ျပတ္စဲေတာ့မဲ့ အေျခအေနကေန သာယာတဲ့ အခ်စ္ေရးကို တစ္ဖန္ျပန္တည္ေဆာက္ႏိုင္မဲ့နည္းလမ္းအခ်ိဳ႕

0
7016
သာယာတဲ့အခ်စ္ေရး
သာယာတဲ့အခ်စ္ေရး

တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္မေျပမႈေတြဆိုတာ rs ရွိတဲ့လူတိုင္းလိုလုိရင္ဆိုင္ရမဲ့ စိန္ေခၚမႈတစ္ခုပါ။ ဒီလိုအဆင္မေျပမႈခဏခဏႀကံဳေတြ႕ၿပီး ေရွ႕ဆက္ေနမယ္ဆိုရင္ေတာ့ သင္တို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးကလည္း စိုေျပဖို႔ဆိုတာ မျဖစ္လာႏိုင္ေတာ့ပါဘူး။ ေပ်ာ္ရႊင္ရတဲ့အခ်ိန္ထက္ ခဏခဏ ရန္ျဖစ္စကားမ်ားတဲ့အခ်ိန္က ပိုမ်ားလာတဲ့အခါ ဒီအခ်စ္ေရးကို ဘယ္သူမွေရွ႕ဆက္ခ်င္ေတာ့မွာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္က အေပၚယံတိုက္ခိုက္ေနၾကေပမဲ့ ရင္တြင္းခံစားခ်က္မွာေတာ့ တကယ့္ကို ႏွစ္ႏွစ္ခါခါခ်စ္ၿပီးတဲ့သူေတြဆို ဒီလိုအေျခအေနမ်ိဳးက သင္တို႔ႏွစ္ဦးကိုပိုခံစားရေစပါတယ္။ ဒါ့ေၾကာင့္ ျပတ္စဲေတာ့မဲ့ အခ်စ္ေရးတစ္ခုကို ျပန္လည္ကယ္တင္ခ်င္ရင္ေတာ့ ဒီအခ်က္ေလးေတြကို လိုက္နာဖို႔ လိုအပ္ပါတယ္။

၁။ အလ်င္လိုသလိုဆုံးျဖတ္ခ်က္မခ်ပါနဲ႔။

တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ အဆင္မေျပမႈေတြနဲ႔ ကစဥ့္ကလ်ားျဖစ္ေနတဲ့အခ်ိန္မွာ ေဒါသအေလ်ာက္ ဆုံးျဖတ္ခ်က္ကို မခ်မိပါေစနဲ႔။ ေဒါသျဖစ္ေနတဲ့အခ်ိန္၊ စိတ္ညစ္ေနတဲ့အခ်ိန္မွာ ဆုံးျဖတ္ခ်က္ခ်လိုက္မိၿပီဆို ဒီဆုံးျဖတ္ခ်က္က မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ လို႔ သင္ထင္ပါသလား။ ဆုံးျဖတ္ခ်က္ ခ်တုန္းခဏမွာေတာ့ ငါမွန္တယ္ ဆိုတဲ့အေတြးမ်ိဳးရွိေပမဲ့ စိတ္ေျပသြားတဲ့အခ်ိန္ ကိုယ့္ရဲ႕ဆုံးျဖတ္ခ်က္က တစ္ဖက္စြန္႔ေရာက္ခ်င္ရင္ ေရာက္ေနပါလိမ့္မယ္ ဒါမွမဟုတ္ သာမန္ထက္ပိုၿပီး ခက္ထန္ေနရင္ ခက္ထန္ေနပါလိမ့္မယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ငါမွားသြားပါလားဆိုတဲ့ အသိဝင္လာေပမဲ့ အခ်ိန္ကလြန္သြားပါၿပီ။ ဒါ့ေၾကာင့္ ေနာင္တေတြနဲ႔ အၾကြင္းက်န္မဲ့အျဖစ္မ်ိဳးမျဖစ္ေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္မေျပတဲ့အခ်ိန္၊ စိတ္ညစ္ေနတဲ့အခ်ိန္မ်ိဳးမွာ ဆုံးျဖတ္ခ်က္ကို အလ်င္လိုသလို မခ်မိပါေစနဲ႔။

