၂၀၀၀ပြည့်နှစ်အစောပိုင်းတုန်းက K-pop အိုင်ဒေါတွေအဖြစ် ပွဲဦးထွက်ခဲ့ကြပြီး သရုပ်ဆောင်ဘက်ပြောင်းခဲ့ကြတဲ့ မင်းသမီးများ

0
219

၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းဟာ K-pop “idol” ယဉ်ကျေးမှု ဖြစ်ခဲ့ကြပါတယ်။ K-pop ယဉ်ကျေးမှု ထွန်းကားလာတာနှင့်အမျှ နှစ်စဉ်နှစ်တိုင်း idol group အသစ်တွေ များပြားလာခဲ့ပါတယ်။ K-pop အဖွဲ့တွေအများကြီးထဲမှ အတော်များများဟာ မျိုးဆက်သစ် အိုင်ဒေါတွေအတွက် နေရာဖယ်ပေးလိုက်ရတာ ရှိသလို ယခုအချိန်ထိ အောင်မြင်မှုတွေနဲ့ ရပ်တည်နေကြဆဲဖြစ်တဲ့ အိုင်ဒေါတွေလည်း ရှိနေပါတယ်။ ယခု ဖော်ပြပေးမှာကတော့ ၂၀၀၀ခုနှစ်အစောပိုင်းတုန်းက ကေပေါ့အိုင်ဒေါ့တွေအဖြစ် ပွဲဦးထွက်ခဲ့ကြပြီး သရုပ်ဆောင်ဘက်ကို ပြောင်းလာတဲ့ မင်းသမီးတွေပဲ ဖြစ်ပါတယ်။

၁။ Jewelry’ အဖွဲ့ဝင် Park Jung Ah နဲ့ Lee Ji Hyun

Jewelryအဖွဲ့ မှာ အဆိုတော်တွေ အဖြစ်ကနေ သရုပ်ဆောင် ဘက်ကိုပြောင်းလိုက်ကြတဲ့ အဖွဲ့ဝင်အတော်များများ ရှိခဲ့ပါတယ်။ Park Jung Ah နဲ့ Lee Ji Hyun ဟာ ၂၀၀၁ခုနှစ်တုန်းက Jewelry’ အဖွဲ့ဝင်တွေအဖြစ် ပွဲဦးထွက်ခဲ့တဲ့ လေးယောက်ထဲက နှစ်ယောက်ဖြစ်ပါတယ်။

Park Jung Ah ကို tvN ရဲ့ “Oh My Ghostess” နဲ့ MBC ရုပ်သံရဲ့ “Glamorous Temptation တို့မှာ တွေ့ရင် သင်မှတ်မိကောင်း မှတ်မိပါလိမ့်မယ်။

Lee Ji Hyunရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုက MBC ရုပ်သံရဲ့ “Victory Tomorrow” ဖြစ်ပါတယ်။

Kim Ye Won ဟာ မူလက Jewelry အဖွဲ့ဝင်လေးယောက်ထဲမှာ မပါဝင်ခဲ့ပေမယ့် ၂၀၁၁ခုနှစ်တွင် အဖွဲ့ထဲမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်လိုင်းကို ပြောင်းခဲ့ပါတယ်။“Mr. Temporary,”ဇာတ်ကားထဲမှာ ဆရာမတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

၂။ M.I.L.K. အဖွဲ့ဝင် Seo Hyun Jin နဲ့ Park Hee Bon

M.I.L.K. ဟာ၂၀၀၁ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး SM Entertainment ရဲ့ အစ်မ BM Entertainment အောက်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက ခဏတာပဲဖြစ်ပေမယ့် သူတို့ထဲက နှစ်ယောက်ကတော့ သရုပ်ဆောင်ဘက်ကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပါတယ်။

Seo Hyun Jin ဟာ MBC ရုပ်သံရဲ့ “The Duo” မှာ စတင်သရုပ်ဆောင်ပြီး မကြာသေးခင်က JTBC ရဲ့ “Beauty Inside” မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပါတယ်။

Park Hee Bon ဟာ “Goblin”ဇာတ်ကားမှာ Ji Eun Tak’s (Kim Go Eun‘s) ရဲ့အမေအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ SBS ရုပ်သံရဲ့ “Secret Boutique“ဒရမ်မာကားမှာ သရုပ်ဆောင်ထားပါတယ်။

