အသက္ ၃၉ႏွစ္အရြယ္ Roman Fedortsov ဟာ ဆယ္ႏွစ္ေက်ာ္ ငါးဖမ္းသေဘာၤေပၚမွာ အလုပ္လုပ္ရတဲ့ ေရလုပ္သားတစ္ေယာက္ပဲျဖစ္ပါတယ္။ အဲ့ဒီ ၁၀ႏွစ္ေက်ာ္အတြင္း နက္႐ႈိင္တဲ့ သမုဒၵရာထဲကဖမ္းဆီးရရွိတဲ့ ေၾကာက္စရာေကာင္းေသာ ေရေနသတၱဝါေတြ ကို မွတ္တမ္းတင္ၿပီး အြန္လိုင္းမွာမွ်ေဝခဲ့တာေၾကာင့္ ဒီသတင္းဟာ ပ်ံႏွံခဲ့ပါတယ္။ Roman Fedortsov ဟာ ဒီအလုပ္ကို စိတ္ကုန္ေနတဲ့အေၾကာင္းကို ရင္ဖြင့္ထားၿပီး အတၱလႏၱိတ္သမုဒၵရာကေန ကမ္းေျခကို ေရာက္တဲ့အခါ သူမွတ္တမ္းတင္ထားတဲ့ပုံေတြကို ယူေဆာင္လာခဲ့ပါတယ္။ ကမ္းေျခကိုေရာက္တဲ့အခါ သူ႔ရဲ႕ မိသားစုနဲ႔ ၆နာရီအထိပဲ အတူေနထိုင္ခြင့္ရၿပီး အလုပ္ကို ျပန္ဝင္ခဲ့ရပါတယ္။
Roman တို႔ဟာ Cod, Haddock, Halibut, Refish, Herring, Mackeral စတဲ့ငါးအမ်ိဳးအစားေတြကို စီးပြားအျဖစ္
အဓိကထားဖမ္းတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ Shark, Rabbitfish, Big Sunfish, Angler, Stoplight Loosejaw စတဲ့ စီးပြားေရးအတြက္ အသုံးမဝင္တဲ့ ငါးေတြလည္း ဖမ္းဆီးရမိပါတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ အျပင္မွာေတြ႕ရခဲတဲ့ ႐ုပ္အဆိုးဆုံးနဲ႔ ေၾကာက္စရာေကာင္းတဲ့ ငါးေတြ၊ ေရေနသတၱဝါေတြလည္း ဖမ္းမိခဲ့ပါတယ္တဲ့။ ဒီသတၱဝါေတြကို Photoshop နဲ႔ လုံးဝျပဳျပင္ထားျခင္းမရွိဘဲ ပင္ကိုယ္သ႑ာန္အတိုင္းပါလို႔ဆိုပါတယ္။
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
ပုလဲလုံးေလးလို အျဖဴေရာင္ကို ပိုင္ဆိုင္ထားၾကတဲ့ ရွားပါးတိရိစာၦန္အခ်ိဳ႕
#Lifestyle_Myanmar
Credit photo – Boredpanda
Unicode
Unicode
၁၀နှစ်တာကာလအတွင်း ရေလုပ်သားတစ်ယောက်မှတ်တမ်းတင်ထားတဲ့ ကြောက်စရာအကောင်းဆုံး ရေနေသတ္တဝါတွေရဲ့ ပုံသဏ္ဍာန်
အသက် ၃၉နှစ်အရွယ် Roman Fedortsov ဟာ ဆယ်နှစ်ကျော် ငါးဖမ်းသဘောင်္ပေါ်မှာ အလုပ်လုပ်ရတဲ့ ရေလုပ်သားတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီ ၁၀နှစ်ကျော်အတွင်း နက်ရှိုင်တဲ့ သမုဒ္ဒရာထဲကဖမ်းဆီးရရှိတဲ့ ကြောက်စရာကောင်းသော ရေနေသတ္တဝါတွေ ကို မှတ်တမ်းတင်ပြီး အွန်လိုင်းမှာမျှဝေခဲ့တာကြောင့် ဒီသတင်းဟာ ပျံနှံခဲ့ပါတယ်။ Roman Fedortsov ဟာ ဒီအလုပ်ကို စိတ်ကုန်နေတဲ့အကြောင်းကို ရင်ဖွင့်ထားပြီး အတ္တလန္တိတ်သမုဒ္ဒရာကနေ ကမ်းခြေကို ရောက်တဲ့အခါ သူမှတ်တမ်းတင်ထားတဲ့ပုံတွေကို ယူဆောင်လာခဲ့ပါတယ်။ ကမ်းခြေကိုရောက်တဲ့အခါ သူ့ရဲ့ မိသားစုနဲ့ ၆နာရီအထိပဲ အတူနေထိုင်ခွင့်ရပြီး အလုပ်ကို ပြန်ဝင်ခဲ့ရပါတယ်။
Roman တို့ဟာ Cod, Haddock, Halibut, Refish, Herring, Mackeral စတဲ့ငါးအမျိုးအစားတွေကို စီးပွားအဖြစ် အဓိကထားဖမ်းတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Shark, Rabbitfish, Big Sunfish, Angler, Stoplight Loosejaw စတဲ့ စီးပွားရေးအတွက် အသုံးမဝင်တဲ့ ငါးတွေလည်း ဖမ်းဆီးရမိပါတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အပြင်မှာတွေ့ရခဲတဲ့ ရုပ်အဆိုးဆုံးနဲ့ ကြောက်စရာကောင်းတဲ့ ငါးတွေ၊ ရေနေသတ္တဝါတွေလည်း ဖမ်းမိခဲ့ပါတယ်တဲ့။ ဒီသတ္တဝါတွေကို Photoshop နဲ့ လုံးဝပြုပြင်ထားခြင်းမရှိဘဲ ပင်ကိုယ်သဏ္ဍာန်အတိုင်းပါလို့ဆိုပါတယ်။