၂၀၁၉ ခုနှစ်မှာ ခေတ်အစားဆုံး ကလေးတွေရဲ့ fashion trends

0
28

ကလေးတွေရဲ့ဖက်ရှင်နဲ့ လူကြီးတွေရဲ့ဖက်ရှင်ဟာ သိပ်တော့ကွာခြားမှုမရှိပါဘူး။ မိဘအတော်များများကတော့ သူတို့ဝတ်တတ်တဲ့ဖက်ရှင်ဒီဇိုင်းနဲ့ ဆင်တူအောင် ကလေးတွေကို ဆင်ယင်ပေးလျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ကလေးတွေအတွက် သက်တောင့်သက်သာပိုရှိပြီး ခေတ်မှီတဲ့ဖက်ရှင်ဖြစ်ဖို့အတွက်လည်း မိဘတွေကရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ခေတ်ရေစီးကြောင်းအရ ၂၀၁၉ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ လူကြိုက်များနေတဲ့ ကလေးဖက်ရှင်တွေနဲ့ ပတ်သတ်ပြီး ဒီဇိုင်နာတွေရဲ့ ဖော်ပြချက်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်။
ခေတ်စားနေတဲ့ အရောင်များ
ယခုနှစ် ကလေးဖက်ရှင်နဲ့ ပတ်သတ်ပြီး ခေတ်အစားဆုံးအရောင်တွေကတော့ မီးခိုးရောင်၊ အပြာ၊ အဖြူ၊ အဝါ၊ အနက်၊ မီးခိုးဖျော့၊ ပန်းရောင်၊ မြစိမ်းရောင်၊ သံလွင်ရောင် စတာတွေပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလေးအဝတ်အစားအတွက် အရောင်ရွေးချယ်တဲ့အခါ ကလေးနှစ်သက်တဲ့အရောင်ဖြစ်ဖို့လည်း အရေးကြီးတာကြောင့် ကလေးရဲ့သဘောထားကိုလည်း မေးဖို့အရေးကြီးပါတယ်။

စစ်စတိုင်
ယခုနှစ်အတွက် စစ်ဖက်ဆိုင်ရာ ဖက်ရှင်စတိုင်တွေ အရမ်းကိုခေတ်စားနေပြီး ကလေးတွေလည်း အထူးနှစ်သက်ကြပါတယ်။ စစ်တပ်နဲ့ပတ်သတ်တဲ့ ဖက်ရှင်တွေဟာလည်း ကလေးတိုင်းနဲ့လိုက်ဖက်လို့ ရွေးချယ်သင့်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးဖက်ရှင်
ဒီနှစ်မှာတော့ ယခုလိုပေါ့ပေါ့ပါးပါးစတိုင်ဟာ ကလေးသာမက လူကြီးတွေအတွက်ပါ လူကြိုက်များပြီး ခေတ်စားနေပါတယ်။

ကတ္တီပါ၊ မွေးပွ၊ ချည်ထည်များ
ကတ္တီပါ နဲ့ သားမွေးနဲ့ ချုပ်ထားတဲ့ ကလေးဖက်ရှင်အဝတ်အထည်တွေလည်း ယခုနှစ်အတွင်းအနောက်နိုင်ငံတွေမှာ ဝယ်လိုအားမြင့်တက်နေပြီး နူးညံ့ပြီးပေါ့ပေါ့ပါးပါးရှိမယ့် ချည်ထည်တွေကိုတော့ အပူချိန်မြင့်တက်နေတဲ့ နိုင်ငံတွေအတွက် ပိုသင့်တော်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံများ
ကလေးတွေရဲ့ အဝတ်အစားထုတ်လုပ်ဖို့အတွက် ဒီဇိုင်နာတွေဟာ အရုပ်တွေ အစင်းတွေနဲ့ ပုံဖော်ပြီး ပိုမိုထုတ်လုပ်လျှက် ရှိနေပါတယ်။ ယခုဖော်ပြပါဒီဇိုင်းတွေကတော့ ရောင်းအားကောင်းနေတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။


#LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here