၁၁လသား ဘေဘီလေးအတွက် လေ့လာသင်ယူခြင်း လှုပ်ရှားမှု (၃)မျိုး

0
25

အသက် ၁၁လအရွယ်ဟာ သားသားမီးမီးတို့ရဲ့ ဘဝမှာ ဖွံ့ဖြိုးတိုးတတ်မှု အမြန်ဆုံးအရွယ်ပါ။ ဒီအရွယ်မှာ အကူအညီမလိုဘဲ သူ့ဘာသာသူ မတ်တပ်ရပ်နိုင်လာပြီး လမ်းစလျှောက်တတ်နေပါပြီ။ ဒီအရွယ်မှာ သားသားမီးမီးတွေဟာ ရေခွက်ကိုမြဲမြဲကိုင်ပြီး သူ့ဘာသာသူ သောက်တတ်ဖို့ သင်ယူပါတယ်။ ဘေဘီလေး ၁၁လသားအရွယ်ကို ရောက်ပြီဆိုရင် အောက်ပါအချက်တွေကို လုပ်နိုင်စွမ်းရှိလာပါပြီ။ သို့သော်လည်း ကလေးတွေဟာ ကိုယ်ပိုင်နှုန်းထားအတိုင်း ဖွံ့ဖြိုးတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဖွံ့ဖြိုးပုံမတူညီတာကို သတိရဖို့လိုပါတယ်။

ဒီအသက်အရွယ်မှာ ဘေဘီလေးတွေဟာ တစ်ခုခုတောင်းတဲ့အခါ လက်နှင့်ညွှန်ပြတာ သို့မဟုတ် အမူအရာနှင့် လုပ်ပြပါလိမ့်မယ်။ ဖေဖေ့၊ မေမေ့ဆိုတဲ့ စကားလုံးအတိုလေးတွေ ပြောတတ်လာပါပြီ။ ခွက်ထဲကနေ နည်းနည်းချင်းစီ စုပ်သောက်တတ်နေပါပြီ။ လက်တစ်ဖက်ထဲကိုင်ပြီး လမ်းလျှောက်နေတတ်ပါပြီ။

၁၁လသားအရွယ်ကလေးတွေအတွက် လေ့လာသင်ယူခြင်း လှုပ်ရှားမှု ၃မျိုး

၁၁လသားအရွယ်ဟာ အငြိမ်မနေကြသလို ခပ်ဆိုးဆိုးလေးတွေ ဖြစ်တာကြောင့် သူတို့ကိုလိုက်ထိန်းရတဲ့ မေမေတို့ အတွက် စိတ်မရှည်ချင်စရာပါနော်။ ဒီအသက်အရွယ်မှာ သားသားမီးမီးတွေဟာ မေမေတို့ရဲ့ အာရုံစိုက်မှုကို လိုအပ်ဆဲပါ။ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုများမှာ သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို စူးစမ်းခြင်း ပါဝင်ပါတယ်။ ဒီအချိန်မှာ အမြင့်ပေါ်က ပြုတ်ကျတာ၊ အပူလောင်တာစတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေက သူတို့ဆီကို ရောက်ရှိနိုင်တာကြောင့် မေမေတို့က သတိထားဖို့လိုအပ်ပါတယ်။

၁။ သင့်ဘေဘီလေးရဲ့ အစာစားတဲ့ အလေ့အကျင့်

မေမေတို့ရဲ့ ၁၁လသားဘေဘီလေးဟာ လက်ချောင်းလေးတွေလိုပဲ ဇွန်းနဲ့ သူ့ဘာသာသူ ကိုင်စားနိုင်စွမ်း ရှိလာပါပြီ။ ဒီအရွယ်ကလေးရဲ့အစားအသောက်ထဲမှာ အစားမာ ထည့်ကျွေးလို့ရပြီဆိုပေမယ့် အာဟာရအများဆုံးပါဝင်တဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို မျှတအောင် ကျွေးသင့်ပါတယ်။
တစ်နေ့လုံး အငြိမ်မနေတဲ့ သားသားမီးမီးတွေကို စွမ်းအင်လုံလောက်အောင် မနက်ခင်းနှင့် နေ့လယ်ခင်းမှာ မုန့်ပေးနိုင်ပါတယ်။ သူတို့အတွက် ပျော်စရာကောင်းတဲ့ အစားစားချိန်ဖြစ်စေဖို့ မတူညီတဲ့ အရသာများကို ထည့်ကျွေးခြင်းဖြင့် အရသာရဲ့ အသိကို မြန်မြန်ဖွံ့ဖြိုးစေပါတယ်။ မေမေတို့ကလေးက အစားဇီဇာကြောင်သူ ဖြစ်ရင်တော့ စားဖို့ အတင်းအကျပ်မကျွေးသင့်ပါဘူး။

