Home Health & Beauty ျဖဴစင္ဝင္းပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ခ်င္တဲ့သူေတြ သိထားသင့္တဲ့ ျပဳျပင္ထိန္းသိမ္းနည္းအခ်ိဳ႕

ျဖဴစင္ဝင္းပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ခ်င္တဲ့သူေတြ သိထားသင့္တဲ့ ျပဳျပင္ထိန္းသိမ္းနည္းအခ်ိဳ႕

0
1785
ျဖဴစင္ဝင္းပတဲ့ မ်က္ႏွာေလး
ျဖဴစင္ဝင္းပတဲ့ မ်က္ႏွာေလး

ေပါင္းတင္နည္း

၁။ ေရာင္ရမ္းျခင္းကို ဘယ္လို ေလ်ာ့ခ်မလဲ။


ေရာင္ရမ္းျခင္းကို ေလ်ာ့ခ်ဖို႔အတြက္ ငွက္ေပ်ာသီး ၁လုံး၊ ဒိန္ခ်ဥ္ ၁ဇြန္း၊ ေဆာ္ဒါ ၁ဇြန္း ကို အသုံးျပဳႏိုင္ပါတယ္။ ပထမဦးစြာ ငွက္ေပ်ာသီးကို ေၾကေအာင္ေခ်ၿပီး ေဆာ္ဒါနဲ႔ ဒိန္ခ်ဥ္ထည့္ေမႊေပးပါ။ ၿပီးလွ်င္ ရရွိလာတဲ့ အဆိုပါအေရာအေႏွာကို သင့္မ်က္ႏွာေပၚမွာ ၁၀-၁၅မိနစ္ခန္႔ေလာက္သုတ္လိမ္းထားေပးလိုက္ပါ။ ေရာင္ရမ္းျခင္းကို ကာကြယ္ေပးတဲ့အျပင္ ငွက္ေပ်ာသီးဟာ ဒဏ္ရာမ်ားနဲ႔ အပူေလာင္ျခင္းကို ကုသရာတြင္လည္း အသုံးဝင္ပါတယ္။

၂။ ႀကီးမားတဲ့ ေခၽြးေပါက္ေတြကို ဘယ္လိုဖယ္ရွားမလဲ။


ေခၽြးေပါက္ေတြကို ဖယ္ရွားဖို႔အတြက္ ဒိန္ခ်ဥ္ ၂ဇြန္း၊ အလွကုန္ထုတ္လုပ္တဲ့ေနရာမွာ အသုံးျပဳတဲ့ ရြံ႕ေစး (Cosmetic clay) ၁ဇြန္း၊ ပ်ားရည္ ဇြန္းတစ္ဝက္ လိုအပ္ပါတယ္။ အဆိုပါ ပါဝင္ပစၥည္းသုံးမ်ိဳးကို သမေအာင္ေရာေမႊေပးပါ။ ၿပီးလွ်င္ ေခၽြးေပါက္ေတြရွိတဲ့ေနရာ ဒါမွမဟုတ္ မ်က္ႏွာတစ္ျပင္လုံး ျဖစ္ျဖစ္ ၁၅-၂၀ မိနစ္ေလာက္ ၾကာေအာင္ သုတ္လိမ္းေပးလိုက္ပါ။ သတ္မွတ္ထားတဲ့ အခ်ိန္ျပည့္သြားတဲ့အခါ ေရေအးေအးေလးျဖင့္ သင့္မ်က္ႏွာကို ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ ဒိန္ခ်ဥ္က ႀကီးမားတဲ့ ေခၽြးေပါက္နဲ႔ အစက္အေျပာက္ေတြကို ဖယ္ရွားေပးတဲ့အျပင္ မ်က္ႏွာကို ၾကည္လင္ေစပါတယ္။

၃။ အသားအေရ ေျခာက္ေသြ႕ျခင္းကို ဘယ္လိုထိန္းသိမ္းမလဲ။


ေျခာက္ေသြ႕တဲ့ အသားအေရအတြက္ ေထာပတ္သီးမွည့္ တစ္ဝက္၊ ႏို႔ ၁ဇြန္း၊ ပ်ားရည္ ၁ဇြန္း လိုအပ္ပါတယ္။ ေထာပတ္သီးကို ေၾကေအာင္ေခ်ၿပီး ႏို႔၊ ပ်ားရည္နဲ႔ ေရာစပ္လိုက္ပါ။ ၿပီးလွ်င္ သင့္မ်က္ႏွာေပၚမွာ ၁၀-၁၅ မိနစ္ေလာက္ၾကာေအာင္ သုတ္လိမ္းေပးထားလိုက္ပါ။ သတ္မွတ္ထားတဲ့ အခ်ိန္ျပည့္တဲ့အခါ သင့္မ်က္ႏွာကို ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးတဲ့အျပင္ ဝက္ၿခံနဲ႔ ေရာင္ရမ္းျခင္းကိုလည္း သက္သာေစပါတယ္။

