၁၃.၆.၂၀၁၉ ကြာသာပတေးနေ့အတွက် ရာသီခွင်အလိုက် ကံပြောင်းလဲမှု
0
68
တူရာသီဖွား
မကရရာသီဖွား
LM_Naung_Naung
Lifestyle_Myanmar
Source
Unicode
၁၃.၆.၂၀၁၉ ကြာသာပတေးနေ့အတွက် ရာသီခွင်အလိုက် ကံပြောင်းလဲမှု
မိဿရာသီဖွား (မတ်လ ၂၁- ဧပရယ်၁၉)
ယနေ့အတွက် သင့်ရဲ့စိတ်ခံစားချက်တွေက သိပ်ပြီးအဆင်မပြေမှုတွေကို ခံစားရနေနိုင်ပါတယ်။ ယနေ့အတွက် အခြားသူတွေနဲ့ ပူပေါင်းပြီး ဆောင်ရွက်ခြင်းထက် ကိုယ်တစ်ယောက်တည်း သီးသန့်ဆောင်ရွက်ခြင်းက သင့်အတွက်ပိုအဆင်ပြေပါလိမ့်မယ်။ မိဿရာသီဖွားတွေအတွက် ယနေ့ဟာ personal ခရီးထွက်ဖို့ ကောင်းတဲ့အချိန်ဖြစ်ပြီး တစ်နေရာရာကိုသွားတဲ့အခါ အခြားသူတွေမပါပဲ တစ်ယောက်တည်း သွားသင့်ပါတယ်။
၂။ ပြိဿရာသီဖွား ( ဧပြီ ၂၀-မေလ ၂၁)
ပြိဿရာသီဖွားတွေအတွက် ယနေ့ဟာ ပိတ်လှောင်ခံရတဲ့ ခံစားချက်မျိုး ခံစားနေရနိုင်ပါတယ်။ သင့်ရဲ့ပင်ကိုစရိုက်ကို ဆန့်ကျင့်ဖို့အတွက် တွန်းအားပေးနေတဲ့ သူတွေရှိနေပြီး ကိုယ့်အပေါ်ဖိစီးနေတဲ့ ကိန်းဂဏာန်းတွေ၊ အာဏာတွေကြောင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရနိုင်ပါတယ်
ဒါပေမယ့် ယခုလိုအရာတွေက သင့်ကိုသောကမရောက်စေသင့်ပါဘူး။ ပြဿနာတိုင်းရဲ့အဖြေက သင့်ဆီကိုအချိန်နဲ့တပြေးညီ ရောက်လာမှဖြစ်တဲ့အတွက် ယခုလိုပြဿနာတိုင်းကို ရှုထောင့်ပေါင်းစုံက ကြည့်ဖို့သတိပေးပါရစေ။
မေထုန်ရာသီဖွား ( မေ ၂၂- ဇွန်လ ၂၁)
မေထုန်ရာသီဖွားတွေအတွက် ယခုအချိန်ဟာ စိတ်ရဲ့အသံကိုနားထောင်ဖို့ လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးသစ် အကြံသစ်တွေက အရာရာတိုင်းကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့စိတ်ကူး အကြံအစည်တွေကို အသေအချာဝေဖန်ပိုင်းခြားခြင်းဖြင့် ပိုပြီးထိရောက် အောင်မြင်စေမှာ ဖြစ်ပါတယ်။
ကရကဋ်ရာသီဖွား ( ဇွန်လ ၂၂ – ဇူလိုင် ၂၂)
ထူးထူးခြားခြား သင့်အတွက်ယနေဟာ ဘာသာရေး၊ နိုင်ငံရေးတို့လို လေးနက်သိမ်မွေ့တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး သင့်ကိုယ်သင်ပြန်လည်မေးခွန်းထုတ်ရမယ့် အခြေအနေဆီကို ရောက်ရှိနိုင်ပါတယ်။
ယခုအကြောင်းအရာတွေအကြောင်းကို သင်ပြောတဲ့အချိန်မှာလည်း သင်ဟာဘယ်လိုပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဆိုတာကို လူတွေရှင်းရှင်းလင်းလင်း နားလည်နိုင်တဲ့ အချိန်လည်းဖြစ်ပါတယ်။
ယခုအချိန်ဟာ သင့်ဘေးနားကလူတွေ သင့်ကိုနက်ရှိုင်းစွာနားလည်ပေးကြပါလိမ့်မယ်။
သိဟ်ရာသီဖွား (ဂျူလိုင်၂၃- သြဂုတ်လ ၂၂)