၂။ သင့်ဘေဘီလေးရဲ့ communication skills

ဒီအချိန်မှာ ကလေးတွေရဲ့ နားလည်သဘောပေါက်မှုဟာ တမူထူးခြားပါတယ်။ ဒီအဆင့်မှာ ကြိုက်တယ်/မကြိုက်ဘူး ဆိုတဲ့အသိ ဖွံဖြိုးပါလိမ့်မယ်။ ဒီအဆင့်မှာ သူတို့ ဘယ်လို ဆက်သွယ်ပြောဆိုသလဲ?
သူအကြိုက်ဆုံး အရုပ်ကိုရဖို့ ဒေါသထွက်ပြီး ဝုန်းဒိုင်းကြဲလျှင် မေမေတို့က စိတ်အေးအေးထားပါ။
ဒီအရွယ်မှာ “ဘူး” ဆိုတဲ့အငြင်းစကားကို တွင်တွင်သုံးတတ်ပါတယ်။ မေမေက စားမလားမေးရင် စားဘူး၊ အိပ်မလား မေးရင် အိပ်ဘူး စသဖြင့် ကလေးတွေ မကြာခဏပြောတတ်ကြပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ အာရုံစူးစိုက်မှု spans ဟာ တိုးတတ်နေပြီဖြစ်ပြီး အရာဝတ္တုတစ်ခု သို့မဟုတ် ဂိမ်းပေါ်မှာ ပိုပြီး အာရုံစိုက်ပါတယ်။

၃။ စာဖတ်ခြင်းကို နှစ်သက်ပါတယ်

မေ့မေ့ ပေါင်ပေါ်မှာတင်ပြီး စာဖတ်ပြတဲ့အချိန်ကို ဘေဘီလေး နှစ်သက်ပါတယ်။ ဒါကတော့ ၁၁လသားအရွယ် ဘေဘီလေးရဲ့ activities များကို ကြိုးစားပေးဖို့ အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။
စာမျက်နှာတွေ ဖွင့်တာ သင့်ယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သူက ရုပ်ပုံတွေကို လက်နဲ့ညွှန်ပြပါလိမ့်မယ်။
စာဖတ်ပြခြင်းက သင့်ကလေးနှင့် ထိတွေ့ဆက်ဆံဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။
စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းကို သူညွှန်ပြတဲ့အခါ စကားလုံးများကို ဖြည်းဖြည်း ရွတ်ပြပေးပါ။
တူညီတဲ့ စကားလုံးတွေကို သူမကြာခင်မှာ ထပ်ခါထပ်ခါ စရွတ်နိုင်ပါတယ်။ ပုံမှန်စာဖတ်ပြခြင်းအလေ့အထဟာ သူ့ရဲ့ သိမြင်မှုစွမ်းရည်ကို ဖွံ့ဖြိုးစေပြီး စာအုပ်မြင်ရင် စူးစမ်းပြီး လှန်တတ်တဲ့အကျင့် ရသွားပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

