၂၀၂၀မှာ ခရီးသွားရန်အကောင်းဆုံးနေရာ ၁၀ခု

၂၀၂၀မှာ ခရီးသွားရန်အကောင်းဆုံးနေရာ ၁၀ခု

0
52
- Advertisement -

ခရီးသွားခြင်းဆိုတာ စိတ်အပန်းဖြေခြင်းတစ်မျိုးဖြစ်သလို ဗဟုသုတတိုးစေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ ရွေးချယ်စရာတွေ များစွာရှိနေလို့ ရွေးရတာ စိတ်များနေတယ်ဆိုရင် ကူညီပေးချင်ပါတယ်။ ရွေးချယ်မှုကျဥ်းမြောင်းစေဖို့ လူကြိုက်များပြီးတော့ ၂၀၂၀မှာ ခရီးသွားဖို့ အဆင်ပြေနိုင်ဆုံးနေရာ ၁၀ခုကို မျှ၀ေပေးပါ့မယ်။ ဒါဟာ ၂၀၁၉ရဲ့ ခရီးသွားမှတ်တမ်းတွေပေါ်မှာ မူတည်ပြီးတော့ ပြောပြပေးတာဖြစ်ပါတယ်။

-Advertisement-

၁။ ထိုင်းနိုင်ငံ

ကျောက်စိမ်းစပါးစိုက်ခင်းများရှိခြင်း၊ တောတွင်းအချို့လေ့လာစရာရှိခြင်းနှင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ သင့်ဘ၀ရဲ့ အလှပဆုံးနေ့လည်ခင်း လက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းပါ၊ အစွန်အဖျားဒေသ railayသဲသောင်ပြင်မှာ ထူးဆန်းအံ့ဩစွာ နိုးကြားပါ။

၂။ဂျပန်

၂၀၂၀အိုလံပစ်ပြိုင်ပွဲက ယခင်ကထက် ပိုမိုနီးကပ်လာနေတာနဲ့အမျှ ဂျပန်ရဲ့ ခရီးသွားလုပ်ငန်းက အံ့ဩစရာမဟုတ်တော့ပါဘူး။ စည်ကားနေသာ တိုကျိုကို စူးစမ်းလေ့လာဖို့ သင့်အချိန်တွေကို အနည်းငယ်ဖဲ့ပေးပါ။ ဂျပန်နိုင်ငံရဲ့ တောင်ဘက်ခြမ်းစီရင်စုနယ်တွေထဲက တစ်ခုမှာ စိတ်အေးအေးနဲ့ အနားယူအပန်းဖြေပါ။ ဖူဂျီ၊ ကျိုတို (သို့) အပန်းဖြေစခန်း ကာရူဇာ၀ါ စတဲ့ နေရာတစ်ခုခုမှာပေါ့။

၃။အိန္ဒိယ

Taj Mahal၊ Amber Palace၊ Hawa Mahal သို့ လည်ပတ်ပါ။ ဒါ့အပြင် ပန်းရောင်နှင့်အနီရောင် သဲကျောက်နန်းတော်လို့ ခေါ်ကြတဲ့ Palace of the windsကို သွားရောက်လည်ပတ်ဖို့လည်း အကြံပေးချင်ပါတယ်။ Ranthamboreအမျိုးသားဥယျာဥ်မှာလည်းပဲ ကျားများ၊ ကျားသစ်များ၊ ရွှံ့အိုင်များနှင့် ကျော်ကြားသော ရေနှင်းတောများကြားထဲမှာ တွေ့ရနိုင်ပါတယ်။

၄။ စင်္ကာပူ

အနာဂတ်မြို့တော်က ပိုက်ကွန်လမ်း၊ ကောင်းကင်ရထားနှင့် အခြားရေတံခွန်များစွာ ပါ၀င်ပါတယ်။ ဒီ့ထက်ပိုတာက စင်္ကာပူလေဆိပ်ဖြစ်ပါတယ်။ စင်္ကာပူမှာ သင့်လျော်စွာနေထိုင်ခြင်းက Marina Bay Sands အကန့်အသတ်ရှိတဲ့ ရေကန်ကြီးကိုလည်း သွားရောက်လည်ပတ်ကြည့်ရှုရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ Crazy Rich Asiansတွေရဲ့ မြင်ကွင်းတွေ၊ စင်္ကာပူ Flyer ferrisဘီးကို ပြောပြီးတော့ Night fariကို သွားပါ။

