၁၀ မိနစ်လောက်တောင် မကြာဘဲနဲ့ သင့်မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ

0
62

ဟင်းလျာတွေနေ့စဥ်ချက်ပြုတ်နေရတဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ရတယ်ဆိုတာဟာ တစ်ခါတစ်လေကျရင် စိတ်ပျက်စရာကိစ္စတစ်ခုလို ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် သင်က အရမ်းအလုပ်ရှုပ်တဲ့သူ သို့မဟုတ် ဘယ်လောက်ရှင်းရှင်း ကလေးတွေက အမြဲပြန်ဖွတတ်တဲ့ အချိန်မျိုးတွေဆိုရင် ပိုပြီးတော့ကို ဆိုးပါတယ်။ ဒါကြောင့် မိနစ်ပိုင်းအတွင်းမှာ သန့်ရှင်းတောက်ပြောင်တဲ့ မီးဖိုချောင်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက် ကွက်တိဖြစ်မှာပါ။

-Advertisement-

၁။ မိုက်ခရိုဝေ့ဖ်သန့်ရှင်းဖို့

ပြုလုပ်နည်း
• သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီးတော့ ကြွေပန်းကန်တစ်လုံးထဲထည့်ပါ။ အခွံကိုလည်းရောထည့်ပါ။
• မီးပြင်းပြင်းနဲ့ မိုက်ခရိုဝေ့ဖ်ထဲမှာ ငါးမိနစ်ထားပါ။
• မီးပိတ်လိုက်ပြီး ၁၅ မိနစ်လောက် မထုတ်ဘဲထားပါ။ အငွေ့တွေက မိုက်ခရိုဝေ့ဖ်ကို သန့်ရှင်းပေးသွားမှာဖြစ်ပြီးတော့ ၁၅ မိနစ်ကြာပြီးရင်တော့ အဝတ်တစ်ခုနဲ့ အညစ်အကြေးတွေကို လိုက်သုတ်ပစ်နိုင်ပါတယ်။

၂။ မီးဖိုချောင်အတွင်းက အနံ့ဆိုးတွေဖယ်ရှားဖို့

ပြုလုပ်နည်း
• လိမ္မော်သီးကို အခြမ်းလိုက်လေးတွေလှီးပြီးတော့ ရေမြုပ်အောင်ထည့်ကာ ပြုတ်ပေးပါ။
• သစ်ကြံပိုးခေါက် သို့မဟုတ် လေးညှင်းတို့လို ကိုယ်နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်လေးတွေလည်းထည့်နိုင်ပါတယ်။
• ကိုယ့်စိတ်တိုင်းကျ ကြာကြာပြုတ်နိုင်ပြီးတော့ ၅ မိနစ်အတွင်းမှာ မွှေးရနံ့ကို ရရှိလာပါလိမ့်မယ်။

၃။ သစ်သားဘီဒိုတွေသန့်ရှင်းမယ်

ပြုလုပ်နည်း
• သံပုယိုအဆီကို ညှစ်ဘူးတစ်ဝက်ဖြည့်လိုက်ပြီး နောက်တစ်ဝက်ကို ရှာလကာရည်အဖြူနဲ့ ဖြည့်လိုက်ပါ။
• နှစ်ခုကိုရောပြီးပါက ကိုယ်သန့်ရှင်းချင်တဲ့ သစ်သားမျက်နှာပြင်တွေပေါ် ဖြန်းလိုက်ကာ ခြောက်တဲ့မိုက်ခရိုဖိုက်ဘာအဝတ်နဲ့ သုတ်ပေးပါ။ အချိန်တိုအတွင်းမှာ အရောင်ပြန်တောက်သွားပါလိမ့်မယ်။

၄။ ချိစ်ခြစ်ကို သန့်ရှင်းဖို့အတွက်

ပြုလုပ်နည်း
• သံပုယိုသီးကို တခြမ်းခြမ်းလိုက်ပြီး ချိစ်ခြစ်ကို ပွတ်ပေးပါ။
• ပြီးသွားပြီဆိုရင်တော့ ခြစ်ကို ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပြီးရင်တော့ အသစ်အတိုင်းပြန်ပြီးတောက်ပြောင်သွားပါလိမ့်မယ်။

၅။ ဖျော်စက်ဓားတွေကို သန့်ရှင်းဖို့နဲ့ ထက်စေဖို့အတွက်

ပြုလုပ်နည်း
• သံပုယိုသီးတစ်လုံး သို့မဟုတ် နှစ်လုံးကို အစိတ်စိတ်လေးတွေလှီးပြီးတော့ ရေခဲသေတ္တာထဲမှာ အေးခဲထားပါ။
• အေးခဲသွားပြီဆိုရင်တော့ ကျိတ်စက်ထဲထည့်ပြီးတော့ ၁ မိနစ်ကနေ ၃ မိနစ်လောက် ဖွင့်ပေးလိုက်ပါ။
• အချိန်ပြည့်ရင်ပိတ်လိုက်ပြီး ရေနဲ့သန့်စင်လိုက်မယ်ဆိုပါက ဓားတွေပြန်လည်တောက်ပြောင်ပြီး အရင်ထက်ပိုပြီးထက်သွားပါလိမ့်မယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here