၁၈နှစ်ပြည့်ရင် လက်ထပ်ယူမယ်ကတိပေးပြီး ၁၄နှစ်အရွယ်ကောင်မလေးကို ၂၈၅ကြိမ်အထိ အဓမ္မပြုကျင့်ခဲ့တဲ့ ကျူရှင်ဆရာ

0
13049

မကြာသေးမှီက ထိုင်ဝမ်တောင်ပိုင်းမှာ ကျူရှင်ဆရာတစ်ဦးက အသက်မပြည့်သေးတဲ့ ကလေးကို စုစုပေါင်း အကြိမ်အရေအတွက် ၂၈၅ကြိမ်အထိ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါတယ်။ ETToday ရဲ့ အဆိုအရ Lan လို့ အမည်ရတဲ့ကောင်မလေးဟာ ၁၁နှစ်အရွယ်ကတည်းက အဆိုပါကျူရှင်ဆရာဆီမှာ ကျူရှင်တက်ခဲ့တာပါ။ ၂၀၁၄ခုနှစ်မှာ သူမအသက်က ၁၄နှစ်သာ ရှိပါသေးတယ်။

အဲ့ဒီနောက် သူ့မ အသက် ၁၈နှစ်ပြည့်ရင် ကျူရှင်ဆရာက လက်ထပ်ယူမယ်လို့ ကတိပေးထားတဲ့အတွက် သူရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးခဲ့ပါတယ်။ အဆိုပါ ကျူရှင်ဆရာဟာ ပထမ ၈လအတွင်း ၁၂၉ကြိမ်၊ ဒုတိယ ၇လအတွင်း ၁၅၆ကြိမ်၊ စုစုပေါင်း ၂၈၅ကြိမ်တိတိ သူမနဲ့အတူလိင်ဆက်ဆံခဲ့ဖူးပါတယ်။

အဲ့ဒီနောက် သူမအသက် ၁၆နှစ်ရောက်တဲ့အခါမှာတော့ ကျူရှင်ဆရာက သူ့တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ရပ်တန့်သင့်ကြောင်း၊ သူ့မှာ အခြားအမျိုးသမီးကို လက်ထပ်ဖို့အစီစဉ်ရှိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒီအချက်ဟာ ကျူရှင်ဆရာအတွက်တကယ့်ကို အမှားကြီး မှားတာပါပဲ။ ၂နှစ်နီးပါးလောက်သူမနဲ့အတူ နေခဲ့ပြီးမှ အခုလို လမ်းခွဲမယ်ဆိုတာတော့ ဘယ်မိန်းကလေးကမှ လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။

Lan ဟာ အဆိုပါ ကျူရှင်ဆရာဖွင့်ထားတဲ့ သင်တန်းကျောင်းရဲ့ မကောင်းကြောင်းကို အွန်လိုင်းပေါ်တင်ပြီး အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမဲ့ သူမတို့နှစ်ဦးကြားက ကိစ္စကို အလုံးစုံ မသိတဲ့ မိခင်က တားမြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Lan ဟာ သူတို့နှစ်ဦးရဲ့ အကြောင်းစုံကို မိခင်အားဖွင့်ပြောခဲ့ပါတယ်။ အကြောင်းစုံကို သိရတဲ့ အချိန်မှာတော့ Lan ရဲ့ မိခင်လည်း အရမ်းကို ဒေါသထွက်ပြီး အရမ်းလည်း ဝမ်းနည်းခဲ့ရပါတယ်။

အဲ့ဒါကြောင့် သမီးဖြစ်သူအတွက် မကောင်းမှန်းသိပေမဲ့လည်း သွေးဆောင်ဖြာယောင်းပြီး တာဝန်ယူစိတ်မရှိတာကြောင့် အဆိုပါ ကျူရှင်ဆရာကို ရဲတွေဆီ အမူဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်သေအနေနဲ့ ကံကောင်းတာက သူမဆီမှာ နှစ်ဦးသားပတ်သက်ခဲ့သမျှ အကြောင်းအရာတွေကို အသေးစိတ်မှတ်သားထားတဲ့ဒိုင္ယာရီစာအုပ်လေးရှိပါတယ်။ အဆိုပါ စာအုပ်ထဲမှာတော့ သူမတို့ အတူနေခဲ့ဖူးတဲ့ အကြိမ်အရေအတွက်ကအစ အသေးစိတ်မှတ်သားထားတာပါ။

လက်ရှိမှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်တဲ့ အမူနဲ့ ထောင်ဒဏ် ၉နှစ်နဲ့ ၆လ တရားရုံးက ချမှတ်ခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

၁၈ႏွစ္ျပည့္ရင္ လက္ထပ္ယူမယ္ကတိေပးၿပီး ၁၄ႏွစ္အရြယ္ေကာင္မေလးကို ၂၈၅ႀကိမ္အထိ အဓမၼျပဳက်င့္ခဲ့တဲ့ က်ဴရွင္ဆရာ