၂။ စိတ္ခံစားခ်က္ကိုလိုက္ၿပီး ရြဲ႕မတိုက္ပါနဲ႔။

သာမန္ကိစၥေလးကို အစျပဳၿပီး တစ္ေယာက္နဲ႔တစ္ေယာက္က စိတ္ဆိုးစိတ္ေကာက္ ျဖစ္ေနေပမဲ့ တစ္ေယာက္ကို တစ္ေယာက္ ရြဲ႕တိုက္မိရင္ေတာ့ စိတ္နာတဲ့အဆင့္ကို ေရာက္ေကာင္းေရာက္သြားႏိုင္ပါတယ္။ အရြဲ႕တိုက္တယ္ဆိုတာ မီးေလာင္ရာ ေလပင့္သလိုပါပဲ။ ျပႆနာေသးေသးေလးကို ပုံႀကီးခ်ဲ႕လိုက္သလိုျဖစ္သြားပါလိမ့္မယ္။ ရြဲ႕တိုက္တယ္ဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ မုန္းလို႔ေတာ့မဟုတ္ပါဘူး အရမ္းခ်စ္လို႔၊ သဝန္တိုလို႔၊ ဂ႐ုစိုက္ခံခ်င္လို႔ စတဲ့ အရာေတြကေန ျဖစ္ေပၚလာတဲ့ စိတ္ခံစားမႈတစ္ခုပါ။ ဒါေပမဲ့ တစ္ေယာက္ရဲ႕ ခံစားခ်က္ကို တစ္ေယာက္က နားမလည္တဲ့အခါ စျဖစ္တဲ့ျပႆနာထက္ အရြဲ႕တိုက္လို႔ ျဖစ္ေပၚတဲ့ျပႆနာက သင္တို႔ႏွစ္ဦးကို ပိုၿပီး ဒုကၡေပးေစပါတယ္။

၃။ မာနေလးေတြကို တစ္ထစ္ေလာက္ေလ်ာ့လိုက္ၾကပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္တယ္ဆိုၾကေပမဲ့ မာနကို ထိပါးလာတဲ့အခါ ဆက္ဆက္ထိမခံျဖစ္တတ္ၾကပါတယ္။ တစ္ေယာက္ထဲေၾကာင့္ ျပႆနာျဖစ္ေပၚတာေတာ့မဟုတ္ပါဘူး ႏွစ္ေယာက္စလုံးမွာ မာနကိုယ္စီရွိၾကလို႔ ဒီလိုျပႆနာမ်ိဳးျဖစ္ေပၚတာပါ။ တစ္ခါတေလမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္စိတ္ဆုိးၿပီး သူေခၚႏိုးႏိုး ငါေခၚႏိုးႏိုးနဲ႔ ကာယကံရွင္ကို တိုက္႐ိုက္မေမးဘဲ အျခားတစ္ေယာက္ကေန သူ႔အေၾကာင္းကို တစ္ေစ့တစ္ေစာင္း စုံစမ္းတာမ်ိဳး၊ စကားေျပာခိုင္းတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။ ဒါက ကိုယ့္မာနကိုယ္ အခ်ိဳးအႏွိမ္မခံခ်င္တဲ့သူေတြရဲ႕ လုပ္ရက္မ်ိဳးပါ။ ဒီလိုလူႏွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ဖြင့္မေျပာျဖစ္တဲ့ ခံစားခ်က္ေတြ၊ အခ်စ္ေၾကာင္းေတြ အမ်ားႀကီးရွိေနတတ္ပါတယ္။ တစ္ေယာက္ရဲ႕ ခံစားခ်က္ကိုတစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ တိုက္႐ိုက္သာ ဖြင့္ေျပာလိုက္မယ္ဆိုရင္ သင္တို႔ႏွစ္ဦးရဲ႕ အခ်စ္ေရးကလည္း ပိုၿပီးေႏြးေထြးမႈရွိေစမွာပါ။

