၁၄.၆.၂၀၁၉ သောကြာနေ့အတွက် ရာသီခွင်အလိုက် ကံပြောင်းလဲမှု

0
180

မိဿရာသီဖွား (March21-April19)
အလိုလျောက်ဖြစ်လာတဲ့ စိတ်ကူးသစ်အကြံဉာဏ်သစ်တွေဟာ သင့်ဘဝကိုတိုးတက်ကိန်းကြုံပါမယ်။ ဒီရက်ကိုအသုံးချပြီး စိတ်အားထက်သန်စွာနဲ့ တီတွင်ဖန်တီးခြင်းကြောင့် ဘဝရဲ့ကောင်းမွန်တဲ့ level တစ်ခုကိုတက်လှမ်းနိုင်ဖို့ အခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ သင်အရင်က မလုပ်နိုင်ခဲ့တဲ့ ပန်းချီ၊ ဂီတ၊ စာရေးခြင်း စတဲ့အရာတွေကို ဒီအချိန်မှာ လုပ်ဆောင်ခြင်းဖြင့် သင့်ကိုယ်သင်အံ့သြရလောက်တဲ့အထိ တိုးတက်မှုမျိုးကြုံပါမယ်။ ဘယ်အလုပ်မျိုးကိုပဲလုပ်လုပ် ထူးခြားတဲ့သင့်ရဲ့စိတ်ကူးယဉ်မှုကို အသုံးချပြီး အရာရာအောင်မြင်မှုကို ရယူပါ။

-Advertisement-

ပြိဿရာသီဖွား (April 20 – May 21)
ပြိဿရာသီဖွားတွေအတွက် ဒီနေ့ဟာဟိုးအရင်အတိတ်ကအကြောင်းတွေဆီ စိတ်ရောက်နေပြီး အတိတ်ကလွမ်းဆွတ်မှုတွေ ဝေဒနာတွေကို သတိရနေမယ့်နေ့တစ်နေ့ဖြစ်ပါတယ်။ အတိတ်က ပျော်ရွင်ခဲ့တာတွေကိုလည်း ပြန်လည်တူးဖော်ပြီး စိတ်ကူးယဉ်ခံစားနေမယ်။ ဒါပေမယ့် အတိတ်ကအကြောင်းတွေကို ပြန်လည်ခံစားနေပြီး ကျေနပ်နေမယ့်အစား
လက်ရှိအချိန်ကို ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ သင်အရင်ကကြုံတွေ့ခဲ့တာတွေထက် ပိုကောင်းတဲ့အခွင့်အရေးတွေ ဘဝမှာအများကြီးကျန်သေးတယ်ဆိုတာကို သတိရပါ။

မေထုန်ရာသီဖွား (May22- June21)
ဒီနေ့မှာ သင့်ကိုယ်သင်နှိမ့်ချပါ။ ဒီနေ့ဟာ သင့်ရဲ့စိတ်ဝိညာဉ်ကို သန့်စင်ဖို့လိုအပ်နေပြီး လိုအပ်တဲ့တောင်းပန်မှုတွေကို သေချာပြုလုပ်ပေးပါ။ သင့်မှာ လူတွနဲ့ပြုမူဆက်ဆံတာတွေနဲ့ပတ်သတ်ပြီး လေးစားမှုတွေခံခဲ့ရသလို စိတ်မကောင်းဖြစ်စရာကိစ္စတွေလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။ သင့်စိတ်ထဲမှာ မှားယွင်းပြီး ပြောဆိုခဲ့တာတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားမနေပဲနဲ့ ယနေ့မှာသူတို့ကိုတောင်းပန်လိုက်ခြင်းကြောင့်
သင့်ဘဝရဲ့စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာပါ။

