၂နှစ်ကြာ ပျောက်ဆုံးသွားပြီးမှ သခင်နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့တဲ့ ခွေးလေးရဲ့ ဖြစ်ရပ်

0
524
ခွေး

ခွေးတွေဟာ စိတ်မှတ်သည်းခြေရှိသလို သခင်အပေါ်မှာလည်း သစ္စာအရှိဆုံး တိရစ္ဆာန်မျိုးပါ။ သူတို့ကို ကျွေးမွေးစောင့်ရှောက်ထားတဲ့ သူဆိုရင် ဘယ်တော့မှ မမေ့တတ်သလို ကိုယ့်သခင်ရဲ့ ကိုယ်နံ့ကိုလည်း စွဲစွဲမြဲမြဲမှတ်ထားတတ်ပါတယ်။ ဒါပေမဲ့ သခင်မဲ့နေတဲ့ လမ်းဘေး ခွေးလေခွေးလွှင့်တွေရဲ့ ဘဝကတော့ တကယ့်ကို ခက်ခဲကြမ်းတမ်းလှပါတယ်။ ကြုံရာလူကအစာကျွေး၊ ကြုံတဲ့နေရာမှာ အိပ်နဲ့ အခက်မသင့်ရင် လူအချို့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကိုလည်း ခံရတတ်ပါတယ်။

ယခုလအစောပိုင်းက ယူကရိန်းမှာ ခွေးနဲ့ ပတ်သက်ပြီး ဝမ်းနည်း ကြည်နူးစရာ အဖြစ်အပျက်တစ်ချို့ ဖြစ်ပျက်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံက တိရိစ္ဆာန်စောင့်ရှောင်ရေး စေတနာ့ဝန်းထမ်းတွေဟာ တစ်နေ့မှာ အကူအညီမဲ့ပြီး နေမကောင်းဖြစ်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ မျက်လုံးအပြာရောင်လေးနဲ့ ချစ်စရာခွေးအမျိုးအစားဖြစ်ပေမဲ့ သခင်မဲ့ပြီး လမ်းကြိုးလမ်းကြားမှာနေရတာကြောင့် သူ့ရဲ့ ပုံစံဟာ အိမ်းမွေးခွေးတစ်ကောင်နဲ့ မတူတော့ပါဘူး။

ဒါ့ကြောင့် စေတနာ့ဝန်ထမ်းတွေဟာ ခွေးလေးကို သူတို့ရဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာကို ခေါ်ဆောင်သွားပြီး သေသေချာချာ ဆေးကုသပေးခဲ့ပါတယ်။ ခွေးလေးအတော်နေကောင်းသွားတဲ့အခါ မွေးစားချင်တဲ့လူရှိရင် ခေါ်ယူမွေးစားဖို့ ထိုခွေးလေးရဲ့ ဓာတ်ပုံကို ရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်ပေးခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ထိုခွေးလေးရဲ့ ဓာတ်ပုံဟာ ပျံ့နှံသွားခဲ့ပြီး ၂ရက်အကြာမှာတော့ အမျိုးသမီးကြီးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးကြီးဟာ အွန်လိုင်းမှာ တင်ထားတဲ့ ခွေးလေးရဲ့ ပုံကို တွေ့ပြီး ဒီခွေးလေးဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော်က သူပျောက်ဆုံးသွားတဲ့ ခွေးလေးနဲ့ အတော်တူတာကြောင့် ပြောဆိုပြီး လာရောက်ကြည့်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူမရဲ့ ခွေးလေးဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်က ခြံဝန်းထဲမှာထားရင်း အခိုးခံခဲ့ရတာဖြစ်ပြီး သူမလိုက်ရှာသေးပေမဲ့ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