၁၁လသား ေဘဘီေလးအတြက္ ေလ့လာသင္ယူျခင္း လႈပ္ရွားမႈ (၃)မ်ိဳး

အသက္ ၁၁လအ႐ြယ္ဟာ သားသားမီးမီးတို႔ရဲ႕ ဘဝမွာ ဖြံ႕ၿဖိဳးတိုးတတ္မႈ အျမန္ဆုံးအ႐ြယ္ပါ။ ဒီအ႐ြယ္မွာ အကူအညီမလိုဘဲ သူ႔ဘာသာသူ မတ္တပ္ရပ္ႏိုင္လာၿပီး လမ္းစေလွ်ာက္တတ္ေနပါၿပီ။ ဒီအ႐ြယ္မွာ သားသားမီးမီးေတြဟာ ေရခြက္ကိုၿမဲၿမဲကိုင္ၿပီး သူ႔ဘာသာသူ ေသာက္တတ္ဖို႔ သင္ယူပါတယ္။ ေဘဘီေလး ၁၁လသားအ႐ြယ္ကို ေရာက္ၿပီဆိုရင္ ေအာက္ပါအခ်က္ေတြကို လုပ္ႏိုင္စြမ္းရွိလာပါၿပီ။ သို႔ေသာ္လည္း ကေလးေတြဟာ ကိုယ္ပိုင္ႏႈန္းထားအတိုင္း ဖြံ႕ၿဖိဳးတာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဖြံ႕ၿဖိဳးပုံမတူညီတာကို သတိရဖို႔လိုပါတယ္။

ဒီအသက္အ႐ြယ္မွာ ေဘဘီေလးေတြဟာ တစ္ခုခုေတာင္းတဲ့အခါ လက္ႏွင့္ၫႊန္ျပတာ သို႔မဟုတ္ အမူအရာႏွင့္ လုပ္ျပပါလိမ့္မယ္။ ေဖေဖ့၊ ေမေမ့ဆိုတဲ့ စကားလုံးအတိုေလးေတြ ေျပာတတ္လာပါၿပီ။ ခြက္ထဲကေန နည္းနည္းခ်င္းစီ စုပ္ေသာက္တတ္ေနပါၿပီ။ လက္တစ္ဖက္ထဲကိုင္ၿပီး လမ္းေလွ်ာက္ေနတတ္ပါၿပီ။

၁၁လသားအ႐ြယ္ကေလးေတြအတြက္ ေလ့လာသင္ယူျခင္း လႈပ္ရွားမႈ ၃မ်ိဳး

၁၁လသားအ႐ြယ္ဟာ အၿငိမ္မေနၾကသလို ခပ္ဆိုးဆိုးေလးေတြ ျဖစ္တာေၾကာင့္ သူတို႔ကိုလိုက္ထိန္းရတဲ့ ေမေမတို႔ အတြက္ စိတ္မရွည္ခ်င္စရာပါေနာ္။ ဒီအသက္အ႐ြယ္မွာ သားသားမီးမီးေတြဟာ ေမေမတို႔ရဲ႕ အာ႐ုံစိုက္မႈကို လိုအပ္ဆဲပါ။ သူတို႔ရဲ႕ေန႔စဥ္လႈပ္ရွားမႈမ်ားမွာ သူတို႔ပတ္ဝန္းက်င္က ကမာၻႀကီးကို စူးစမ္းျခင္း ပါဝင္ပါတယ္။ ဒီအခ်ိန္မွာ အျမင့္ေပၚက ျပဳတ္က်တာ၊ အပူေလာင္တာစတဲ့ အႏၲရာယ္ရွိတဲ့ အေျခအေနေတြက သူတို႔ဆီကို ေရာက္ရွိႏိုင္တာေၾကာင့္ ေမေမတို႔က သတိထားဖို႔လိုအပ္ပါတယ္။

၁။ သင့္ေဘဘီေလးရဲ႕ အစာစားတဲ့ အေလ့အက်င့္

ေမေမတို႔ရဲ႕ ၁၁လသားေဘဘီေလးဟာ လက္ေခ်ာင္းေလးေတြလိုပဲ ဇြန္းနဲ႔ သူ႔ဘာသာသူ ကိုင္စားႏိုင္စြမ္း ရွိလာပါၿပီ။ ဒီအ႐ြယ္ကေလးရဲ႕အစားအေသာက္ထဲမွာ အစားမာ ထည့္ေကြၽးလို႔ရၿပီဆိုေပမယ့္ အာဟာရအမ်ားဆုံးပါဝင္တဲ့ အစားအစာေတြ ျဖစ္ဖို႔လိုပါတယ္။ ႏို႔ထြက္ပစၥည္းမ်ား၊ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ သစ္သီးမ်ားကို မွ်တေအာင္ ေကြၽးသင့္ပါတယ္။
တစ္ေန႔လုံး အၿငိမ္မေနတဲ့ သားသားမီးမီးေတြကို စြမ္းအင္လုံေလာက္ေအာင္ မနက္ခင္းႏွင့္ ေန႔လယ္ခင္းမွာ မုန္႔ေပးႏိုင္ပါတယ္။ သူတို႔အတြက္ ေပ်ာ္စရာေကာင္းတဲ့ အစားစားခ်ိန္ျဖစ္ေစဖို႔ မတူညီတဲ့ အရသာမ်ားကို ထည့္ေကြၽးျခင္းျဖင့္ အရသာရဲ႕ အသိကို ျမန္ျမန္ဖြံ႕ၿဖိဳးေစပါတယ္။ ေမေမတို႔ကေလးက အစားဇီဇာေၾကာင္သူ ျဖစ္ရင္ေတာ့ စားဖို႔ အတင္းအက်ပ္မေကြၽးသင့္ပါဘူး။

