၂နှစ်အရွယ်ကစပြီး ဖုန်းသုံးချင်းက နောက်အနှစ် ၂၀ကြာရင် မျက်စိပျက်စီးနိုင်ဟု WHO ထုတ်ပြန်

0
62
အီလက်ထရောနစ် Screen

ယခုခေတ်မှာ မိုဘိုင်းဖုန်းတွေဟာ လူ့အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်လာပါတယ်။ မကြာသေးမီက ကမ္ဘာ့ကျန်းမာရေး အဖွည့်အစည်းဖြစ်တဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ ၂နှစ်အောက်အရွယ်ကစပြီး ကလေးငယ်တွေ အီလက်ထရောနစ် Screen တွေနဲ့ ထိတွေ့ အသုံးခြင်းဟာ မျက်စိအတွက်များစွာ ဆိုးကျိုးဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

ထိုင်ဝမ်မှာ အထက်တန်းကျောင်းသား ၃၀ ရာခိုင်နှုန်းလောက်က အဝေးမှုန်တဲ့ ပြဿနာကို ခံစားနေရပြီး ဒီဂရီ ၅၀၀ကျော်တဲ့ မျက်မှန်ကို တပ်ဆင်နေကြရပါတယ်။ လူဦးရေ ၅၀၀၀၀၀ – ၅၅၀၀၀၀ လောက်က အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာအတွင်းရှိ သွေးကြောမျှင်ပျက်စီးမှုနဲ့ Macular ယိုယွင်းမှုတွေ ကြောင့် မျက်စိကွယ်ခြင်းကို ရင်ဆိုင်နေကြရပါတယ်။ စမတ်ဖုန်းမျက်နှာပြင်မှ ထွက်တဲ့ အလင်းရောင်ကို ထိတွေ့တဲ့ ကလေးငယ်တွေဟာ အဝေးမှုန်ခြင်းကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုမိုလွယ်ကူစွာ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒ့ါကြောင့် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) မှာ အထူးသဖြင့် ၂နှစ်အောက် ကလေးငယ်တွေကို အီလက်ထရောနစ် Screen နဲ့ ထိတွေ့အသုံးပြုချင်းကို မပြုသင့်ဘူးလို့ အကြံပြုထားကြပါတယ်။ ထိုင်ဝမ်က Zenith အေဂျင်စီရဲ့ ခန့်မှန်းချက်အရ ယခု ၂၀၁၉ခုနှစ်မှာ အင်တာနက်အသုံးပြုသူတွေဟာ ယခင် ရုပ်မြင်သံကြား ကြည့်ရှုသူတွေထက်တောင် ပိုများလာတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ကိုယ်ဝန်ဆောင်စဉ်အတွင်း ထောပတ်သီးစားတာ ကောင်းပါသလား?

Zawgyi Fonts

၂ႏွစ္အရြယ္ကစၿပီး ဖုန္းသုံးခ်င္းက ေနာက္အႏွစ္ ၂၀ၾကာရင္ မ်က္စိပ်က္စီးနိုင္ဟု WHO ထုတ္ျပန္

ယခုေခတ္မွာ မိုဘိုင္းဖုန္းေတြဟာ လူ႔အသိုင္းအဝိုင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ရပ္တည္လာပါတယ္။ မၾကာေသးမီက ကမၻာ့က်န္းမာေရး အဖြည့္အစည္းျဖစ္တဲ့ WHO ရဲ့ ထုတ္ျပန္ခ်က္အရ ၂ႏွစ္ေအာက္အရြယ္ကစၿပီး ကေလးငယ္ေတြ အီလက္ထေရာနစ္ Screen ေတြနဲ႔ ထိေတြ႕ အသုံးျခင္းဟာ မ်က္စိအတြက္မ်ားစြာ ဆိုးက်ိဳးျဖစ္ေပၚနိုင္တယ္လို႔ဆိုပါတယ္။

ထိုင္ဝမ္မွာ အထက္တန္းေက်ာင္းသား ၃၀ ရာခိုင္ႏွုန္းေလာက္က အေဝးမွုန္တဲ့ ျပႆနာကို ခံစားေနရၿပီး ဒီဂရီ ၅၀၀ေက်ာ္တဲ့ မ်က္မွန္ကို တပ္ဆင္ေနၾကရပါတယ္။ လူဦးေရ ၅၀၀၀၀၀ – ၅၅၀၀၀၀ ေလာက္က အတြင္းတိမ္၊ ေရတိမ္၊ မ်က္ၾကည္လႊာအတြင္းရွိ ေသြးေၾကာမၽွင္ပ်က္စီးမွုနဲ႔ Macular ယိုယြင္းမွုေတြ ေၾကာင့္ မ်က္စိကြယ္ျခင္းကို ရင္ဆိုင္ေနၾကရပါတယ္။ စမတ္ဖုန္းမ်က္ႏွာျပင္မွ ထြက္တဲ့ အလင္းေရာင္ကို ထိေတြ႕တဲ့ ကေလးငယ္ေတြဟာ အေဝးမွုန္ျခင္းကို အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ပိုမိုလြယ္ကူစြာ ခံစားရနိုင္တယ္လို႔ ဆိုပါတယ္။

ဒ့ါေၾကာင့္ ကမၻာ့က်န္းမာေရးညီလာခံ (WHA) မွာ အထူးသျဖင့္ ၂ႏွစ္ေအာက္ ကေလးငယ္ေတြကို အီလက္ထေရာနစ္ Screen နဲ႔ ထိေတြ႕အသုံးျပဳခ်င္းကို မျပဳသင့္ဘူးလို႔ အႀကံျပဳထားၾကပါတယ္။ ထိုင္ဝမ္က Zenith ေအဂ်င္စီရဲ့ ခန္႔မွန္းခ်က္အရ ယခု ၂၀၁၉ခုႏွစ္မွာ အင္တာနက္အသုံးျပဳသူေတြဟာ ယခင္ ႐ုပ္ျမင္သံၾကား ၾကည့္ရွုသူေတြထက္ေတာင္ ပိုမ်ားလာတယ္လို႔ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here