၂၈နှစ်အရွယ်မိန်းမပျိုလေးကို Rolls-Royce ဇိမ်ခံကားတွေနဲ့ တင်တောင်းယူခဲ့တဲ့ ၆၂နှစ်အရွယ် အမျိုးသား

0
111

မကြာသေးမှီက Weibo ပေါ်မှာ မျှဝေခဲ့တဲ့ တရုတ်နိုင်ငံက မင်္ဂလာဆောင်ဓာတ်ပုံတွေကြောင့် အွန်လိုင်းသုံးစွဲသူ အများအပြား မျက်စိကျ စိတ်ဝင်စားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတာ့ သတိုသားနဲ့ သတိုးသမီးဟာ အသက်အရွယ်အားဖြင့် ၃၄နှစ်လောက် ကွာဟနေလို့ပါပဲ။ ET Today ရဲ့ အဆိုအရ မင်္ဂလာဆောင်မှာတော့ သတို့သမီး မိန်းမပျိုးလေးဟာ အရမ်းကို ပျော်ရွှင်နေတာတွေ့ရတယ်လို့ဆိုပါတယ်။

သတို့သားရဲ့ အသက်ဟာ ၆၂နှစ်အရွယ်ရှိပြီး သတို့သမီးလေးကတော့ အသက် ၂၈နှစ်ပဲရှိပါသေးတယ်။ သတို့သမီးလေးဟာ သူမအသက်နဲ့ ၃ဆလောက် ကွာဟတဲ့ သူကို လက်ထပ်ခဲ့တာဖြစ်ပြီး သူမရဲ့ မိဘတွေထက်တောင် သတို့သား အသက်က အနည်းငယ်ကြီးနေပါသေးတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ခန်းမရှေ့မှာတော့ Rolls-Royce ဇိမ်ခံကားအနက်ရောင် ယာဉ်တန်းကြီး စီထားတာကို တွေ့ရမှာ။

ဒီကားတွေဟာ သတို့သမီးကို တင်တောင်းထားတဲ့ ကားတွေဖြစ်ပြီး သတို့သားကြည့်ရတာ တော်တော်လေး ချမ်းသာကြွယ်ဝပုံပေါ်ပါတယ်။ ပြီးခဲ့တဲ့ ၉လပိုင်း ၁၂ရက်နေ့က သူတို့ရဲ့ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနားကြီး ကျင်းပခဲ့ကြတာပါ။ မင်္ဂလာဆောင်မှာ သတို့သမီးရဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ရုပ်ကိုကြည့်ပြီး သတို့သမီးလေးဟာချမ်းသာကြွယ်ဝမှုကြောင့်မဟုတ်ဘဲ တကယ်ချစ်လို့ပဲ ယူလိုက်ဟန်တူပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာ အသက်ကြီးတာတွေ ငယ်တာတွေထက် နှစ်ယောက်သားချစ်လို့ လက်ထပ်ရတာက ဘဝတစ်လျှာက်လုံးကို စိတ်ချမ်းသာစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာနက်သုံးစွဲသူတွေကတော့ သူတို့နှစ်ဦးရဲ့ အကြောင်းကို အမျိုးမျိုးအထွေထွေ ဝေဖန်မှုတွေရှိနေပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

၂၈ႏွစ္အရြယ္မိန္းမပ်ိဳေလးကို Rolls-Royce ဇိမ္ခံကားေတြနဲ႔ တင္ေတာင္းယူခဲ့တဲ့ ၆၂ႏွစ္အရြယ္ အမ်ိဳးသား
မၾကာေသးမွီက Weibo ေပၚမွာ မၽွေဝခဲ့တဲ့ တ႐ုတ္နိုင္ငံက မဂၤလာေဆာင္ဓာတ္ပုံေတြေၾကာင့္ အြန္လိုင္းသုံးစြဲသူ အမ်ားအျပား မ်က္စိက် စိတ္ဝင္စားခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုတာ့ သတိုသားနဲ႔ သတိုးသမီးဟာ အသက္အရြယ္အားျဖင့္ ၃၄ႏွစ္ေလာက္ ကြာဟေနလို႔ပါပဲ။ ET Today ရဲ့ အဆိုအရ မဂၤလာေဆာင္မွာေတာ့ သတို႔သမီး မိန္းမပ်ိဳးေလးဟာ အရမ္းကို ေပ်ာ္ရႊင္ေနတာေတြ႕ရတယ္လို႔ဆိုပါတယ္။

သတို႔သားရဲ့ အသက္ဟာ ၆၂ႏွစ္အရြယ္ရွိၿပီး သတို႔သမီးေလးကေတာ့ အသက္ ၂၈ႏွစ္ပဲရွိပါေသးတယ္။ သတို႔သမီးေလးဟာ သူမအသက္နဲ႔ ၃ဆေလာက္ ကြာဟတဲ့ သူကို လက္ထပ္ခဲ့တာျဖစ္ၿပီး သူမရဲ့ မိဘေတြထက္ေတာင္ သတို႔သား အသက္က အနည္းငယ္ႀကီးေနပါေသးတယ္။ သူတို႔ရဲ့ မဂၤလာေဆာင္ခန္းမေရွ႕မွာေတာ့ Rolls-Royce ဇိမ္ခံကားအနက္ေရာင္ ယာဥ္တန္းႀကီး စီထားတာကို ေတြ႕ရမွာ။

ဒီကားေတြဟာ သတို႔သမီးကို တင္ေတာင္းထားတဲ့ ကားေတြျဖစ္ၿပီး သတို႔သားၾကည့္ရတာ ေတာ္ေတာ္ေလး ခ်မ္းသာႂကြယ္ဝပုံေပၚပါတယ္။ ၿပီးခဲ့တဲ့ ၉လပိုင္း ၁၂ရက္ေန႔က သူတို႔ရဲ့ မဂၤလာေဆာင္ကို ခမ္းခမ္းနားနားႀကီး က်င္းပခဲ့ၾကတာပါ။ မဂၤလာေဆာင္မွာ သတို႔သမီးရဲ့ ေပ်ာ္ရႊင္ရယ္ေမာေနတဲ့ ႐ုပ္ကိုၾကည့္ၿပီး သတို႔သမီးေလးဟာခ်မ္းသာႂကြယ္ဝမွုေၾကာင့္မဟုတ္ဘဲ တကယ္ခ်စ္လို႔ပဲ ယူလိုက္ဟန္တူပါတယ္။

အိမ္ေထာင္ျပဳတယ္ဆိုတာ အသက္ႀကီးတာေတြ ငယ္တာေတြထက္ ႏွစ္ေယာက္သားခ်စ္လို႔ လက္ထပ္ရတာက ဘဝတစ္လၽွာက္လုံးကို စိတ္ခ်မ္းသာေစမွာျဖစ္ပါတယ္။ ဒါေပမဲ့ အင္တာနက္သုံးစြဲသူေတြကေတာ့ သူတို႔ႏွစ္ဦးရဲ့ အေၾကာင္းကို အမ်ိဳးမ်ိဳးအေထြေထြ ေဝဖန္မွုေတြရွိေနပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here