၄။ မွ်တတဲ့ ညိႇႏႈိင္းေျဖရွင္းခ်က္မ်ိဳးကို စဥ္းစားပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာ ပဋိပကၡေတြနဲ႔ ႀကံဳေတြ႕လာတဲ့အခါ မွ်မွ်တတဆုံးျဖတ္ခ်က္ခ်ဖို႔ေတာ့လိုအပ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ေဝဖန္အျပစ္တင္ေနတာထက္စာရင္ တစ္ေယာက္အမွားကို တစ္ေယာက္နားလည္ၿပီး ေျပေျပလည္လည္ညိႇႏႈိင္းေဆြးေႏြး သင့္ပါတယ္။ အိမ္ေထာင္ေရးမွာပဲျဖစ္ျဖစ္၊ အခ်စ္ေရးမွာပဲျဖစ္ျဖစ္ ဆုံးျဖတ္ခ်က္ ခ်တဲ့အခါ တစ္ေယာက္ရဲ႕ သေဘာဆႏၵကို တစ္ေယာက္ကနားလည္လက္ခံသင့္ပါတယ္။ ဒါမွမဟုတ္ လက္မခံသင့္ရင္လည္း ဘာေၾကာင့္ လက္မခံသင့္ဘူးဆိုတဲ့ ခိုင္လႈံတဲ့အေၾကာင္းျပခ်က္မ်ိဳးေပးၿပီး ဒီထက္ပိုမိုေကာင္းမြန္တဲ့စဥ္းစားေတြးေခၚမႈမ်ိဳးနဲ႔ ညႇိႏႈိင္းေျဖရွင္းသင့္ပါတယ္။

၅။ မႀကိဳက္တဲ့အခ်က္ေတြ ပြင့္ပြင့္လင္းလင္းရင္ဖြင့္ပါ။

ျပႆနာတစ္ခုျဖစ္တယ္ဆိုတာ တစ္ေယာက္မႀကိဳက္တဲ့အခ်က္ကို တစ္ေယာက္က မသိလို႔ ျဖစ္ၾကတာမ်ားပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေရရွည္လက္တြဲဖို႔ ဆုံးျဖတ္ထားလွ်င္ တစ္ေယာက္နဲ႔တစ္ေယာက္ မႀကိဳက္တဲ့အခ်က္ေတြကို ပြင့္ပြင့္လင္းလင္းေျပာဆို ထားပါ။ အျပန္အလွန္ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ ေကာင္းကြက္ဆိုးကြက္၊ အားနည္းခ်က္ အားသာခ်က္ေတြကို လက္ခံႏိုင္မွ ေရွ႕ဆက္လို႔ရမွာျဖစ္ပါတယ္။ တခါတေလမွာ မေမွ်ာ္လင့္ထားဘဲ သင့္မႀကိဳက္တဲ့ အမွားမ်ိဳးက်ဴးလြန္မိတဲ့အခါ ရန္ျဖစ္စကားမ်ားတာထက္ ဘာေၾကာင့္ျဖစ္ရတယ္ဆိုတဲ့ျပႆနာရဲ႕ အရင္းအျမစ္ကို အရင္ရွာပါ။ တစ္ဖက္ကလည္း ဘာေၾကာင့္ ျဖစ္သြားတယ္ဆိုတဲ့ ခိုလုံတဲ့အေၾကာင္းျပခ်က္မ်ိဳး ေပးဖို႔လိုအပ္ပါတယ္။