၃။ Sugar အဖွဲ့ဝင် Hwang Jung Eum, Park Soo Jin, နဲ့ Han Ye Won

Sugar အဖွဲ့ဟာ ၂၀၀၂ခုနှစ်တွင် SM Entertainment အောက်မှာ ပွဲဦးထွက်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်တွင် ဖျက်သိမ်းတဲ့အထိ ဂျပန်နှင့် ကိုရီးယားနှစ်နိုင်ငံလုံးက အားပေးခဲ့ကြပါတယ်။

Hwang Jung Eum ဟာ နာမည်ကြီး Kဒရမ်မာအနည်းငယ်မှာ ပါဝင်ခဲ့ပါတယ်။ MBC ရုပ်သံရဲ့ “High Kick Through the Roof,” “Kill Me Heal Me,”နဲ့ “She Was Pretty.တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Park Soo Jinဟာ Bae Yong Joon နှင့် လက်မထပ်ခင်က KBS2 ရုပ်သံရဲ့ “Boys Over Flowers,” SBS ရုပ်သံရဲ့ “My Girlfriend is a Gumiho,” နှင့် tvN’ ရုပ်သံရဲ့ Flower Boy Next Door.”တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Han Ye Won ဟာလက်ရှိအနုပညာလှုပ်ရှားမှု မရှိသေးပေမယ့် SBS ရုပ်သံရဲ့ “Shining Inheritance” မှာ လီဆောင်းဂီရဲ့ ညီမငယ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

၄။ LUV အဖွဲ့ဝင် Jeon Hye Bin နဲ့ Oh Yeon Seo

LUV ဟာ ၂၀၀၂ခုနှစ်တွင် SidusHQ အင်တာတိန်းမန့်အောက်မှာ ပွဲဦးထွက်ခဲ့ပြီး တစ်နှစ်သာ ကြာခဲ့ပါတယ်။ အဖွဲ့ဝင်တွေဟာ solo တွေနဲ့ အောင်မြင်ခဲ့ကြပြီး သရုပ်ဆောင်ဘက်ကို ပြောင်းလဲခဲ့ကြပါတယ်။

LUV ကိုဖျက်သိမ်းပြီးနောက် Jeon Hye Bin ဟာ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဖြန်ချီခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို ပြောင်းခဲ့ပါတယ်။ သူမဟာ tvNရုပ်သံရဲ့ “Another Oh Hae Young.မှာ Seo Hyun Jin နှင့်အတူ သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ KBS ရုပ်သံရဲ့ “Liver or Die” ဇာတ်ကားနဲ့ “Leverage တီဗီဇာတ်လမ်းတွင် သရုပ်ဆောင်ထားပါတယ်။

MBC ရုပ်သံရဲ့ “Jang Bo Ri Is Here” ဇာတ်ကားဟာ အဆင့်သတ်မှတ်ချက် ၄၀ရာခိုင်နှုန်းရရှိခဲ့သော Oh Yeon Seo ရဲ့ အထင်ရှားဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ သူမဟာ SBS ရုပ်သံရဲ့ “Please Come Back, Mister” ဇာတ်ကားနှင့် tvN ရုပ်သံရဲ့ “Hwayugi.”တို့မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပြီး မကြာခင်မှာ “People With Flaws.”ဇာတ်ကားမှာ မြင်ရဦးမှာ ဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-.soompi

Zawgyi

၂၀၀၀ျပည့္ႏွစ္အေစာပိုင္းတုန္းက K-pop အိုင္ေဒါေတြအျဖစ္ ပြဲဦးထြက္ခဲ့ၾကၿပီး သ႐ုပ္ေဆာင္ဘက္ေျပာင္းခဲ့ၾကတဲ့ မင္းသမီးမ်ား