ယနေဟာ သင့်အတွက်အပြောင်းအလဲကိစ္စတွေမှာ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေရဲ့အမြင်မှာ သင့်ကိုဘယ်လိုမြင်နေလဲဆိုတာကို သင်အရမ်းဂရုစိုက်နေတာကြောင့် ဖြစ်ပါတယ်။ လူတွေရဲ့မျက်လုံးအစုံက သင့်ရဲ့ပေါ့တီးပေါ့ဆအမှားတွေကို စောင့်ကြည့်နေတယ်လို့ သင်ထင်နေနိုင်ပါတယ်။ ဒါပေမယ့် သင့်ပတ်ဝန်းကျင်က လူတွေက သင့်ကိုမနှောက်ယှက်ဖူးဆိုတာကို သင်နားလည်ဖို့လိုပါတယ်။ သူတို့သင့်ကို စောင့်ကြည့်နေနေ မနေနေ ယနေ့ဟာ သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ကန်ရာသီဖွား (သြဂုတ်လ ၂၃ – စက်တင်ဘာ ၂၂)
သင့်အတွက်ယနေဟာ စိတ်ပျက်အားလျော့မှုတွေနဲ့ လေးလံတဲ့စိတ်ကို ခံစားနေရနိုင်ပါတယ်။ မိတ်ဆွေ သင်အရမ်းကိုလည်း ပင်ပန်းနေပါပြီ ဘာကြောင့်လဲဆိုတော့ အလုပ်အားလုံးရဲ့တာဝန်အတော်များများက သင့်အပေါ်ဖိစီးမှုတွေ များခဲ့လို့ပါ။ ဒီလိုဖိစီးမှုတွေ ဘယ်အချိန်ထိရှိနေမယ်ဆိုတာကိုလည်း သင်ခန့်မှန်းလို့မရတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့စိတ်ခံစားချက်ကို ဒီလိုနည်းနဲ့မမြင်ပဲ သင်ဘယ်လောက်ထိရောက်ခဲ့တယ်ဆိုတာကို ဂုဏ်ယူလိုက်ပါ။ အနာဂတ်ကိုရင်ဆိုင်ဖို့အတွက် ယုံကြည်မှုနဲ့ အရှိန်အဟုန်ရှိဖို့လိုပါတယ်။
တူရာသီဖွား
တူရာသီဖွားတွေအတွက် လွတ်လပ်မှုဟာ ယနေ့အတွက် ဆောင်ပုဒ်တစ်ခုလိုပါပဲ။ ဒါပေမယ့် ဘယ်လိုလွတ်လပ်မှုမျိုးကို ဒီနေ့သင်လိုလားပါသလဲ၊ အချစ်ရေးနဲ့ပတ်သတ်တဲ့ လွတ်လပ်မှုလား၊ အလုပ်နဲ့ပတ်သတ်တဲ့ လွတ်လပ်မှုမျိုးလား၊ သို့မဟုတ် ဝါသနာနဲ့ စိတ်အားသန်မှုအတွက် လွတ်လပ်မှုမျိုးလား
ဘယ်လိုလွတ်လပ်မှုမျိုးပဲဖြစ်ဖြစ် သင်လက်ဝယ်ပိုင်ဆိုင်ဖို့အခွင့်ကောင်းပါပဲ။ ယနေ့ဟာ သင့်အတွက် အတွေ့အကြုံအသစ်တွေကို ရှာဖွေဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်နေပါတယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ၂၃- နိုဝင်ဘာ ၂၂)
ယနေ့ဟာ ဗြိစ္ဆာရာသီဖွားတိုင်း ကိုယ့်ကိုယ်ကိုယုံကြည်လွန်းတဲ့စိတ်ကို လေ့လာသင်ယူဖို့ အချိန်ကောင်းပါပဲ။ ဗြိစ္ဆာရာသီဖွားတွေဟာ အခြေအနေအလိုက် မီးစင်ကြည့်ကတတ်တဲ့ အရည်အချင်းပြည့်ဝသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် သင့်ကိုယ်တိုင်အတွက် ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက်လည်း လိုအပ်နေပါတယ်။ အခြားသူတွေအတွက် ဆုံးဖြတ်ချက်ချမှတ်မှုတွေအတွက် တာဝန်ခံနိုင်မှုဟာလည်း သင့်အတွက်ရေရှည်မှာ ထိန်းသိမ်းဖို့မလွယ်ပါဘူး။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၃- ဒီဇင်ဘာ ၂၁)
