၅နှစ်အရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့ ကစားစရာများ

0
0

မေမေတို့ရေ..ကလေးတွေအတွက် သူတို့ရဲ့ အသက်အရွယ်အလိုက် သင့်တော်မယ့် ကစားစရာကို မှန်မှန်ကန်ကန် ရွေးချယ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ကစားစရာဆိုလို့ အရေးမကြီးဘူးလို့မထင်ပါနဲ့နော်။ ဒီကစားစရာတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်ဖွံ့ဖြိုးမှုတွေနဲ့ အများကြီးဆက်စပ်နေပါတယ်။ ဖျော်ဖြေမှုနှင့် ပျော်စရာဆိုတာ အထူးသဖြင့် နို့စို့အရွယ်ကစပြီး ကလေးတွေရဲ့ ကျန်းမာစွာ ဖွံ့ဖြိုး၊ ကြီးထွားမှုအတွက် အရေးပါပါတယ်။ ကလေးတွေဟာ ကျန်းမာတဲ့ နည်းလမ်းတစ်ခုမှာ သူတို့ကြိုက်နှစ်သက်တဲ့ အရုပ်တွေကို မျှဝေဖို့ သင်ယူမှုနှင့် ပျော်စရာရရှိဖို့ လိုအပ်ပါတယ်။

ကစားခြင်းကနေ သူတို့ရဲ့ ဘဝမှာ အတွေ့အကြုံအသစ်တွေ၊ ပျော်စရာတွေ၊ ကျွမ်းကျင်မှုနှင့် စိတ်လှုပ်ရှားမှုတွေ ရရှိတာကြောင့် ကလေးတွေရဲ့ ဘဝမှာ အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ ၅နှစ်အရွယ်အတွက် ကစားစရာတွေက လူမှုရေးနှင့် ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ မှတ်ဉာဏ်ပိုကောင်းမှု ရှိစေတဲ့ အချို့သော ကဏ္ဍများနှင့် ထိတွေ့ဖို့ လိုအပ်ပါတယ်။

၅နှစ်အရွယ် ကလေးတွေအတွက် ကစားစရာများရဲ့ အရေးပါသော ရှုထောင့်များ

ပထမဆုံး ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းဖွံ့ဖြိုးတိုးတတ်စေတဲ့ ကစားစရာတွေ ဖြစ်ဖို့လိုပါတယ်။ ပုံမှန်အားဖြင့် ဒါတွေက ကလေးအဖော်နှင့်အတူ ကစားရတာ ကြိုက်တဲ့ အရုပ်တွေ ဖြစ်လေ့ရှိပါတယ်၊ မေမေတို့က ၅နှစ်အရွယ်ကလေးအတွက် အရုပ်ရွေးတဲ့အခါမှာ ဖျော်ဖြေမှုဖြစ်ရမယ့်အပြင် သင့်ကလေးကို ပညာပေးခြင်းနှင့် သွန်သင်ပေးခြင်းမှာ အကူအညီဖြစ်စေတဲ့ အရုပ်တွေကို ရွေးချယ်သင့်ပါတယ်။ အရုပ်ဝယ်တော့မယ်ဆိုရင် မဝယ်ခင်မှာ အရုပ်ပါကင်ကို အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ တချို့အရုပ်တွေက ကလေးတွေ ကစားဖို့ မသင့်တော်တဲ့ အရုပ်တွေ ဖြစ်လို့ပါပဲ။ (လက်ချောင်းကြွက်သားငယ်လေးတွေ သန်စွမ်း)motor skills ဖွံ့ဖြိုးမှုကို အထောက်အကူပေးတဲ့အရုပ်တွေက ဒီအသက်အရွယ်ကလေးတွေအတွက် ကောင်းမွန်ပါတယ်။

၅နှစ်အသက်အရွယ်အတွက် အကောင်းဆုံးကစားစရာများ

သဘာဝအားဖြင့် ကလေးတွေဟာ သူတို့ရဲ့စကေးကို စမ်းသပ်တဲ့ဂိမ်း၊ သူငယ်ချင်းတွေနှင့် ယှဉ်ပြိုင်ရတဲ့ ကစားနည်းတွေကို ကြိုက်ပါတယ်။ အဖွဲ့လိုက် ကစားရတဲ့ Board games တွေက ဒီအသက်အရွယ် ကလေးတွေအတွက် perfect ဖြစ်ပါတယ်။

အိမ်ပြင်ထွက်ပြီး ကစားနိုင်တဲ့ ဂိမ်းများကလည်း ပိုကောင်းပါတယ်။ ဒီလှုပ်ရှားမှုများက သူတို့ရဲ့ မော်တာစကေးနှင့် လှုမှုရေး ကျွမ်းကျင်မှုကို ဖွံ့ဖြိုးဖို့ ကူညီပေးပါတယ်။
၅နှစ်အရွယ်ကလေးတွေအတွက် ဂိမ်းတွေဟာ ခက်ခဲတဲ့ အဆင့်တချို့ ရှိသင့်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေက အကြံပြုချက် သို့ အမိန့်တွေကို လိုက်နာဖို့နှင့် နားလည်ဖို့ သင်ယူနိုင်တာကြောင့် ဂိမ်းတွေမှာ စည်းမျဉ်းတွေ ရှိရပါမယ်။ တည်ဆောက်ခြင်း၊ ပဟေဠိများနှင့် အခြား didactic gamesများက သူတို့ရဲ့ လက်ချောင်းကြွက်သားငယ်လှုပ်ရှားမှုကို ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးပါတယ်။ ဒီဂိမ်းများက အာရုံစူးစုိက်မှုကို ကောင်းစေတဲ့အပြင် ကျိုးကြောင်းဆင်ခြင်ခြင်းအဆင့် မြင့်မားမှုကို ဖွံ့ဖြိုးစေပါတယ်။

