၁နှစ်မှ ၁၈နှစ်အရွယ် ကလေးတွေကို မိဘတွေအနေနဲ့ သင်ပေးဖို့ လိုအပ်တဲ့အရာများ

0
1666

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းဟာ တိုင်းပြည်ကို စီမံခန့်ခွဲခြင်းထက် နှလုံးသားပါတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ နက်ရှိုင်းတဲ့ ဉာဏ်ပညာတွေ ပိုပြီး လိုအပ်တယ်လို့ Publicist နဲ့ဘာသာရေးခေါင်းဆောင် William Channing ကဆိုပါတယ်။ ကလေးတွေ မကြီးပြင်းခင်မှာ သင်ပေးရမှာတွေ များစွာရှိတာကြောင့် ကလေးပြုစုပျိုးထာင်ခြင်း အနုပညာဟာ အတွေ့အကြုံရှိတဲ့ မိဘတွေအတွက်တောင် ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် သူတို့ကို သင်ပေးချင်တဲ့ အလေ့အထလေးတွေ၊ ကောင်းတဲ့အရာလေးတွေ ဖော်ပြတဲ့အခါမှာ မိဘတွေအနေနဲ့ ရှေ့ဆောင်လမ်းပြကောင်း ဖြစ်ဖို့လိုပါလိမ့်မယ်။

ဒါ့ကြောင့် တချို့အသက်အရွယ်ကလေးတွေမှာ သိထားသင့်တဲ့ အကြောင်းအရာလေးတွေ ရှိတာကြောင့် မိဘတွေအနေနဲ့ ကလေးကို ဘာတွေသင်ပေးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ ၅နှစ်နဲ့အထက်

မအောင်မြင်မှုတွေနဲ့ ဒေါသကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ ဆိုတာသိစေဖို့။ ( တစ်ခုခုမအောင်မြင်တဲ့အခါမှာ ဒေါသဖြစ်နေ၊ လက်လျော့နေမယ့်အစား နောက်တခါ ဘယ်လိုအောင်မြင်အောင် ကြိုးစားရမလဲဆိုတာ သိစေဖို့ဖြစ်ပါတယ်)

မိမိကိုယ်ကိုနဲ့ တခြားသူတွေကို ဘယ်လိုခွင့်လွတ်နိုင်မလဲ ဆိုတာသိစေဖို့။ (ကလေးတစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်တဲ့အခါ အငြိုးမထားဘဲ ခွင့်လွတ်တတ်စေဖို့ဖြစ်ပါတယ်)

စိတ်ခံစားမှုနှင့် ဉာဏ်ရည်လွတ်လပ်သော (self-sufficient) ဖြစ်ဖို့သင်ပေးထားရပါမယ်။

သူတို့ရဲ့အိမ်လိပ်စာကို သူတို့သိအောင် သင်ပေးထားရပါမယ်။

ဘယ်နေရာမှာမဆို သူစိမ်းတွေနဲ့သွားတာ၊ စကားပြောတာ မလုပ်ဖို့ သင်ပေးထားရပါမယ်။

ကျန်းမာတဲ့အစားအစာကို စားစေဖို့(မတည့်တဲ့အစားအစားတွေကို ရှောင်ကြဉ်ဖို့)။

သက်ကြီးရွယ်အိုနဲ့ လူကြီးတွေရဲ့ရှေ့မှာ ရှက်တဲ့ခံစားမှု မခံစားရစေဖို့။

သူတို့မှာ မသိတာတစ်ခုခုရှိရင် မေးခွန်းမေးရမှာ မကြောက်စေဖို့။

သူတို့ရဲ့လုပ်ရပ်တွေအတွက် ဘယ်လိုတာဝန်ယူရမလဲ ဆိုတာသိစေဖို့သင်ပေးထားပါ။

၂။ ၆နှစ်ကနေ ၈နှစ်

ရိုးရှင်းတဲ့ အစားအစာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ သိစေဖို့။( ဥပမာ-ကော်ဖီ/လက်ဖက်ရည်ဖျော်တာ)

အရေးပေါ်နံပါတ်များကို သိစေဖို့ ကလေးကို သင်ပေးထားရပါမယ်။

အချိန်နဲ့ အလုပ်လုပ်တတ်စေဖို့ သင်ပေးထားရပါမယ်။ (ဥပမာ- မနက်ဘယ်အချိန်ထရမယ်။ ဘယ်အချိန်မှာ ထမင်းစားရမလဲဆိုတဲ့ အလေ့အကျင့်ရသွားစေအောင် ဖြစ်ပါတယ်)

စည်းကမ်းလိုက်နာခြင်းဖြင့် လမ်းကို ဘယ်လိုကူးမလဲ? (ကျောင်းတတ်နေရတဲ့ ကလေးတွေအတွက် လမ်းဖြတ်ကူးတဲ့အခါ စည်းကမ်းတွေကို သိစေဖို့ ဖြစ်ပါတယ်)။

ထမင်းဝိုင်းက အပြုအမှုတွေ၊ ဓလေ့ထုံးစံတွေကို သိရှိစေဖို့ သင်ထားပေးရပါမယ်။

အင်တာနက် သို့ စာအုပ်တွေထဲမှာ သတင်းအချက်အလက်ကို ဘယ်လိုရှာဖွေရမလဲဆိုတာ သိစေဖို့ သင်ပေးရပါမယ်။ (အင်တာနက်သုံးတဲ့အရွယ်မှာ အကျိုးရှိရှိသုံးတတ်စေဖို့ ဖြစ်ပါတယ်)

