာ တြက္ခ်က္ခဲ့ပါတယ္။ သူ ရထားေပၚမွာ ပါလာတဲ့အခ်ိန္ကို ၁၄နာရီေလာက္ရွိမယ္လို႔ ခန္႔မွန္းၿပီး ရထားသြားတဲ့ႏႈန္းနဲ႔ တြက္ၾကည့္လိုက္တဲ့အခါမွာေတာ့ ကီလိုမိုင္ ၁၂၀၀ ေလာက္ေဝးတဲ့ဆိုတာ ခန္႔မွန္း မိခဲ့ပါတယ္။ အဲ့ဒီေနာက္ လက္ရွိသူေနတဲ့ေနရာနဲ႔ ကီလိုမိုင္ ၁၂၀၀ ေလာက္ေဝးတဲ့ေနရာေတြကို Google earth မွာရွာေဖြၾကည့္တဲ့အခါမွာေတာ့ ငယ္ငယ္က ေနခဲ့တဲ့ ဘူတာ႐ုံမွတ္တိုင္က စာေလးေတြ၊ သူေဆာ့ကစားခဲ့တဲ့ ေရတံခြန္လမ္းေလးေတြကို ျပန္ၿပီး မွတ္မိခဲ့ပါတယ္။

အဲ့ဒီေနာက္ ၂၀၁၂ခုႏွစ္မွာ သူ႔အေမရွိတဲ့ Khandwa ၿမိဳ႕ေလးကို ျပန္လာႏိုင္ခဲ့ၿပီး မိခင္ျဖစ္သူ Fatima Munshi နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ၂၅ႏွစ္ၾကာ ကြဲသြားတဲ့ သားကိုျမင္ေတာ့ သူ႔သားေလး အသက္ရွိေသးတယ္ဆိုတာသိလိုက္ရတဲ့အတြက္ အရမ္းကို ဝမ္းသာ မိပါတယ္။ အခုဆိုရင္ေတာ့ Saroo ဟာ မိသားစုနဲ႔အတူတကြျပန္ေနထိုင္ႏိုင္ေနပါၿပီ။

#Lifestyle_Myanmar

#Thar_Nage

လက္ထက္ဖို႔ ရက္ပိုင္းအလိုမွ တန္းဖိုးမရွိတဲ့ ဂိမ္းစက္တစ္ခုေၾကာင့္ အသက္ဆုံး႐ႈံးသြားတဲ့ သတိုသားေလာင္း

Unicode

၅နှစ်အရွယ်ကတည်းက မိဘနဲ့ကွဲသွားပြီး ၂၅နှစ်ကြာမှ မိခင်ကို Google Earth ကရှာဖွေတွေ့ရှိသူ
၁၉၆၈ခုနှစ်လောက်က Saroo ဆိုတဲ့ ၅နှစ်အရွယ်ကောင်လေးဟာ ရထားပေါ်မှာ အလုပ်လုပ်နေတဲ့ အသက် ၉နှစ်အရွယ်အစ်ကိုဖြစ်သူနဲ့ လိုက်သွားရင် အကိုဖြစ်သူနဲ့ ကွဲသွားခဲ့ပါတယ်။ Saroo ဟာ ညနေ မိုးချုပ်ခါနီးအချိန်မှာ အိပ်ပျော်သွားပြီး Burhanpur ဘူတာမှာ အကိုဖြစ်သူနဲ့ စပြီးကွဲသွားခဲ့တာပဲဖြစ်ပါတယ်။ Saroo ဟာ အိန္ဒိယအလယ်ပိုင်း ဆင်းရဲတဲ့ ရပ်ကွက်မှာနေထိုင်ပြီး အတန်းပညာလည်း မတတ်သေးပါဘူး။ ဒီလိုနဲ့ သူတို့နေထိုင်တဲ့ နေရပ်ကနေ ပိုင်းပေါင်းထောင်ချီတဲ့ ကာလကတ္တားမြို့ကို ရောက်ရှိသွားခဲ့ပါတယ်။ Saroo ရဲ့ စိတ်ထင် သူ့အကိုဖြစ်သူက ဘူတာကနေဆင်းရင် သူ့ကိုလာနှိုးမှာပဲလို့ ထင်နေပြီး စိတ်အေးလက်အေးနဲ့ အိပ်နေခဲ့တာပါ။ ဒါပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။