တိရိစ္ဆာန်စောင့်ရှောက်ရေး ဂေဟာက ခွင့်ပြုပေးတဲ့အတွက် သူမခွေးကို လာရောက်ကြည့်ရှု့တဲ့ အချိန်မှာတော့ ခွေးလေးက သူမအပေါ် ဘယ်လို တုံ့ပြန်သလဲ ဗီဒီယိုဖိုင်ကို ကြည့်ကြည့်ရင် သိရှိနိုင်ပါတယ်။ အချိန်အကြာကြီး ကွဲကွာသွားပေမဲ့ တစ်ဦးနဲ့ တစ်ဦး မှတ်မိနေတဲ့ လူနဲ့ တိရစ္ဆာန်ကြား သံယောဇဉ်ကဘယ်လောက်ထိ ခိုင်မြဲနေသလဲဆိုတာ ဒီဗီဒီယိုဖိုင်လေးက သက်သေပါပဲ။

အခုဆိုရင်တော့ ခွေးလေးဟာ လမ်းဘေးမှာ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝက လွတ်မြောက်ပြီး သခင်နဲ့ အတူ ပြန်လည်စုံစည်းခွင့်ရခဲ့ပါပြီ။

Фантастический понедельник!Слезы радости с самого утра! Наш несчастный голубоглазый алабай нашел прежних хозяев! Оказывается, парня выкрали со двора два года назад. Все это время хозяева искали его, размещали фото в группах. И вот оно – чудо. Благодаря вашим репостам собаку увидела подруга семьи, проживающая аж в Австралии!!! Позвонила владельцам и те примчались за своим сокровищем!Теперь у Лордика(да, ещё один Лорд) все будет хорошо! Ну а мы благодарим всех, кто сделал репост, ведь именно благодаря вам спасена собачья жизнь, а в душу хозяев вернулся покой!

Gepostet von МКП "Щасливі тварини" am Sonntag, 2. Juni 2019

#Lifestyle_Myanmar

#Thar_Nage

သေသွားတဲ့ သခင်ကို ပြန်လာမှာပါဆိုတဲ့ စိတ်လေးနဲ့ ၁၈လကြာအောင် စောင့်ဆိုင်းနေတဲ့ ခွေးလေး

Zawgyi Fonts

၂ႏွစ္ၾကာ ေပ်ာက္ဆုံးသြားၿပီးမွ သခင္နဲ႔ ျပန္လည္ဆုံစည္းခြင့္ရခဲ့တဲ့ ေခြးေလးရဲ့ ျဖစ္ရပ္
ေခြးေတြဟာ စိတ္မွတ္သည္းေျခရွိသလို သခင္အေပၚမွာလည္း သစၥာအရွိဆုံး တိရစၧာန္မ်ိဳးပါ။ သူတို႔ကို ေကၽြးေမြးေစာင့္ေရွာက္ထားတဲ့ သူဆိုရင္ ဘယ္ေတာ့မွ မေမ့တတ္သလို ကိုယ့္သခင္ရဲ့ ကိုယ္နံ့ကိုလည္း စြဲစြဲျမဲျမဲမွတ္ထားတတ္ပါတယ္။ ဒါေပမဲ့ သခင္မဲ့ေနတဲ့ လမ္းေဘး ေခြးေလေခြးလႊင့္ေတြရဲ့ ဘဝကေတာ့ တကယ့္ကို ခက္ခဲၾကမ္းတမ္းလွပါတယ္။ ၾကဳံရာလူကအစာေကၽြး၊ ၾကဳံတဲ့ေနရာမွာ အိပ္နဲ႔ အခက္မသင့္ရင္ လူအခ်ိဳ႕ရဲ့ ညႇင္းပန္းႏွိပ္စက္ျခင္းကိုလည္း ခံရတတ္ပါတယ္။

ယခုလအေစာပိုင္းက ယူကရိန္းမွာ ေခြးနဲ႔ ပတ္သက္ၿပီး ဝမ္းနည္း ၾကည္ႏူးစရာ အျဖစ္အပ်က္တစ္ခ်ိဳ႕ ျဖစ္ပ်က္ခဲ့ပါတယ္။ ယူကရိန္းနိုင္ငံက တိရိစၧာန္ေစာင့္ေရွာင္ေရး ေစတနာ့ဝန္းထမ္းေတြဟာ တစ္ေန႔မွာ အကူအညီမဲ့ၿပီး ေနမေကာင္းျဖစ္ေနတဲ့ ေခြးေလးတစ္ေကာင္ကို ေတြ႕ခဲ့ရပါတယ္။ မ်က္လုံးအျပာေရာင္ေလးနဲ႔ ခ်စ္စရာေခြးအမ်ိဳးအစားျဖစ္ေပမဲ့ သခင္မဲ့ၿပီး လမ္းႀကိဳးလမ္းၾကားမွာေနရတာေၾကာင့္ သူ႔ရဲ့ ပုံစံဟာ အိမ္းေမြးေခြးတစ္ေကာင္နဲ႔ မတူေတာ့ပါဘူး။