၂။ သင့္ေဘဘီေလးရဲ႕ communication skills

ဒီအခ်ိန္မွာ ကေလးေတြရဲ႕ နားလည္သေဘာေပါက္မႈဟာ တမူထူးျခားပါတယ္။ ဒီအဆင့္မွာ ႀကိဳက္တယ္/မႀကိဳက္ဘူး ဆိုတဲ့အသိ ဖြံၿဖိဳးပါလိမ့္မယ္။ ဒီအဆင့္မွာ သူတို႔ ဘယ္လို ဆက္သြယ္ေျပာဆိုသလဲ?
သူအႀကိဳက္ဆုံး အ႐ုပ္ကိုရဖို႔ ေဒါသထြက္ၿပီး ဝုန္းဒိုင္းႀကဲလွ်င္ ေမေမတို႔က စိတ္ေအးေအးထားပါ။
ဒီအ႐ြယ္မွာ “ဘူး” ဆိုတဲ့အျငင္းစကားကို တြင္တြင္သုံးတတ္ပါတယ္။ ေမေမက စားမလားေမးရင္ စားဘူး၊ အိပ္မလား ေမးရင္ အိပ္ဘူး စသျဖင့္ ကေလးေတြ မၾကာခဏေျပာတတ္ၾကပါတယ္။ ဒီအခ်ိန္မွာ သူတို႔ရဲ႕ အာ႐ုံစူးစိုက္မႈ spans ဟာ တိုးတတ္ေနၿပီျဖစ္ၿပီး အရာဝတၱဳတစ္ခု သို႔မဟုတ္ ဂိမ္းေပၚမွာ ပိုၿပီး အာ႐ုံစိုက္ပါတယ္။

၃။ စာဖတ္ျခင္းကို ႏွစ္သက္ပါတယ္

ေမ့ေမ့ ေပါင္ေပၚမွာတင္ၿပီး စာဖတ္ျပတဲ့အခ်ိန္ကို ေဘဘီေလး ႏွစ္သက္ပါတယ္။ ဒါကေတာ့ ၁၁လသားအ႐ြယ္ ေဘဘီေလးရဲ႕ activities မ်ားကို ႀကိဳးစားေပးဖို႔ အေကာင္းဆုံးတစ္ခုျဖစ္ပါတယ္။
စာမ်က္ႏွာေတြ ဖြင့္တာ သင့္ယူဖို႔ အေကာင္းဆုံးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။
သူက ႐ုပ္ပုံေတြကို လက္နဲ႔ၫႊန္ျပပါလိမ့္မယ္။
စာဖတ္ျပျခင္းက သင့္ကေလးႏွင့္ ထိေတြ႕ဆက္ဆံဖို႔ အေကာင္းဆုံးနည္းလမ္းတစ္ခု ျဖစ္ပါတယ္။
စကားလုံးတစ္လုံး၊ စာေၾကာင္းတစ္ေၾကာင္းကို သူၫႊန္ျပတဲ့အခါ စကားလုံးမ်ားကို ျဖည္းျဖည္း ႐ြတ္ျပေပးပါ။
တူညီတဲ့ စကားလုံးေတြကို သူမၾကာခင္မွာ ထပ္ခါထပ္ခါ စ႐ြတ္ႏိုင္ပါတယ္။ ပုံမွန္စာဖတ္ျပျခင္းအေလ့အထဟာ သူ႔ရဲ႕ သိျမင္မႈစြမ္းရည္ကို ဖြံ႕ၿဖိဳးေစၿပီး စာအုပ္ျမင္ရင္ စူးစမ္းၿပီး လွန္တတ္တဲ့အက်င့္ ရသြားပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here