Cancer (June22-July22)
ဒီနေ့သင်အိပ်ရာနိုးတာနဲ့ ညကမက်ခဲ့တဲ့အိပ်မက်တွေ ထူးခြားတဲ့စိတ်ကူးတွေကို အမိအရပြန်လည်ဖမ်းဆုပ်ဖို့လိုပါတယ်။ ဒီနိမိတ်တွေကို အနီးကပ် အာရုံစိုက်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့မှာကြုံရတဲ့စိတ်ကူးတွေ နမိတ်တွေဟာ သင့်အနာဂတ်အတွက် တန်ဖိုးရှိတဲ့အမြင်တွေ၊ သင်ခန်းစာတွေ အမြောက်အမြားကို ရရှိနိုင်ပြီး သင့်ရဲ့အနာဂတ်အတွက် ပြင်ဆင်နိုင်ပါလိမ့်မယ်။

သိဟ်ရာသီဖွား (July23-August22)
အခုအတောအတွင်း သင့်အတွက် မကောင်းတဲ့စွမ်းအင်တွေ အညံ့တွေနဲ့ ပြည့်နှက်နေပြီး ဒါတွေအားလုံးဟာ သင်တွေ့ကြုံခဲ့ရတဲ့ စိတ်ဖိစီးစရာတွေကြောင့်ပဲ ဖြစ်ပါတယ်။ သင်မှာရှိတဲ့ ဖိအားတွေကနေ သင့်ကိုယ်သင်ပြန်လည်ကယ်တင်နိုင်စေဖို့အတွက် သင်ရဲ့စိုးရိမ်မှုတွေ ပြဿနာတွေကို ပြောပြနိုင်မယ့် သူတစ်ယောက်ကိုရှာဖွေပြီး ပြောပြလိုက်ပါ။
တကယ်လို့ သူကသင့်အတွက် အကြံဉာဏ်တွေမပေးနိုင်ရင်တောင်မှ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေလိုက်တဲ့အတွက် သင့်ရဲ့ဝန်တွေပေါ့ပါးသွားစေမှာပါ။

ကန်ရာသီဖွား ( August23-September22)
ယနေ့ဟာ သင်ဘယ်လိုဆိုတာကို ဖွင့်လှစ်ပြနိုင်ဖို့အတွက် နေ့ကောင်းတစ်ရက်ဖြစ်ပါတယ်။ လူတွေကသင့်ဆီက အကြံဉာဏ်တွေ၊ လမ်းညွှန်ချက်တွေကို ခံယူကြမှာပါ။ သင့်ရဲ့ ဘယ်လိုစိတ်ကူး၊ အမြင်ကိုပဲဖြစ်ဖြစ် ထိန်ချန်မထားပါနဲ့။ သင့်ရဲ့ထုတ်ဖော်မှုကို လူတွေက နေရာတစ်ခုပေးပါလိမ့်မယ်။

တူရာသီဖွား (September 23– October 22)
ယနေ့မှာ အခြားသူတွေဆီကို အကောင်းမြင်မှုတွေ၊ ကြင်နာမှုတွေ နဲ့မေတ္တာတွေကို ဖြန့်ကျက်ပေးပါ။ သင်ကသူတို့အပေါ်မှာ တန်ဖိုးထားကြောင်း သိရှိပါစေ။ သင့်ဟာ ယနေ့အတွက် လူတွေအားလုံးထဲမှာ အကောင်းဖက်ဆောင်တဲ့စွမ်းအင်တွေ ပေါင်းကူးပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။

ဗြိစ္ဆာရာသီဖွား (October23-November22)
သင့်အတွက်ယနေ့ဟာ ပြဿနာတွေ တရစပ်ကြုံတွေ့နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ သင့်ဘဝထဲကို ဝင်လာတဲ့အခါ သင့်အနေနဲ့ ပိုမိုရှုပ်ထွေးသွားအောင် မလုပ်မိဖို့အတွက် အသေအချာဂရုစိုက်ပေးပါ။ တစ်ခါတစ်လေမှာ ပြဿနာရဲ့အဖြေဟာ သင့်ရဲ့မျက်နှာရှေ့ကို ရောက်လာပေမယ့် သင်မြင်နိုင်စွမ်း မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ သင်က အဆိုပါပြဿနာကို အရမ်းခက်ခက်ခဲခဲကြီး စဥ်းစားနေလို့ပါ။ ဒါ့ကြောင့် ပြဿနာတွေကို ကျော်လွှားဖို့ကြိုးစားတဲ့အခါ အရိုးရှင်းဆုံးချဉ်းကပ်မှုနဲ့ ကြိုးစားပေးပါ။