ဒါ့ေၾကာင့္ ေစတနာ့ဝန္ထမ္းေတြဟာ ေခြးေလးကို သူတို႔ရဲ့ တိရိစၧာန္ေစာင့္ေရွာက္ေရး ေဂဟာကို ေခၚေဆာင္သြားၿပီး ေသေသခ်ာခ်ာ ေဆးကုသေပးခဲ့ပါတယ္။ ေခြးေလးအေတာ္ေနေကာင္းသြားတဲ့အခါ ေမြးစားခ်င္တဲ့လူရွိရင္ ေခၚယူေမြးစားဖို႔ ထိုေခြးေလးရဲ့ ဓာတ္ပုံကို ရိုက္ၿပီး အြန္လိုင္းေပၚမွာ တင္ေပးခဲ့ပါတယ္။ အခ်ိန္တိုအတြင္းမွာပဲ ထိုေခြးေလးရဲ့ ဓာတ္ပုံဟာ ပ်ံ႕ႏွံသြားခဲ့ၿပီး ၂ရက္အၾကာမွာေတာ့ အမ်ိဳးသမီးႀကီးတစ္ေယာက္က ဆက္သြယ္လာခဲ့ပါတယ္။

အဆိုပါ အမ်ိဳးသမီးႀကီးဟာ အြန္လိုင္းမွာ တင္ထားတဲ့ ေခြးေလးရဲ့ ပုံကို ေတြ႕ၿပီး ဒီေခြးေလးဟာ လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္က သူေပ်ာက္ဆုံးသြားတဲ့ ေခြးေလးနဲ႔ အေတာ္တူတာေၾကာင့္ ေျပာဆိုၿပီး လာေရာက္ၾကည့္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ သူမရဲ့ ေခြးေလးဟာ လြန္ခဲ့တဲ့ ၂၀၁၇ခုႏွစ္က ၿခံဝန္းထဲမွာထားရင္း အခိုးခံခဲ့ရတာျဖစ္ၿပီး သူမလိုက္ရွာေသးေပမဲ့ မေတြ႕ခဲ့ဘူးလို႔ ဆိုပါတယ္။

တိရိစၧာန္ေစာင့္ေရွာက္ေရး ေဂဟာက ခြင့္ျပဳေပးတဲ့အတြက္ သူမေခြးကို လာေရာက္ၾကည့္ရွု႔တဲ့ အခ်ိန္မွာေတာ့ ေခြးေလးက သူမအေပၚ ဘယ္လို တုံ႔ျပန္သလဲ ဗီဒီယိုဖိုင္ကို ၾကည့္ၾကည့္ရင္ သိရွိနိုင္ပါတယ္။ အခ်ိန္အၾကာႀကီး ကြဲကြာသြားေပမဲ့ တစ္ဦးနဲ႔ တစ္ဦး မွတ္မိေနတဲ့ လူနဲ႔ တိရစၧာန္ၾကား သံေယာဇဥ္ကဘယ္ေလာက္ထိ ခိုင္ျမဲေနသလဲဆိုတာ ဒီဗီဒီယိုဖိုင္ေလးက သက္ေသပါပဲ။

အခုဆိုရင္ေတာ့ ေခြးေလးဟာ လမ္းေဘးမွာ ခက္ခက္ခဲခဲနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ဘဝက လြတ္ေျမာက္ၿပီး သခင္နဲ႔ အတူ ျပန္လည္စုံစည္းခြင့္ရခဲ့ပါၿပီ။

LEAVE A REPLY

Please enter your comment!
Please enter your name here