၄။ ေအာက္မ်က္ခမ္းေနရာတစ္ဝႈိက္ အညိဳကြက္နဲ႔ ေရာင္ရမ္းျခင္းကို ဘယ္လိုကာကြယ္မလဲ


ေအာက္မ်က္ခမ္းညိဳျခင္းနဲ႔ ေရာင္ရမ္းျခင္း ျဖစ္ေပၚတဲ့အခါ ေကာ္ဖီစစ္စစ္အမႈန္႔ ၁ဇြန္း၊ င႐ုတ္ေကာင္း အနည္းငယ္၊ အုန္းဆီ ၄ပုံ ၁ပုံ ဇြန္းခန္႔ လိုအပ္ပါတယ္။ အဆိုပါ ပါဝင္ပစၥည္းေတြကို ေရာေႏွာၿပီး ေအာက္မ်က္ခမ္းတစ္ဝႈိက္ ညိဳတဲ့ေနရာေတြကို ၅-၁၀မိနစ္ေလာက္ သုတ္လိမ္းထားေပးလိုက္ပါ။ ၿပီးလွ်င္ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ ေရာရမ္းျခင္း၊ မ်က္ကြင္းညိဳျခင္းကို အခ်ိန္တိုအတြင္း ဖယ္ရွားေပးႏိုင္ပါတယ္။

၅။ ပါးေပၚက အေရးေၾကာင္းေတြကို ဘယ္လိုဖယ္ရွားမလဲ။


ပါးေပၚက အေရးေၾကာင္းေတြက သင့္ကို ပိုၿပီးအရြယ္အိုေစပါတယ္။ ဒါကို ဖယ္ရွာဖို႔အတြက္ဆိုရင္ေတာ့ ခရမ္းခ်ဥ္သီး တစ္လုံးသာ လိုအပ္ပါတယ္။ ခရမ္းခ်ဥ္သီးကို အကြင္းကြင္းေလးေတြလွီးၿပီး သင့္မ်က္ႏွာေပၚမွာ အုပ္ထားေပးလိုက္ပါ။ ၁၀မိနစ္ေလာက္ၾကာမွ သင့္မ်က္ႏွာေပၚက ဖယ္ရွားၿပီး ႏူညံ့တဲ့ပုဝါစကို ေရေႏြးစြတ္ၿပီး သန္႔စင္ေပးလိုက္ပါ။ ခရမ္းခ်ဥ္သီးဟာ အသားအေရကို ၾကည္လင္ဝင္းပေစတဲ့အျပင္ အေရျပားေပၚက အေရးေၾကာင္းေတြကို လည္း ဖယ္ရွားေပးႏိုင္ပါတယ္။

၆။ က်န္းမာေကာင္းမြန္တဲ့ မ်က္ႏွာေလးရရွိဖို႔အတြက္ ဘာေတြျပဳလုပ္သင့္သလဲ။


သခြားသီးဟာ သင့္မ်က္ႏွာအတြက္ အလြန္ေကာင္းမြန္တဲ့ K, B5, A, C စတဲ့ ဗီတာမင္ဓာတ္ေတြ အမ်ားႀကီးပါဝင္တာေၾကာင့္ သင့္မ်က္ႏွာေပၚက အေရျပားအတြက္ အထူးေကာင္းမြန္ပါတယ္။ သခြားသီးကို အကြင္းေလးေတြ ပိုင္းျဖတ္ၿပီး သင့္မ်က္ႏွာေပၚမွာ ၁၅မိနစ္ေလာက္ ကပ္ထားေပးလိုက္ပါ။ ၿပီးမွ ေရျဖင့္ ေဆးေၾကာသန္႔စင္ေပးပါ။