မှားယွင်းနိုင်တာကြောင့် စိတ်ထဲမှာ ပေါ်လာသမျှ အရာအားလုံးကို မပြောဖို့။ (သေချာမသိဘဲ ပြောလိုက်မိတဲ့အရာတွေက တခြားသူကို နစ်နာစေတာ ထိခိုက်စေတာကြောင့်ဖြစ်ပါတယ်)။

တိရိစ္ဆာန်တွေကို ဘယ်လိုဂရုစိုက်ရမလဲ။ ပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်စောင့်ရှောက်ရမလဲ ဆိုတာ ကလေးအရွယ်မှာကတည်းက သိထားသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။

မိဘတွေရဲ့ ဖုန်းနံပါတ်တွေကို သိစေဖို့ သင်ထားပေးရပါမယ်။

၃။ ၉နှစ်ကနေ ၁၂နှစ်

လိုအင်ဆန္ဓနဲ့ လိုအပ်ချက်တွေကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ ဆိုတာကလေးတွေ သိစေဖို့။

ဝါသနာနဲ့ အဲ့ဒီအထဲက အောင်မြင်မှုကို ကြိုးစားရှာဖွေဖို့ ကလေးတွေကို သင်ပေးထားရပါမယ်။

သင့်လျော်စွာ ဝတ်စားဆင်ယင်တတ်စေဖို့။

အင်တာနက်သုံးတဲ့အခါ ဘေးကင်းတဲ့အပြုအမှု အခြေခံလေးတွေကို သိစေဖို့။

အိမ်သော့နဲ့ ပိုက်ဆံကို ဘယ်နေရာဖြစ်ဖြစ် မထားခဲ့ဖို့။

အသီးအရွက် အခွံနွာတာ၊ အလှဆင်တာ၊ ဟင်းတွေချက်ပြုတ်တာကို တတ်မြောက်စေဖို့။

တီဗီကြည့်တဲ့အခါ၊ ကွန်ပျူတာဂိမ်းကစားတဲ့အခါ အချိန်ကန့်သတ်ဖို့။

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ဖို့။

စတိုးဆိုင်မှာ ဈေးဝယ်တတ်စေဖို့။

ဆွေမျိုးရင်းချာတွေရဲ့ မွေးနေ့ကို သိစေဖို့။

၄။ ၁၃နှစ်ကနေ ၁၅နှစ်

အရက်နဲ့ မူးယစ်ဆေးဝါးက ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာ သတိထားမိစေဖို့။

ကလေးကို လမ်းတွေသိစေဖို့နဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို ရှောင်ရှားနိုင်ဖို့။

အများသုံးဘတ်စ်ကားတွေကို တစ်ယောက်တည်း စီးတတ်စေဖို့။

သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကို လက်ခံစေဖို့နှင့် ကိုယ့်မှာ အားသာချက်တွေရှိတယ်ဆိုတာ နားလည်စေဖို့။

သူတို့ရဲ့သူငယ်ချင်းမိတ်ဆွေတွေကို ဂရုစိုက်ဖို့။

သူတို့ မှားနေတဲ့အခါမှာ စိတ်မကောင်းပါဘူးလို့ပြောတတ်စေဖို့။

ပိုက်ဆံကို ဘယ်လိုနေရာတွေမှာ သုံးသင့်လဲ၊ ဘယ်လိုနေရာတွေမှာ စုသင့်လဲဆိုတာ သိစေဖို့။

တခြားသူတွေကို ဖိနှိပ်ဖို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေဖို့။

service ပေးတဲ့ဝန်ထမ်းတွေကို တလေးတစား ဆက်ဆံတတ်စေဖို့။

စိတ်ဓါတ်ကျခြင်းရဲ့အကျိုးဆက်တွေက ဘာတွေရှိနိုင်သလဲ၊ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ဆိုတာကို နားလည်စေဖို့။

၅။ ၁၆နှစ်ကနေ ၁၈နှစ်

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ စဉ်းစားဖို့။

ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိစေဖို့။

ပြဿနာတစ်ခုခုကို ဘယ်လိုညှိနှိုင်းရမလဲဆိုတာ ရှာဖွေတတ်စေဖို့။

သူတို့ရဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုစောင့်ကြည့်ရမလဲဆိုတာ သိစေဖို့။

သူတို့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သိစေဖို့။

သူတို့ရဲ့အနာဂတ်နဲ့ အလုပ်အကိုင်နှင့်ပတ်သတ်ပြီး ဘယ်လိုစဉ်းစားရမလဲဆိုတာ သိစေဖို့။

အသက်မွေးဝမ်းကျောင်း အလုပ်အပြင် စေတနာ့ဝန်ထမ်းလုပ်တတ်စေဖို့။

မျိုးဆက်ပွား ကျန်းမာရေးနှင့်ပတ်သတ်တာတွေ သိစေဖို့။

ကိုယ့်ရဲ့ခံစားမှုနဲ့ တခြားသူတွေရဲ့ ခံစားမှုကို ဘယ်လိုနားလည်ရမလဲဆိုတာ သိစေဖို့။

မိဘတွေအနေနဲ့ ကလေးတစ်ယောက်ကို အရွယ်ရောက်လာတဲ့အထိ အဖက်ဖက်က ပြည့်စုံနေအောင် ပြုစုပျိုးထောင်ရတာဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ယခုဖော်ပြထားတဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းလေးတွေမှာ ကိုယ့်ယဉ်ကျေးမှု၊ နိုင်ငံနဲ့ ကိုက်ညီတာ ရှိသလို၊ မကိုက်ညီတာတွေလည်း ရှိနိုင်ပါတယ်။

LM_Nandar

Source-brightside

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here