ဖြတ်ထားတဲ့ပန်းတွေကို ကြာရှည်လတ်ဆတ်နေစေဖို့ ထိန်းသိမ်းနိုင်တဲ့နည်းလမ်း

0
101

အိမ်မှာ ဘုရားပန်းအိုး၊ အလှပန်းအိုးထိုးတဲ့အခါ ရာသီဥတုပူတာကြောင့် ပန်းတွေကကြာရှည်မခံပဲ ညှိုးသွားတတ်ပါတယ်။ အလုပ်တွေများတဲ့ အိမ်ရှင်မတွေအတွက် ကြာရှည်လတ်ဆတ်စေမယ့် ပန်းထိုးနည်းလေးကို အကြံပြုလိုက်ပါတယ်။
၁။အ၀ကျယ်ပြီး သန့်ရှင်းတဲ့ အိုးအလွတ်ထဲမှာ ပန်းပွင့်ကိုထည့်ပါ။


အမြဲတမ်းသန့်ရှင်းတဲ့ အိုးကိုအသုံးပြုပါ။ ဒီနည်းလမ်းက ဘက်တီးရီးယားနှင့် တခြားသေးငယ်တဲ့ ဇီဝသက်ရှိတွေ ပန်းပွင့်ကို ပွားများကူးစက်ခြင်းရဲ့ အန္တရာယ်ကို လျှော့ချပါလိမ့်မယ်။ ပန်းတွေမကျပ်ညှပ်စေဖို့ ကျယ်ပြန့်ပြီး အ၀ကျယ်တဲ့ ပန်းအိုးကိုရွေးချယ်ပါ။
၂။ ပန်းအိုးထဲမှာ ရေနွေးနွေးလေး ထည့်ပါ


ပွက်ပွက်ဆူနေတဲ့ ရေမဟုတ်ပါဘူး။ အပူချိန် ၄၃-၄၄ဒီဂရီစင်တီဂရိတ် ၀န်းကျင်ဖြစ်သင့်ပါတယ်။ ပန်းပွင့်နဲ့အတူ ပန်းအိုးထဲသို့ ရေလောင်းပြီး တစ်နာရီသို့မဟုတ် နှစ်နာရီ အေးမြတဲ့ နေရာမှာထားပါ။လေကအေးတာကြောင့် ပန်းပွင့်များက အစိုဓါတ်အနည်းငယ်ဆုံးရှုံးသွားစဉ်မှာ ရေပူမော်လီကျူးက ပင်စည်တစ်လျောက် လျင်မြန်စွာရွေ့လျားပါတယ်။ ဒီနည်းလမ်းက လတ်လတ်ဆတ်ဆတ်ဖြတ်ထားတဲ့ ပန်းပွင့်ကို ကြာရှည်ခံစေဖို့ ကူညီပေးပါတယ်။
၃။ အောက်ဖက်ရောက်နေတဲ့ အရွက်တွေကို ဖယ်ရှားပေးပါ။


ဖြတ်ထားတဲ့ပန်းတွေကို ကြာရှည်လတ်ဆတ်စေဖို့ ထည့်ထားတဲ့ရေနဲ့ အရွက်တွေကို မထိအောင် ပန်းအရိုးတံအောက်ပိုင်းကအရွက်တွေကို ဖယ်ရှားလိုက်ပါ။ ရေထဲမှာ နှစ်မြှပ်နေတဲ့ ပန်းရဲ့ အရွက်တွေက အလွန်လျင်မြန်စွာ ပုပ်တာကြောင့် ပန်းကတာရှည်မခံပါဘူး။
၎။ ရေလဲပေးပါ


ပန်းတွေကို တာရှည်ခံဖို့ဆို နေတိုင်းရေလဲပေးပါ။ လတ်ဆတ်တဲ့ရေကို မထည့်ခင် ပန်းအိုးထဲက မကောင်းတဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့မမေ့ပါနဲ့ ။ဒါက ရောဂါကူးစက်မှုအန္တရာယ်ကို လျှော့ချပါလိမ့်မယ်။ ပန်းပွင့်ကို ထိခိုက်စေတဲ့ ဘက်တီးရီးယားများကင်းဖို့ နှင့် ရေသန့်ရှင်းစေဖို့ ရေဖြည့်တဲ့အခါ (Aspirin) အက်စပရင်ဆေးပြားအနည်းငယ်ကို ထည့်နိုင်ပါတယ်။
၅။ ပန်းရိုးတံကို ၄၅ဒီဂရီ ညှပ်ပေးပါ။


ရိုးတံအစွန်းတွေကိုပုံမှန်ညှပ်ဖို့ မမေ့ပါနဲ့။ ချွန်ထက်တဲ့ဓါးကိုသုံးပါ။ ၄၅ဒီဂရီ စောင်းစောင်းလေးဖြတ်ပေးပါ။ ပန်းပွင့်ကရေကို စုပ်ယူနိုင်စွမ်းကို တိုးမြှင့်စေတဲ့ ရိုးရှင်းတဲ့နည်းလမ်းဖြစ်ပါတယ်။
၆။ အသီးတွေ၊ အပူနဲ့ နေရောင်တိုက်ရိုက်ကျတဲ့ နေရာတွေကိုရှောင်ပါ


နေရောင်နဲ့ အပူတိုက်ရိုက်မကျရောက်နိုငိတဲ့နေရာတွေမှာ သင့်ပန်းတွေကိုထားပါ။ အသီးတွေထည့်ထားတဲ့ ပန်းကန်တစ်ခုနားမှာ ဖြတ်ထားတဲ့ပန်းတွေကို ထားခြင်းကလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါက အီသိန်းပမာဏအနည်းငယ်ကို ထုတ်လွှတ်တာကြောင့် ပန်းပွင့်ကို အလျှင်အမြန်ပျက်စီးစေလို့ ရှောင်ရှားသင့်ပါတယ်။
၇။ ညှိုးတဲ့ပန်းတွေကို ဖယ်ရှားပေးပါ


သင်သတိထားမိတဲ့အခါတိုင်း ပန်းအိုးထဲက ညှိုးနွမ်းနေတဲ့ ပန်းပွင့်တွေကို ဖယ်ရှားပေးပါ။ အသီးတွေလိုပဲ ညှိုးနေတဲ့ ပန်းတွေက အီသိန်းဓါတ်ငွေ့ကို ထုတ်လွှတ်တာကြောင့် လတ်ဆတ်တဲ့ ပန်းပွင့်တွေကို ပျက်စီးစေပါတယ်။ ပန်းတစ်ချို့ ညှိုးနွမ်းဖို့စတင်နေလျှင် အနည်းငယ်နွေးတဲ့ရေထဲမှာ ခဏစိမ်ထားပါ။
#Nandar
Souce- brightside

LEAVE A REPLY

Please enter your comment!
Please enter your name here