မြင်သူတိုင်းက သင့်ကို ကြွေသွားအောင် စွဲဆောင်မှုပေးမဲ့ OPPO F9 စမတ်ဖုန်းအသစ် မြန်မာပြည်မိုဘိုင်းဈေးကွက်ကို တရားဝင်မိတ်ဆက်ပေးတော့မယ်ဆိုတာ သိပြီးကြပြီလား။
မိုဘိုင်းလောကမှာ ပထမဦးဆုံး တမူထူးခြားဆန်းသစ်တဲ့ Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကို စတင်အသုံးပြုပေးထားတာဖြစ်ပြီး မျက်နှာပြင် ကျယ်ဝန်းပြည့်ဝလာတာနဲ့အမျှ ထိတွေသုံးစွဲမှုအပိုင်းကလဲ အားသာချက်များစွာရှိတာကြောင့် သုံးစွဲသူတိုင်းကြွေဆင်းစေမှာအမှန်ပါပဲ။
OPPO F9 မှာ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်တဲ့ VOOC Flash Charge အမြန်အားသွင်းစနစ်ပါဝင်လာတာကြောင့် သင့်အတွက် ဘက်ထရီအားကုန်တိုင်း ခေါင်းကုတ်စရာမလိုပဲ အကောင်းဆုံးဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။
OPPO F9 မှာ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေအပြင် စိတ်ကူးနဲ့ တစ်ထပ်တည်းကျတဲ့ Portrait ပုံရိပ်တွေကောင်းကောင်းရိုက်နိုင်ဖို့အတွက် Dual Rear Camera စနစ်ကိုပါ တပ်ဆင်ပေးထားပါတယ်။
ဒီဇိုင်းကာလာ ဘာညာအနေအထားအရ အရောင်အသွေးပိုင်းမှာလည်း ပုံမှန်တစ်ရောင်တည်းရွေးချယ်သုံးပြုရတာထက် ခေတ်ဆန်ပြီးဖက်ရှင်ကျလှပစေတဲ့ Gradient Color အရောင်ပြေးဒီဇိုင်းကိုပါ ထပ်မံရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ အမြည်းအစမ်းပဲ ပြောပြတာကြောင့် ပိုပြီးစုံစုံလင်လင်သိချင်ရင်တော့ OPPO Myanmar ရဲ့ တရားဝင်ထုတ်ပြန်ချိန်မှာ စောင့်ကြည့်ပေးပါလို့ ပြောပါရစေ။
#OPPO_Myanmar
#Lifestyle_Myanmar