၁၉၉၀ ႏွင့္ ၂၀၀၀ ျပည့္ႏွစ္ အေစာပိုင္းဟာ K-pop “idol” ယဥ္ေက်းမႈ ျဖစ္ခဲ့ၾကပါတယ္။ K-pop ယဥ္ေက်းမႈ ထြန္းကားလာတာႏွင့္အမွ် ႏွစ္စဥ္ႏွစ္တိုင္း idol group အသစ္ေတြ မ်ားျပားလာခဲ့ပါတယ္။ K-pop အဖြဲ႕ေတြအမ်ားႀကီးထဲမွ အေတာ္မ်ားမ်ားဟာ မ်ိဳးဆက္သစ္ အိုင္ေဒါေတြအတြက္ ေနရာဖယ္ေပးလိုက္ရတာ ရွိသလို ယခုအခ်ိန္ထိ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနၾကဆဲျဖစ္တဲ့ အိုင္ေဒါေတြလည္း ရွိေနပါတယ္။ ယခု ေဖာ္ျပေပးမွာကေတာ့ ၂၀၀၀ခုႏွစ္အေစာပိုင္းတုန္းက ေကေပါ့အိုင္ေဒါ့ေတြအျဖစ္ ပြဲဦးထြက္ခဲ့ၾကၿပီး သ႐ုပ္ေဆာင္ဘက္ကို ေျပာင္းလာတဲ့ မင္းသမီးေတြပဲ ျဖစ္ပါတယ္။

၁။ Jewelry’ အဖြဲ႕ဝင္ Park Jung Ah နဲ႔ Lee Ji Hyun

Jewelryအဖြဲ႕ မွာ အဆိုေတာ္ေတြ အျဖစ္ကေန သ႐ုပ္ေဆာင္ ဘက္ကိုေျပာင္းလိုက္ၾကတဲ့ အဖြဲ႕ဝင္အေတာ္မ်ားမ်ား ရွိခဲ့ပါတယ္။ Park Jung Ah နဲ႔ Lee Ji Hyun ဟာ ၂၀၀၁ခုႏွစ္တုန္းက Jewelry’ အဖြဲ႕ဝင္ေတြအျဖစ္ ပြဲဦးထြက္ခဲ့တဲ့ ေလးေယာက္ထဲက ႏွစ္ေယာက္ျဖစ္ပါတယ္။

Park Jung Ah ကို tvN ရဲ႕ “Oh My Ghostess” နဲ႔ MBC ႐ုပ္သံရဲ႕ “Glamorous Temptation တို႔မွာ ေတြ႕ရင္ သင္မွတ္မိေကာင္း မွတ္မိပါလိမ့္မယ္။

Lee Ji Hyunရဲ႕ လတ္တေလာ အႏုပညာလႈပ္ရွားမႈက MBC ႐ုပ္သံရဲ႕ “Victory Tomorrow” ျဖစ္ပါတယ္။

Kim Ye Won ဟာ မူလက Jewelry အဖြဲ႕ဝင္ေလးေယာက္ထဲမွာ မပါဝင္ခဲ့ေပမယ့္ ၂၀၁၁ခုႏွစ္တြင္ အဖြဲ႕ထဲမွာ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္လိုင္းကို ေျပာင္းခဲ့ပါတယ္။“Mr. Temporary,”ဇာတ္ကားထဲမွာ ဆရာမတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

၂။ M.I.L.K. အဖြဲ႕ဝင္ Seo Hyun Jin နဲ႔ Park Hee Bon
M.I.L.K. ဟာ၂၀၀၁ခုႏွစ္က ပြဲဦးထြက္ခဲ့ၿပီး SM Entertainment ရဲ႕ အစ္မ BM Entertainment ေအာက္မွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းက ခဏတာပဲျဖစ္ေပမယ့္ သူတို႔ထဲက ႏွစ္ေယာက္ကေတာ့ သ႐ုပ္ေဆာင္ဘက္ကို ေအာင္ျမင္စြာ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

Seo Hyun Jin ဟာ MBC ႐ုပ္သံရဲ႕ “The Duo” မွာ စတင္သ႐ုပ္ေဆာင္ၿပီး မၾကာေသးခင္က JTBC ရဲ႕ “Beauty Inside” မွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္ခဲ့ပါတယ္။

Park Hee Bon ဟာ “Goblin”ဇာတ္ကားမွာ Ji Eun Tak’s (Kim Go Eun‘s) ရဲ႕အေမအျဖစ္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ လက္ရွိမွာ SBS ႐ုပ္သံရဲ႕ “Secret Boutique“ဒရမ္မာကားမွာ သ႐ုပ္ေဆာင္ထားပါတယ္။