၆။ တစ္ေယာက္ကိုတစ္ေယာက္ ခ်ီးက်ဴးစကားေျပာပါ၊ ေတာင္းပန္ပါ။

သင့္နားထဲမွာ သင့္ကို ေကာင္းမြန္တဲ့စကား၊ ခ်ီးက်ဴးစကားမ်ိဳး ၾကားေနရတဲ့အခ်ိန္တိုင္းဟာ စိတ္ထဲမွာ အရမ္းကို ပီတိျဖစ္မိေနမွာ အမွန္ပါပဲ။ သင့္အတြက္ ေကာင္းမြန္တဲ့ အရာတစ္ခုခုကို ျပဳလုပ္ေပးတိုင္း ခ်ီးက်ဴးစကားဆိုဖို႔ဝန္မေလးပါနဲ႔။ ဒီလိုပါပဲ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားခ်င္းမတိုက္ဆိုင္တဲ့ အမွားမ်ိဳးျပဳလုပ္ထားမိတဲ့အခါမွာလည္း ေတာင္းပန္စကားဆိုဖို႔ မေမ့ေလ်ာ့ပါနဲ႔။ ဥပမာ – သင္စိတ္႐ႈပ္ေနတဲ့အခ်ိန္မ်ိဳးမွာ သင့္ခ်စ္သူကို ေလသံမာမာနဲ႔ ေအာ္လိုက္မိတဲ့အခါ၊ သင္စိတ္ရွင္းသြားၿပီးဆိုလွ်င္ ျပန္ေတာင္းပန္ဖို႔ ဝန္မေလးပါနဲ႔။ သင့္ဘက္က စၿပီးေတာင္းပန္တဲ့အခါ သူ႔ဘက္ကလည္း သင့္ကိုနားလည္ေပးဖို႔ အဆင္သင့္ပါပဲ။

#Lifestyle_Myanmar

#Thar_Nage

ရည္းစားစထားမယ္ဆိုရင္ အသည္းခြဲမခံရဖို႔အတြက္ သိထားသင့္တဲ့အခ်က္ေတြ

Unicode

ပြတ်စဲတော့မဲ့ အခြေအနေမျိုးကနေ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို တစ်ဖန်ပြန်တည်ဆောက်နိုင်မဲ့နည်းလမ်းအချို့
တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုတွေဆိုတာ rs ရှိတဲ့လူတိုင်းလိုလိုရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒီလိုအဆင်မပြေမှုခဏခဏကြုံတွေ့ပြီး ရှေ့ဆက်နေမယ်ဆိုရင်တော့ သင်တို့နှစ်ဦးရဲ့ အချစ်ရေးကလည်း စိုပြေဖို့ဆိုတာ မဖြစ်လာနိုင်တော့ပါဘူး။ ပျော်ရွှင်ရတဲ့အချိန်ထက် ခဏခဏ ရန်ဖြစ်စကားများတဲ့အချိန်က ပိုများလာတဲ့အခါ ဒီအချစ်ရေးကို ဘယ်သူမှရှေ့ဆက်ချင်တော့မှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က အပေါ်ယံတိုက်ခိုက်နေကြပေမဲ့ ရင်တွင်းခံစားချက်မှာတော့ တကယ့်ကို နှစ်နှစ်ခါခါချစ်ပြီးတဲ့သူတွေဆို ဒီလိုအခြေအနေမျိုးက သင်တို့နှစ်ဦးကိုပိုခံစားရစေပါတယ်။ ဒါ့ကြောင့် ပြတ်စဲတော့မဲ့ အချစ်ရေးတစ်ခုကို ပြန်လည်ကယ်တင်ချင်ရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

၁။ အလျင်လိုသလိုဆုံးဖြတ်ချက်မချပါနဲ့။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဆင်မပြေမှုတွေနဲ့ ကစဉ့်ကလျားဖြစ်နေတဲ့အချိန်မှာ ဒေါသအလျောက် ဆုံးဖြတ်ချက်ကို မချမိပါစေနဲ့။ ဒေါသဖြစ်နေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ချလိုက်မိပြီဆို ဒီဆုံးဖြတ်ချက်က မှန်ကန်တဲ့ဆုံးဖြတ်ချက် လို့ သင်ထင်ပါသလား။ ဆုံးဖြတ်ချက် ချတုန်းခဏမှာတော့ ငါမှန်တယ် ဆိုတဲ့အတွေးမျိုးရှိပေမဲ့ စိတ်ပြေသွားတဲ့အချိန် ကိုယ့်ရဲ့ဆုံးဖြတ်ချက်က တစ်ဖက်စွန့်ရောက်ချင်ရင် ရောက်နေပါလိမ့်မယ် ဒါမှမဟုတ် သာမန်ထက်ပိုပြီး ခက်ထန်နေရင် ခက်ထန်နေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ငါမှားသွားပါလားဆိုတဲ့ အသိဝင်လာပေမဲ့ အချိန်ကလွန်သွားပါပြီ။ ဒါ့ကြောင့် နောင်တတွေနဲ့ အကြွင်းကျန်မဲ့အဖြစ်မျိုးမဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မျိုးမှာ ဆုံးဖြတ်ချက်ကို အလျင်လိုသလို မချမိပါစေနဲ့။