၇။ ဆားဝက္ၿခံနဲ႔ အမဲစက္ကို ဘယ္လိုဖယ္ရွားမလဲ။


ႏွာေခါင္းတစ္ဝႈိက္က ဆားဝက္ျခံနဲ႔ အမဲစက္ေတြကို ဖယ္ရွားဖို႔အတြက္ သံပုရာရည္ ၁ဇြန္းနဲ႔ ပ်ားရည္ ၁ဇြန္းပဲ လိုအပ္ပါတယ္။ ပထမဦးဆုံး သင့္မ်က္ႏွာကို ေရးေႏြးေႏြးေလးျဖင့္ အရင္ေဆးေၾကာပါ။ ၿပီးလွ်င္ အဆိုပါပါဝင္ပစၥည္းႏွစ္ခုကို ေရာေႏွာၿပီး ဆားဝက္ၿခံရွိတဲ့ ေနရာတစ္ဝႈိက္ကုိ သုတ္လိမ္း ေပးပါ။ မိနစ္ ၂၀ ေလာက္ၾကာတဲ့အခါမွ သင့္မ်က္ႏွာကို ထပ္မံေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ ပ်ားရည္က အသားအေရကို စိုေျပေစၿပီးသံပုရာက မ်က္ႏွာေပၚက အညစ္အေၾကးေတြကို သန္႔စင္ေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

၆လသားအရြယ္ ကေလးေတြအတြက္ အစားအစာဇယားႏွင့္ ခ်က္ျပဳတ္နည္း


Unicode

ဖြူစင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်တဲ့သူတွေ သိထားသင့်တဲ့ ပြုပြင်ထိန်းသိမ်းနည်းအချို့
၁။ ရောင်ရမ်းခြင်းကို ဘယ်လို လျော့ချမလဲ။
ရောင်ရမ်းခြင်းကို လျော့ချဖို့အတွက် ငှက်ပျောသီး ၁လုံး၊ ဒိန်ချဉ် ၁ဇွန်း၊ ဆော်ဒါ ၁ဇွန်း ကို အသုံးပြုနိုင်ပါတယ်။ ပထမဦးစွာ ငှက်ပျောသီးကို ကြေအောင်ချေပြီး ဆော်ဒါနဲ့ ဒိန်ချဉ်ထည့်မွှေပေးပါ။ ပြီးလျှင် ရရှိလာတဲ့ အဆိုပါအရောအနှောကို သင့်မျက်နှာပေါ်မှာ ၁၀-၁၅မိနစ်ခန့်လောက်သုတ်လိမ်းထားပေးလိုက်ပါ။ ရောင်ရမ်းခြင်းကို ကာကွယ်ပေးတဲ့အပြင် ငှက်ပျောသီးဟာ ဒဏ်ရာများနဲ့ အပူလောင်ခြင်းကို ကုသရာတွင်လည်း အသုံးဝင်ပါတယ်။

၂။ ကြီးမားတဲ့ ချွေးပေါက်တွေကို ဘယ်လိုဖယ်ရှားမလဲ။
ချွေးပေါက်တွေကို ဖယ်ရှားဖို့အတွက် ဒိန်ချဉ် ၂ဇွန်း၊ အလှကုန်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ရွံ့စေး (Cosmetic clay) ၁ဇွန်း၊ ပျားရည် ဇွန်းတစ်ဝက် လိုအပ်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းသုံးမျိုးကို သမအောင်ရောမွှေပေးပါ။ ပြီးလျှင် ချွေးပေါက်တွေရှိတဲ့နေရာ ဒါမှမဟုတ် မျက်နှာတစ်ပြင်လုံး ဖြစ်ဖြစ် ၁၅-၂၀ မိနစ်လောက် ကြာအောင် သုတ်လိမ်းပေးလိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့်သွားတဲ့အခါ ရေအေးအေးလေးဖြင့် သင့်မျက်နှာကို ဆေးကြောသန့်စင်ပေးလိုက်ပါ။ ဒိန်ချဉ်က ကြီးမားတဲ့ ချွေးပေါက်နဲ့ အစက်အပြောက်တွေကို ဖယ်ရှားပေးတဲ့အပြင် မျက်နှာကို ကြည်လင်စေပါတယ်။

၃။ အသားအရေ ခြောက်သွေ့ခြင်းကို ဘယ်လိုထိန်းသိမ်းမလဲ။
ခြောက်သွေ့တဲ့ အသားအရေအတွက် ထောပတ်သီးမှည့် တစ်ဝက်၊ နို့ ၁ဇွန်း၊ ပျားရည် ၁ဇွန်း လိုအပ်ပါတယ်။ ထောပတ်သီးကို ကြေအောင်ချေပြီး နို့၊ ပျားရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးလျှင် သင့်မျက်နှာပေါ်မှာ ၁၀-၁၅ မိနစ်လောက်ကြာအောင် သုတ်လိမ်းပေးထားလိုက်ပါ။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အခါ သင့်မျက်နှာကို ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့အပြင် ဝက်ခြံနဲ့ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

