၁၀ ပေလောက်မြင့်တဲ့ ဆူနာမီလှိုင်းတုကိုဖန်တီးခဲ့လို့ လူ ၄၄ ဦးဒါဏ်ရာရခဲ့တဲ့ တရုတ်နိုင်ငံက နာမည်ကျော်ရေကူးကန်
0
59
တရုတ်နိုင်ငံ Jilin ပြည်နယ်မှာရှိတဲ့ Yulong Shuiyun ရေအပန်းဖြေပန်းခြံဟာ နာမည်ကျော်ပြီး လူကြိုက်များတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်။ အဆိုပါရေကူးကန်မှာ လှိုင်းတုတွေကို ဖန်တီးတဲ့စက်ကြီးတွေရှိတာကြောင့်လည်း နာမည်ကျော်တာဖြစ်ပါတယ်။ ဒါပေမယ့် လှိုင်းတုဖန်တီးတဲ့စက်တွေရဲ့ ချို့ယွင်းမှုကြောင့် အမြင့် ၁၀ ပေလောက်ရှိပြီး
အရှိန်ပြင်းတဲ့ ဆူနာမီအဆင့် လှိုင်းတုတစ်ခုကို ပြုလုပ်မိတာကြောင့် လူပေါင်း ၄၄ ယောက်လောက် ဒါဏ်ရာရခဲ့ကြပါတယ်။
-Advertisement-
ဖြစ်ခဲ့တဲ့ နေက အဲဒီ့နေရာမှာ ရှိနေသူတစ်ယောက်ကတော့ စက်ချို့ယွင်းပြီး လှိုင်းကကြီးသွားတာကြောင့် ရေကူးကန်ထဲက လူတွေဟာ ရေးကူးကန်အပြင်ထိ လွင့်စင်သွားကြောင်း သိရှိရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ လှိုင်းတုဖန်တီးတဲ့စက်တွေရဲ့ ထိန်းချုပ်ခန်းက လျှပ်စစ်ချို့ယွင်းသွားပြီး ရှော့ဖြစ်သွားတာကြောင့် လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဗီဒီယိုအစပိုင်းမှာ ရေကူးကန်ထဲကလူတွေဟာ ပျော်ပျော်ရွင်ရွင်ရေကူးနေကြပြီး ရုတ်တရက် လှိုင်းလုံးကြီးတက်လာတာကြောင့် ထိတ်လန့်ပြီးကစဉ့်ကလျားနဲ့ အော်ဟစ်နေကြတာကို မြင်တွေ့ရပါတယ်။ ယခုလိုမတော်တဆမှုဖြစ်ပွားပြီးနောက် အဆိုပါ ရေကူးအပန်းဖြေစခန်းကိုတော့ ပိတ်ထားကြောင်းသိရှိရပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi font
LM_Naung_Naung
Lifestyle_Myanmar
Source
Zawgyi font
LEAVE A REPLY
Please enter your comment!
Please enter your name here