၂။ စိတ်ခံစားချက်ကိုလိုက်ပြီး ရွဲ့မတိုက်ပါနဲ့။
သာမန်ကိစ္စလေးကို အစပြုပြီး တစ်ယောက်နဲ့တစ်ယောက်က စိတ်ဆိုးစိတ်ကောက် ဖြစ်နေပေမဲ့ တစ်ယောက်ကို တစ်ယောက် ရွဲ့တိုက်မိရင်တော့ စိတ်နာတဲ့အဆင့်ကို ရောက်ကောင်းရောက်သွားနိုင်ပါတယ်။ အရွဲ့တိုက်တယ်ဆိုတာ မီးလောင်ရာ လေပင့်သလိုပါပဲ။ ပြဿနာသေးသေးလေးကို ပုံကြီးချဲ့လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ရွဲ့တိုက်တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် မုန်းလို့တော့မဟုတ်ပါဘူး အရမ်းချစ်လို့၊ သဝန်တိုလို့၊ ဂရုစိုက်ခံချင်လို့ စတဲ့ အရာတွေကနေ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတစ်ခုပါ။ ဒါပေမဲ့ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားမလည်တဲ့အခါ စဖြစ်တဲ့ပြဿနာထက် အရွဲ့တိုက်လို့ ဖြစ်ပေါ်တဲ့ပြဿနာက သင်တို့နှစ်ဦးကို ပိုပြီး ဒုက္ခပေးစေပါတယ်။

၃။ မာနလေးတွေကို တစ်ထစ်လောက်လျော့လိုက်ကြပါ။
တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုကြပေမဲ့ မာနကို ထိပါးလာတဲ့အခါ ဆက်ဆက်ထိမခံဖြစ်တတ်ကြပါတယ်။ တစ်ယောက်ထဲကြောင့် ပြဿနာဖြစ်ပေါ်တာတော့မဟုတ်ပါဘူး နှစ်ယောက်စလုံးမှာ မာနကိုယ်စီရှိကြလို့ ဒီလိုပြဿနာမျိုးဖြစ်ပေါ်တာပါ။ တစ်ခါတလေမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စိတ်ဆိုးပြီး သူခေါ်နိုးနိုး ငါခေါ်နိုးနိုးနဲ့ ကာယကံရှင်ကို တိုက်ရိုက်မမေးဘဲ အခြားတစ်ယောက်ကနေ သူ့အကြောင်းကို တစ်စေ့တစ်စောင်း စုံစမ်းတာမျိုး၊ စကားပြောခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါက ကိုယ့်မာနကိုယ် အချိုးအနှိမ်မခံချင်တဲ့သူတွေရဲ့ လုပ်ရက်မျိုးပါ။ ဒီလိုလူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖွင့်မပြောဖြစ်တဲ့ ခံစားချက်တွေ၊ အချစ်ကြောင်းတွေ အများကြီးရှိနေတတ်ပါတယ်။ တစ်ယောက်ရဲ့ ခံစားချက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့
တိုက်ရိုက်သာ ဖွင့်ပြောလိုက်မယ်ဆိုရင် သင်တို့နှစ်ဦးရဲ့ အချစ်ရေးကလည်း ပိုပြီးနွေးထွေးမှုရှိစေမှာပါ။