မၾကာေသးမွီက ထိုင္ဝမ္ေတာင္ပိုင္းမွာ က်ဴရွင္ဆရာတစ္ဦးက အသက္မျပည့္ေသးတဲ့ ကေလးကို စုစုေပါင္း အႀကိမ္အေရအတြက္ ၂၈၅ႀကိမ္အထိ အဓမၼျပဳက်င့္ခဲ့တဲ့ ျဖစ္စဥ္ေပၚေပါက္ခဲ့ပါတယ္။ ETToday ရဲ့ အဆိုအရ Lan လို႔ အမည္ရတဲ့ေကာင္မေလးဟာ ၁၁ႏွစ္အရြယ္ကတည္းက အဆိုပါက်ဴရွင္ဆရာဆီမွာ က်ဴရွင္တက္ခဲ့တာပါ။ ၂၀၁၄ခုႏွစ္မွာ သူမအသက္က ၁၄ႏွစ္သာ ရွိပါေသးတယ္။

အဲ့ဒီေနာက္ သူ႔မ အသက္ ၁၈ႏွစ္ျပည့္ရင္ က်ဴရွင္ဆရာက လက္ထပ္ယူမယ္လို႔ ကတိေပးထားတဲ့အတြက္ သူရဲ့ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာေပးခဲ့ပါတယ္။ အဆိုပါ က်ဴရွင္ဆရာဟာ ပထမ ၈လအတြင္း ၁၂၉ႀကိမ္၊ ဒုတိယ ၇လအတြင္း ၁၅၆ႀကိမ္၊ စုစုေပါင္း ၂၈၅ႀကိမ္တိတိ သူမနဲ႔အတူလိင္ဆက္ဆံခဲ့ဖူးပါတယ္။

အဲ့ဒီေနာက္ သူမအသက္ ၁၆ႏွစ္ေရာက္တဲ့အခါမွာေတာ့ က်ဴရွင္ဆရာက သူ႔တို႔ႏွစ္ဦးရဲ့ ဆက္ဆံေရးကို ရပ္တန္႔သင့္ေၾကာင္း၊ သူ႔မွာ အျခားအမ်ိဳးသမီးကို လက္ထပ္ဖို႔အစီစဥ္ရွိေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။ ဒီအခ်က္ဟာ က်ဴရွင္ဆရာအတြက္တကယ့္ကို အမွားႀကီး မွားတာပါပဲ။ ၂ႏွစ္နီးပါးေလာက္သူမနဲ႔အတူ ေနခဲ့ၿပီးမွ အခုလို လမ္းခြဲမယ္ဆိုတာေတာ့ ဘယ္မိန္းကေလးကမွ လက္ခံနိုင္ၾကမွာမဟုတ္ပါဘူး။

Lan ဟာ အဆိုပါ က်ဴရွင္ဆရာဖြင့္ထားတဲ့ သင္တန္းေက်ာင္းရဲ့ မေကာင္းေၾကာင္းကို အြန္လိုင္းေပၚတင္ၿပီး အရွက္ခြဲဖို႔ ႀကိဳးစားခဲ့ေပမဲ့ သူမတို႔ႏွစ္ဦးၾကားက ကိစၥကို အလုံးစုံ မသိတဲ့ မိခင္က တားျမစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Lan ဟာ သူတို႔ႏွစ္ဦးရဲ့ အေၾကာင္းစုံကို မိခင္အားဖြင့္ေျပာခဲ့ပါတယ္။အေၾကာင္းစုံကို သိရတဲ့ အခ်ိန္မွာေတာ့ Lan ရဲ့ မိခင္လည္း အရမ္းကို ေဒါသထြက္ၿပီး အရမ္းလည္း ဝမ္းနည္းခဲ့ရပါတယ္။

အဲ့ဒါေၾကာင့္ သမီးျဖစ္သူအတြက္ မေကာင္းမွန္းသိေပမဲ့လည္း ေသြးေဆာင္ျဖာေယာင္းၿပီး တာဝန္ယူစိတ္မရွိတာေၾကာင့္ အဆိုပါ က်ဴရွင္ဆရာကို ရဲေတြဆီ အမူဖြင့္ တိုင္ၾကားခဲ့ပါတယ္။ သက္ေသအေနနဲ႔ ကံေကာင္းတာက သူမဆီမွာ ႏွစ္ဦးသားပတ္သက္ခဲ့သမၽွ အေၾကာင္းအရာေတြကို အေသးစိတ္မွတ္သားထားတဲ့ဒိုင္ယာရီစာအုပ္ေလးရွိပါတယ္။ အဆိုပါ စာအုပ္ထဲမွာေတာ့ သူမတို႔ အတူေနခဲ့ဖူးတဲ့ အႀကိမ္အေရအတြက္ကအစ အေသးစိတ္မွတ္သားထားတာပါ။

လက္ရွိမွာေတာ့ အသက္မျပည့္ေသးတဲ့ မိန္းကေလးကို အဓမၼျပဳက်င့္တဲ့ အမူနဲ႔ ေထာင္ဒဏ္ ၉ႏွစ္နဲ႔ ၆လ တရား႐ုံးက ခ်မွတ္ခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here