ဓနုရာသီဖွား (November 23- December 21)
သင်ဟာ single ပဲဖြစ်ဖြစ် relationship ရှိသူပဲဖြစ်ဖြစ် အချစ်ရေးမှာ ကောင်းမွန်တဲ့ ကံကြမ္မာမျိုးကို ပြန်လည်ခံစားရပါလိမ့်မယ်။ အရင်က အဆင်မပြေဖြစ်ခဲ့မှုတွေ နာကျင်ခဲ့ရတာတွေကို မေ့လိုက်ပါ။ ယနေ့သင်စိတ်ဝင်စားတဲ့သူဟာ သင်ဘဝအတွက်အရေးအပါဆုံးသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ယနေ့မှာ သင့်ရဲ့စိတ်အေးချမ်းနေပြီး အလိုလိုစန်းပွင့်နေပါလိမ့်မယ်။

မကရရာသီဖွား (December 22- January 20)
သင်ဟာ ခံစားချက်တွေကို ဖုံးကွယ်ထားတတ်ပြီး ကိုယ့်စိတ်ထဲရှိနေတာတွေကို ပြောဖို့ဝန်လေးတတ်သူဆိုရင် ဒီနေ့မှာသင်ပြောချင်တာတွေကို သက်ဆိုင်တဲ့သူတွေဆီ ပြောပြလိုက်ပါ။ သင့်ဘဝရဲ့ ယုံကြည်ရတဲ့သူတစ်ယောက်ကို သင့်ရဲ့ပစ္စည်းပစ္စယတွေအကြောင်း အသိပေးဖို့ကိုမကြောက်ပါနဲ့။ ဒီနေ့ဟာ သင့်စိတ်ကိုဖွင့်လှစ်ဖို့ သင့်တော်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။

ကုံရာသီဖွား (January 21- Feb 18)
သင့်ကိုတစ်စုံတစ်ခုက အချိန်အကြာကြီးထိအောင် အနှောက်အယှက်ပေးခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ သင်အဲ့ဒီအရာကို သေချာထိုင်ပြီး စဥ်းစားရမယ့်အချိန်ပါ။ ဒီအရာကို အခုချိန်တွေးတောပြီးမဖြေရှင်းပဲထားရင် ဘဝတစ်လျှောက်လုံးသင့်ကို အနှောက်အယှက်ပေးပါလိမ့်မယ်။

မိန်ရာသီဖွား (Feb19- March 20)
သင့်ရဲ့စိတ်ခံစားချက်ကို လွှမ်းမိုးမှုမခံပါနဲ့ ဒီအရာကသင့်ဘဝအတွက် ဒီနေ့မှာနေရာတစ်နေရာယူဖို့ ကြိုးစားနေပါတယ်။ အရာအားလုံးဟာလည်း ဝန်ထုတ်ဝန်ပိုးအကြီးကြီးလိုသင့်ကို ခံစားနေရပြီး သင့်ရဲ့ရှု့ထောင့်ကို စီမံဖို့ကြိုးစားပါ။ ဒီလိုအခြေအနေမျိုးတွေ သင်အရင်ကဖြစ်ခဲ့ဖူးပြီး သင်ဖြေရှင်းနိုင်ဖို့လမ်းစတွေ့ခဲ့တာကို သတိရပါ။ သင့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကို လျှော့မတွက်ပါနဲ့။

LM_Naung_Naung

Lifestyle_Myanmar Source

LEAVE A REPLY

Please enter your comment!
Please enter your name here