၄။ မျှတတဲ့ ညှိနှိုင်းဖြေရှင်းချက်မျိုးကို စဉ်းစားပါ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပဋိပက္ခတွေနဲ့ ကြံုတွေ့လာတဲ့အခါ မျှမျှတတဆုံးဖြတ်ချက်ချဖို့တော့လိုအပ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဝေဖန်အပြစ်တင်နေတာထက်စာရင် တစ်ယောက်အမှားကို တစ်ယောက်နားလည်ပြီး ပြေပြေလည်လည်ညှိနှိုင်းဆွေးနွေး သင့်ပါတယ်။ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်၊ အချစ်ရေးမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက် ချတဲ့အခါ တစ်ယောက်ရဲ့ သဘောဆန္ဒကို တစ်ယောက်ကနားလည်လက်ခံသင့်ပါတယ်။ ဒါမှမဟုတ် လက်မခံသင့်ရင်လည်း ဘာကြောင့် လက်မခံသင့်ဘူးဆိုတဲ့ ခိုင်လှုံတဲ့အကြောင်းပြချက်မျိုးပေးပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့စဉ်းစားတွေးခေါ်မှုမျိုးနဲ့ ညှိနှိုင်းဖြေရှင်းသင့်ပါတယ်။

၅။ မကြိုက်တဲ့အချက်တွေ ပွင့်ပွင့်လင်းလင်းရင်ဖွင့်ပါ။
ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ တစ်ယောက်မကြိုက်တဲ့အချက်ကို တစ်ယောက်က မသိလို့ ဖြစ်ကြတာများပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့ ဆုံးဖြတ်ထားလျှင် တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းပြောဆို ထားပါ။ အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကောင်းကွက်ဆိုးကွက်၊ အားနည်းချက် အားသာချက်တွေကို လက်ခံနိုင်မှ ရှေ့ဆက်လို့ရမှာဖြစ်ပါတယ်။ တခါတလေမှာ မမျှော်လင့်ထားဘဲ သင့်မကြိုက်တဲ့ အမှားမျိုးကျူးလွန်မိတဲ့အခါ ရန်ဖြစ်စကားများတာထက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ပြဿနာရဲ့ အရင်းအမြစ်ကို အရင်ရှာပါ။ တစ်ဖက်ကလည်း ဘာကြောင့် ဖြစ်သွားတယ်ဆိုတဲ့ ခိုလုံတဲ့အကြောင်းပြချက်မျိုး ပေးဖို့လိုအပ်ပါတယ်။

၆။ တစ်ယောက်ကိုတစ်ယောက် ချီးကျူးစကားပြောပါ၊ တောင်းပန်ပါ။
သင့်နားထဲမှာ သင့်ကို ကောင်းမွန်တဲ့စကား၊ ချီးကျူးစကားမျိုး ကြားနေရတဲ့အချိန်တိုင်းဟာ စိတ်ထဲမှာ အရမ်းကို ပီတိဖြစ်မိနေမှာ အမှန်ပါပဲ။ သင့်အတွက် ကောင်းမွန်တဲ့ အရာတစ်ခုခုကို ပြုလုပ်ပေးတိုင်း ချီးကျူးစကားဆိုဖို့ဝန်မလေးပါနဲ့။ ဒီလိုပါပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တဲ့ အမှားမျိုးပြုလုပ်ထားမိတဲ့အခါမှာလည်း တောင်းပန်စကားဆိုဖို့ မမေ့လျော့ပါနဲ့။ ဥပမာ – သင်စိတ်ရှုပ်နေတဲ့အချိန်မျိုးမှာ သင့်ချစ်သူကို လေသံမာမာနဲ့ အော်လိုက်မိတဲ့အခါ၊ သင်စိတ်ရှင်းသွားပြီးဆိုလျှင် ပြန်တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ သင့်ဘက်က စပြီးတောင်းပန်တဲ့အခါ သူ့ဘက်ကလည်း သင့်ကိုနားလည်ပေးဖို့ အဆင်သင့်ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here