ကာလကတ္တားမြို့ကို ရောက်တဲ့အခါ အဲ့ဒီကလူတွေပြောတဲ့ ဘင်္ဂါလီစကားကိုလည်း မပြောတတ်၊ သူနေတဲ့ ဇာတိမြို့နာမည်လည်း မသိဖြစ်နေတဲ့အခါ မိသားစုဆီပြန်လာဖို့ ဘယ်သူမှ မကူညီနိုင်တော့ပါဘူး။ အသက်အရွယ်ကလည်း ငယ်တဲ့အပြင် မိဘနဲ့ဝေးပြီး ဘယ်ရောက်လို့၊ ဘယ်ပေါက်မှန်းမသိတဲ့အခါ Saroo တစ်ယောက် အရမ်းကိုကြောက်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာစားဘဝနဲ့ အသက်ရှင်နေတုန်း Sue နဲ့ John Brierley သြစတြေးလျစုံတွဲ တစ်တွဲက မွေးစားဖို့ မိဘမဲ့ဂေဟာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အိမ်အပြန်လမ်းကို မရှာဖွေနိုင်တဲ့ Saroo ဟာ သြစတြေးလျ တက်စမေးနီးယားကျွန်မှာ သူ့ရဲ့ ဘဝကို အသစ်ပြန်စခဲ့ရပါတယ်။ ဒီလိုနဲ့ အသက် ၂၅နှစ်ရောက်တဲ့အခါ သြစတြေးလျမှာနေရတာ နေသားကျလာပေမဲ့ အိန္ဒိယမှာရှိတဲ့ ဇာတိမြေကိုပြန်ဖို့ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။

သူဟာ မိသားစုကို ပြန်ရှာဖွေလိုချင်တဲ့ စိတ်ကြောင့် အားတဲ့အချိန်တိုင်းမှာ Google Earth ကို သုံးပြီး Search box မှာ စိတ်ကူးပေါ်ရင် ပေါ်သလို မိသားစုကိုရှာနိုင်တဲ့ အချက်အလက်လေးတွေရိုက်ပြီး ရှာဖွေတတ်ပါတယ်။ ငယ်စဉ်က အစ်ကိုဖြစ်သူနဲ့ ပြောထားဆိုထားတဲ့ စကား တစ်စွန်းတစ်စလေးတွေ၊ သက်ဆိုင်မဲ့အရာလေးတွေကို ပြန်ပြန်စဉ်းစားပြီး စိတ်ကူးပေါ်ရင် ပေါ်သလို Google earth မှာရှာဖွေတတ်ပါတယ်။ အိန္ဒိယရထားရဲ့ အမြန်နှုန်းတွေ၊ သူရထားပေါ်မှာ ပါလာတဲ့အချိန်တွေကို မှန်းဆပြီး ကီလိုမိုင်ဘယ်လောက်ဝေးဝေးကို ရောက်လာတယ်ဆိုတာ တွက်ချက်ခဲ့ပါတယ်။ သူ ရထားပေါ်မှာ ပါလာတဲ့အချိန်ကို ၁၄နာရီလောက်ရှိမယ်လို့ ခန့်မှန်းပြီး ရထားသွားတဲ့နှုန်းနဲ့ တွက်ကြည့်လိုက်တဲ့အခါမှာတော့ ကီလိုမိုင် ၁၂၀၀ လောက်ဝေးတဲ့ဆိုတာ ခန့်မှန်း မိခဲ့ပါတယ်။ အဲ့ဒီနောက် လက်ရှိသူနေတဲ့နေရာနဲ့ ကီလိုမိုင် ၁၂၀၀ လောက်ဝေးတဲ့နေရာတွေကို Google earth မှာရှာဖွေကြည့်တဲ့အခါမှာတော့ ငယ်ငယ်က နေခဲ့တဲ့ ဘူတာရုံမှတ်တိုင်က စာလေးတွေ၊ သူဆော့ကစားခဲ့တဲ့ ရေတံခွန်လမ်းလေးတွေကို ပြန်ပြီး မှတ်မိခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၂ခုနှစ်မှာ သူ့အမေရှိတဲ့ Khandwa မြို့လေးကို ပြန်လာနိုင်ခဲ့ပြီး မိခင်ဖြစ်သူ Fatima Munshi နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၂၅နှစ်ကြာ ကွဲသွားတဲ့ သားကိုမြင်တော့ သူ့သားလေး အသက်ရှိသေးတယ်ဆိုတာသိလိုက်ရတဲ့အတွက် အရမ်းကို ဝမ်းသာ မိပါတယ်။ အခုဆိုရင်တော့ Saroo ဟာ မိသားစုနဲ့အတူတကွပြန်နေထိုင်နိုင်နေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here