၃။ Sugar အဖြဲ႕ဝင္ Hwang Jung Eum, Park Soo Jin, နဲ႔ Han Ye Won

Sugar အဖြဲ႕ဟာ ၂၀၀၂ခုႏွစ္တြင္ SM Entertainment ေအာက္မွာ ပြဲဦးထြက္ခဲ့ပါတယ္။ ၂၀၀၆ခုႏွစ္တြင္ ဖ်က္သိမ္းတဲ့အထိ ဂ်ပန္ႏွင့္ ကိုရီးယားႏွစ္ႏိုင္ငံလုံးက အားေပးခဲ့ၾကပါတယ္။

Hwang Jung Eum ဟာ နာမည္ႀကီး Kဒရမ္မာအနည္းငယ္မွာ ပါဝင္ခဲ့ပါတယ္။ MBC ႐ုပ္သံရဲ႕ “High Kick Through the Roof,” “Kill Me Heal Me,”နဲ႔ “She Was Pretty.တို႔မွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Park Soo Jinဟာ Bae Yong Joon ႏွင့္ လက္မထပ္ခင္က KBS2 ႐ုပ္သံရဲ႕ “Boys Over Flowers,” SBS ႐ုပ္သံရဲ႕ “My Girlfriend is a Gumiho,” ႏွင့္ tvN’ ႐ုပ္သံရဲ႕ Flower Boy Next Door.”တို႔မွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Han Ye Won ဟာလက္ရွိအႏုပညာလႈပ္ရွားမႈ မရွိေသးေပမယ့္ SBS ႐ုပ္သံရဲ႕ “Shining Inheritance” မွာ လီေဆာင္းဂီရဲ႕ ညီမငယ္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

၄။ LUV အဖြဲ႕ဝင္ Jeon Hye Bin နဲ႔ Oh Yeon Seo
LUV ဟာ ၂၀၀၂ခုႏွစ္တြင္ SidusHQ အင္တာတိန္းမန္႔ေအာက္မွာ ပြဲဦးထြက္ခဲ့ၿပီး တစ္ႏွစ္သာ ၾကာခဲ့ပါတယ္။ အဖြဲ႕ဝင္ေတြဟာ solo ေတြနဲ႔ ေအာင္ျမင္ခဲ့ၾကၿပီး သ႐ုပ္ေဆာင္ဘက္ကို ေျပာင္းလဲခဲ့ၾကပါတယ္။

LUV ကိုဖ်က္သိမ္းၿပီးေနာက္ Jeon Hye Bin ဟာ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ကို ျဖန္ခ်ီခဲ့ၿပီး ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္ဘက္ကို ေျပာင္းခဲ့ပါတယ္။ သူမဟာ tvN႐ုပ္သံရဲ႕ “Another Oh Hae Young.မွာ Seo Hyun Jin ႏွင့္အတူ သ႐ုပ္ေဆာင္ခဲ့ပါတယ္။ လက္ရွိမွာ KBS ႐ုပ္သံရဲ႕ “Liver or Die” ဇာတ္ကားနဲ႔ “Leverage တီဗီဇာတ္လမ္းတြင္ သ႐ုပ္ေဆာင္ထားပါတယ္။

MBC ႐ုပ္သံရဲ႕ “Jang Bo Ri Is Here” ဇာတ္ကားဟာ အဆင့္သတ္မွတ္ခ်က္ ၄၀ရာခိုင္ႏႈန္းရရွိခဲ့ေသာ Oh Yeon Seo ရဲ႕ အထင္ရွားဆုံး ဇာတ္ကားျဖစ္ခဲ့ပါတယ္။ သူမဟာ SBS ႐ုပ္သံရဲ႕ “Please Come Back, Mister” ဇာတ္ကားႏွင့္ tvN ႐ုပ္သံရဲ႕ “Hwayugi.”တို႔မွာ အဓိကဇာတ္ေကာင္အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး မၾကာခင္မွာ “People With Flaws.”ဇာတ္ကားမွာ ျမင္ရဦးမွာ ျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-.soompi

LEAVE A REPLY

Please enter your comment!
Please enter your name here