၁။ သုံးဘီး scooter

ဘီးသုံးဘီးနဲ့ scooterတွေက ၅နှစ်အရွယ်အတွက် အထူးကောင်းမွန်တဲ့ ကစားစရာဖြစ်ပါတယ်။ ဒီအသက်အရွယ်မှာ ကလေးတွေဟာ စွမ်းအင်အလျှံပယ်ရှိပါတယ်။ scootersတွေက စွမ်းအင်တွေ လောင်ကျွမ်းဖို့ ကူညီပေးပါတယ်။ ဒီကစားစရာက gross motor skills ကို ဖွံ့ဖြိုးစေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ကလေးတွေမှာ ယုံကြည်မှု ရှိလာပါတယ်။

၂။ ဖန်ဂေါ်လီလုံး

ဖန်ဂေါ်လီလုံးတွေက အစဥ်အဆက် ကစားခဲ့ကြတဲ့ ကစားစရာဖြစ်ပါတယ်။ ဘယ်တော့မှ ရိုးမသွားပါဘူး။ ဆွဲဆောင်မှုရှိတဲ့ အရောင်လေးတွေနဲ့ ဒီဇိုင်းလေးတွေအပြင် ကလေးတွေဟာ ကျောင်းကစားကွင်းမှာ အတန်းဖော်တွေနှင့်အတူ ကစားနိုင်ပါတယ်။ ဒီဂိမ်းက သူတို့ကို စည်းမျဉ်းလိုက်နာစေပြီး ကိုယ့်အလှည့် သူ့အလှည့် စောင့်ဆိုင်းခြင်းဖြင့် စိတ်ရှည်မှုရှိစေဖို့ ကူညီပေးပါလိမ့်မယ်။

၃။ ပဟေဠိကစားနည်းများ

ပဟေဠိတွေက အရမ်းပျော်စရာကောင်းပြီး ပဟေဠိတွေ ပြည့်စုံဖို့ အပိုင်းအစတွေ ဘယ်နေရာမှာ ရှိသလဲ ရှာဖွေတဲ့အခါ ကလေးတွေ အသုံးပြုတဲ့ ယုတ္တိဗေဒ skills ဖွံ့ဖြိုးမှုကို အထောက်အကူပေးပါတယ်။ အသက်၅နှစ် ကလေးဟာ အပိုင်း ၅၀ထက်ပိုပြီးရှိတဲ့ ပဟေဠိတွေကို ယှဉ်တွဲနိုင်ပါတယ်။

၄။ မှတ်ဉာဏ်ဂိမ်း

မှတ်ဉာဏ်ဂိမ်းများဟာ motor နှင့် cognitive skills ဖွံ့ဖြိုးမှုကို မြှင့်တင်ခြင်းအတွက် အလွန်ကောင်းပါတယ်။ သင့်ကလေးဟာ ရုပ်ပုံတစ်ခုစီရဲ့ တည်နေရာကို အလွတ်ကျက်ဖို့ သင်ယူရင်း တခြားကလေးနှင့်အတူ ဒီဂိမ်းကို ကစားနိုင်ပါတယ်။

၅။ ကစားစရာစန္ဒယား

ကစားစရာ စန္ဒယားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုဘက်ကို ဖွံ့ဖြိုးအောင် ကူညီနိုင်ပါတယ်။ သူတို့မှာ ဂီတဉာဏ်ရည်ဖွံ့ဖြိုးနိုင်ပြီး ဂီတဘက်ကို စိတ်အားထက်သန်စေနိုင်ပါတယ်။

ကစားစရာများက အချိန်ကြာလာတာနှင့်အမျှ ခေတ်မှီဆန်းပြားလာပါတယ်။ သို့သော် ကလေးတွေနှင့် သင့်တော်ပြီး ရည်ရွယ်ချက်ကောင်းတဲ့ ကစားစရာတွေ ဖြစ်ဖို့လိုပါတယ်။ ၅နှစ်အရွယ် ကလေးအတွက် မှန်ကန်တဲ့ ကစားစရာကို ရွေးချယ်ခြင်းဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ မေမေတို့ကလေးကို ကစားစရာတစ်ခုခုဆိုရင် မျှဝေတတ်အောင် သင်ပေးဖို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။ မေမေတို့အနေနဲ့ ကလေးနှင့်အတူ ကစားပေးရင်း အချိန်ဖြုန်းဖို့လည်း မမေ့သင့်ပါဘူးနော်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here