ယနေ့ဟာ သင့်အတွက် မတူညီတဲ့စွမ်းအင်တွေ ရရှိနေတဲ့ အချိန်ပါပဲ။ သင့်ရဲ့ခံစားချက်ဟာ ပိုးအိမ်ထဲက ထွက်လာတဲ့လိပ်ပြာလေးလို၊ အထီးကျန်မှုတွေ၊ အကျဥ်းကျခံရမှုတွေကနေ လွတ်မြောက်လာသူတစ်ယောက်လို့ ခံစားနေရပါတယ်။ လောကကြီးထဲမှာ စူးစမ်းလေ့လာချင်စိတ်တွေ ပြင်းပြနေတဲ့
အချိန်လည်းဖြစ်ပါတယ်။ သင်တတ်နိုင်သမျှ လူတွေအများကြီးနဲ့လည်း စကားတွေပြောချင်နေပါလိမ့်မယ်။ ဒါပေမယ့်သင်သတိထားရမှာက သင့်ရဲ့တာဝန်ဝတ္တရားတွေကို မဆုံးရှုံးစေဖို့ ဂရုစိုက်ပါ။ ယနေ့အတွက် အကောင်းဖက်ဆောင်တဲ့ စွမ်းအင်တွေ၊ ပျော်ရွင်မှုတွေကို အကျိုးရှိရှိအသုံးချဖို့ လိုပါတယ်။
မကရရာသီဖွား
ဒီနေ့ဟာ သင့်အတွက် ထူးဆန်းပြီး ခွတီးခွကျ နိုင်တဲ့နေ့တစ်နေ့ပါ။ ဘယ်အရာတွေကိုပဲ သင်လုပ်လုပ် မှန်ကန်အောင် မစွမ်းဆောင်နိုင်ဘူးလို့ ခံစားနေရပါတယ်။ တကယ်လည်း ယနေမှာဆောင်ရွက်သမျှတွေဟာ ကမောက်ကမနဲ့ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် လူတွေအားလုံးမှာ ကံဆိုးတဲ့နေရှိတယ်ဆိုတာကို သတိရပါ။ ဒီလိုအဆင်မပြေမှုတွေက သင့်အပေါ်ဖိစီးဖို့ ခွင့်မပြုသင့်ပါဘူး။
ကုံရာသီဖွား ( ဇန်နဝါရီ ၂၁- ဖေဖော်ဝါရီ ၁၈)
ယနေ့ဟာ သင့်ရဲ့တာဝန်ခံမှုတွေ အလုပ်တွေမှာ ခက်ခဲတဲ့နေ့တစ်နေ့ပါ။ သင့်ရဲ့စိတ်မှာ တာဝန် ဝတ္တရားတွေကို စွန့်လွှတ်ပြီး ပျော်စရာတစ်ခုခုကို ရှာဖွေချင်တဲ့စိတ် ဖြစ်ပေါ်နေပါတယ်။
ဒီနေ့မှာ သင်ပျော်စရာတစ်ခုခု ရရှိသင့်ပါတယ်။ သို့သော်လည်း သင်ရဲ့အလုပ်တွေကို အာရုံစိုက်ထားဖို့တော့ လိုပါလိမ့်မယ်။ အလုပ်ကနေအိမ်ပြန်ရောက်တဲ့အခါ ညစာကောင်းကောင်းစားဖို့နဲ့ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖို့မမေ့ပါနဲ့။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉- မတ်လ ၂၀)
ယနေ့ဟာ သင့်တွက် မေးခွန်းတွေနဲ့ သင်ယူမှုတွေ ရှိနေတဲ့အချိန်ပါပဲ။ သင့်ကိုနောက်ပြန်မဆွဲစေဖို့အတွက် သေချာပါစေ။ ယနေ့ဟာ သင့်အတွက် အဖိုးတန်းတဲ့ ဘဝသင်ခန်းစာတွေနဲ့ အခွင့်အလမ်းတွေ ရရှိနိုင်တဲ့ နေ့တစ်နေ့ဖြစ်ပြီး ကွဲပြားခြားနားနဲ့ အခြေအနေတွေထဲကို သင်ရောက်ရှိနေပါတယ်။
သင်သိချင်တဲ့ မေးခွန်းတွေကို မေးဖို့အတွက် ဒီနေ့မှာရှက်မနေပါနဲ့ ၊ သိချင်တာတွေကို တတ်နိုင်သမျှမေးပါ။ ဒီနေ့ပြီးသွားတဲ့အခါ သင့်စိတ်ထဲမှာ ပြည့်ဝမှု၊ အသိဉာဏ်ပညာတိုးတက်မှုတွေကို ခံစားရပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
LEAVE A REPLY
Please enter your comment!
Please enter your name here