၅။ဟောင်ကောင်

ယနေ့ခေတ်မှာ အရာ၀တ္ထုများက လှည့်စားနေသော်လည်းပဲ ဟောင်ကောင်ကို လှည့်ပတ်တယ်ဆိုတာ အပျော်ရွှင်ဆုံးနေရာတစ်ခု ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ Victoria Peakက အကောင်းဆုံးနေရာပါပဲ။ Peak Tramမှ ရထားကြီးက မြို့ပေါ်က ဖြတ်သန်းတာဖြစ်တဲ့အတွက် လှပသော လမ်းကြောင်းကို ကြည့်ရှုရင်း ရင်သပ်ရှုမောစေပါတယ်။ မိသားစုအလိုက် သွားမယ်ဆိုရင် ဒစ္စနေးကမ္ဘာနှင့် ပင်လယ်တိရစ္ဆာန်များ ပင်လယ်ပြင်ဥယျာဥ်လည်းရှိပါတယ်။ အဲ့ဒီ့နေရာမှာ ပန်ဒါ၀က်၀ံတွေလည်း ရှိပါတယ်။

၆။ ဖိလစ်ပိုင်

ဖိလစ်ပိုင်ရဲ့ လှပသော ကမ်းခြေများနှင့် အခြားသဘာ၀အလှများစွာ နေထိုင်ရာနေရာဖြစ်ပါတယ်။ ချောကလက်တောင်များ၊ lil roundedတောင်ထိပ်များ၊ Puerto Princescaမြေအောက်မြစ်အမျိုးသားဥယျာဥ်တစ်ခုလည်း ရှိပါတယ်။

၇။ ဗီယက်နမ်

ရှေးဟောင်းဘုရားကျောင်းများစွာက လှပသောကမ်းခြေများနှင့်အတူ ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ Ha Long Bayမှာဆိုရင် မယုံနိုင်လောက်အောင် အရောင်တောက်နေသော ရေပေါ်မှာ ပိုပျော်စရာကောင်းသော ကျောင်းဟောင်းတရုတ်ရွက်လွှင့်သင်္ဘောများ ရွက်လွှင့်ခြင်းတွေ ရှိပါတယ်။

၈။ တရုတ်

The Great နိုင်ငံက Great Wall ၊ The Forbidden City၊ Terracotta Army နှင့် ရုပ်ရှင်များမှ သင့်အနေနဲ့ ကျိန်းသေအသိအမှတ်ပြုခံရတဲ့ ထင်ရှားကျော်ကြားသော နန်းတော်ပုံစံများစွာ ရှိနေပါတယ်။

၉။ ပြင်သစ်

ပြင်သစ်ဟာ ပဲရစ်ထက်များစွာ ပိုပါတယ်။ သို့သော်လည်း obviဟာ Parisဖြစ်ပါတယ်။ အလင်းရောင်မြို့က အကြောင်းပြချက်တစ်ခုကြောင့် စိတ်ကူးယဥ်ဆန်သော်လည်းပဲ တစ်ကိုယ်တော်ခရီးသွားခြင်းအတွက် ကောင်းမွန်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ တစ်နေ့လျှင် ပြတိုက်၄ခုလို စျေးနည်းနည်းဖြင့် စူးစမ်းလိုတယ်ဆိုရင် မြို့ကို ခြေလျင်စူးစမ်းလေ့လာပါ။ သင့်ရဲ့ ဘ၀မှာ အကောင်းဆုံးအစားအစာကို စားပါ။ စပျစ်၀ိုင်ကို သောက်ပြီး ညတိုင်းကဖေးမှာ ငေးကြည့်ရင်း အဆုံးသတ်ပါ။ ပြီးလျှင်တော့ မြို့ပြင်ထွက်ပြီး နော်မန်ဒီမှာရှိတဲ့ Mont Saint Michel နှင့် အရှေ့တောင်ဘက်မှာ ရှိတဲ့ bougie-boug French Riviera သို့ သွားရောက်လည်ပတ်ပါ။

၁၀။ ဂျာမနီ
သင့်အနေနဲ့ ဘာလင်ကို သွားမယ်ဆိုရင် ပြတိုက်တစ်သန်းလောက်တွေ့ရပါမယ်။ ဒါ့အပြင် Checkpoint Charlieက ဘာလင်တံတိုင်းအကူးအဟောင်းလို့ ခေါ်တွင်တဲ့ နေရာ၊ ဂျာမနီတောင်ပိုင်း၊ မြူးနစ်ပတ်၀န်းကျင်တစ်၀ိုက်မှာ ၁၉ရာစုနိုင်ငံတော်ရဲ့ ရဲတိုက်တည်ရှိရာ Neuschwanstein Castleကို ဒစ္စနေးပုံသဏ္ဍာန်သေးငယ်တယ်လို့ ထင်ရတဲ့ နေရာများစွာ ရှိပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-cosmopolitan

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here