၄။ အောက်မျက်ခမ်းနေရာတစ်ဝှိုက် အညိုကွက်နဲ့ ရောင်ရမ်းခြင်းကို ဘယ်လိုကာကွယ်မလဲ
အောက်မျက်ခမ်းညိုခြင်းနဲ့ ရောင်ရမ်းခြင်း ဖြစ်ပေါ်တဲ့အခါ ကော်ဖီစစ်စစ်အမှုန့် ၁ဇွန်း၊ ငရုတ်ကောင်း အနည်းငယ်၊ အုန်းဆီ ၄ပုံ ၁ပုံ ဇွန်းခန့် လိုအပ်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေကို ရောနှောပြီး အောက်မျက်ခမ်းတစ်ဝှိုက် ညိုတဲ့နေရာတွေကို ၅-၁၀မိနစ်လောက် သုတ်လိမ်းထားပေးလိုက်ပါ။ ပြီးလျှင် ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ ရောရမ်းခြင်း၊ မျက်ကွင်းညိုခြင်းကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပါတယ်။

၅။ ပါးပေါ်က အရေးကြောင်းတွေကို ဘယ်လိုဖယ်ရှားမလဲ။
ပါးပေါ်က အရေးကြောင်းတွေက သင့်ကို ပိုပြီးအရွယ်အိုစေပါတယ်။ ဒါကို ဖယ်ရှာဖို့အတွက်ဆိုရင်တော့ ခရမ်းချဉ်သီး တစ်လုံးသာ လိုအပ်ပါတယ်။ ခရမ်းချဉ်သီးကို အကွင်းကွင်းလေးတွေလှီးပြီး သင့်မျက်နှာပေါ်မှာ အုပ်ထားပေးလိုက်ပါ။ ၁၀မိနစ်လောက်ကြာမှ သင့်မျက်နှာပေါ်က ဖယ်ရှားပြီး နူညံ့တဲ့ပုဝါစကို ရေနွေးစွတ်ပြီး သန့်စင်ပေးလိုက်ပါ။ ခရမ်းချဉ်သီးဟာ အသားအရေကို ကြည်လင်ဝင်းပစေတဲ့အပြင် အရေပြားပေါ်က အရေးကြောင်းတွေကို လည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆။ ကျန်းမာကောင်းမွန်တဲ့ မျက်နှာလေးရရှိဖို့အတွက် ဘာတွေပြုလုပ်သင့်သလဲ။
သခွားသီးဟာ သင့်မျက်နှာအတွက် အလွန်ကောင်းမွန်တဲ့ K, B5, A, C စတဲ့ ဗီတာမင်ဓာတ်တွေ အများကြီးပါဝင်တာကြောင့် သင့်မျက်နှာပေါ်က အရေပြားအတွက် အထူးကောင်းမွန်ပါတယ်။ သခွားသီးကို အကွင်းလေးတွေ ပိုင်းဖြတ်ပြီး သင့်မျက်နှာပေါ်မှာ ၁၅မိနစ်လောက် ကပ်ထားပေးလိုက်ပါ။ ပြီးမှ ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။

၇။ ဆားဝက်ခြံနဲ့ အမဲစက်ကို ဘယ်လိုဖယ်ရှားမလဲ။
နှာခေါင်းတစ်ဝှိုက်က ဆားဝက်ခြံနဲ့ အမဲစက်တွေကို ဖယ်ရှားဖို့အတွက် သံပုရာရည် ၁ဇွန်းနဲ့ ပျားရည် ၁ဇွန်းပဲ လိုအပ်ပါတယ်။ ပထမဦးဆုံး သင့်မျက်နှာကို ရေးနွေးနွေးလေးဖြင့် အရင်ဆေးကြောပါ။ ပြီးလျှင် အဆိုပါပါဝင်ပစ္စည်းနှစ်ခုကို ရောနှောပြီး ဆားဝက်ခြံရှိတဲ့ နေရာတစ်ဝှိုက်ကို သုတ်လိမ်း ပေးပါ။ မိနစ် ၂၀ လောက်ကြာတဲ့အခါမှ သင့်မျက်နှာကို ထပ်မံဆေးကြောသန့်စင်ပေးလိုက်ပါ။ ပျားရည်က အသားအရေကို စိုပြေစေပြီးသံပုရာက မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here