ဝက်ခြံဟာ နာကျင်စေပြီး တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ပိုပြီးဆိုးတာကတော့ ဝက်ခြံပေါက်ပြီးနောက် အရေပြားပေါ်မှာ အမာရွက်ကျန်ခဲ့တာပါပဲ။ လူတိုင်းက ပြစ်မျိုးမှဲ့မထင် အသားအရေကို ပိုင်ဆိုင်ချင်ကြသူများ ဖြစ်တာကြောင့် ဝက်ခြံပေါက်ပြီးနောက် အမာရွက်တွေ ကျန်ခဲ့ရင် စိတ်ညစ်ရပါတယ်။
ဝက်ခြံအမာရွတ်ဖြစ်ရတဲ့ အကြောင်းရင်းများ
ဝက်ခြံကို Non-Inflammatory and Inflammatory(ရောင်ရမ်းတာနဲ့ မရောင်ရမ်းတာ)ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။
Whiteheads and blackheadsတွေက မရောင်ရမ်းတဲ့ ဝက်ခြံအမျိုးအစားတွေဖြစ်ပြီး papules, pustules, nodules, နှင့် cysts တို့က ဝက်ခြံရဲ့ ရောင်ရမ်းတဲ့အမျိုးအစားတွေ ဖြစ်ကြပါတယ်။ ဒီအမျိုးအစားတွေထဲက ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဝက်ခြံက အမာရွတ်များကို ကျန်ခဲ့လေ့ရှိပါတယ်။
သင့်ရဲ့ချွေးပေါက်တွေကို အဆီပိုတွေ၊ ဆဲလ်အသေတွေနှင့် ဘက်တီးရီးယားတွေက ပိတ်ဆို့လာတဲ့အခါ ရောင်ရမ်းတဲ့ ဝက်ခြံအညစ်အကြေးတွေကို ပေါ်ပေါက်လာစေပါတယ်။ တစ်ချို့ဝက်ခြံတွေက အရေပြားရဲ့အပေါ်ယံမျက်နှာပြင်နဲ့ နီးကပ်ပြီးပေါက်တာကြောင့် များသောအားဖြင့် သေးသေးလေးတွေဖြစ်ပြီး ပျောက်ကင်းတာမြန်ပါတယ်။ တစ်ချို့ဝက်ခြံတွေက အရေပြားအတွင်းထဲမှာ ပေါက်တာကြောင့် နာကျင်နီမြန်းစေပြီး တော်တော်နဲ့ မပျောက်ကင်းပါဘူး။ ပျောက်သွားရင်လည်း အမာရွတ်တွေက ကျန်ခဲ့တာကြောင့် ကြည့်ရဆိုးစေပါတယ်။ ဒါ့ကြောင့် ဝက်ခြံအမာရွတ်တွေကို အိမ်မှာကိုယ်တိုင်ကုသလို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ လိမ္မော်ခွံမှုန့်
လိုအပ်တာကတော့ လိမ္မော်ခွံမှုန့် လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းပါ။ ပျားရည်နှင့် လိမ္မော်ခွံမှုန့်ကို ရောပါ။ သင့်မျက်နှာပေါ်က ဝက်ခြံကြောင့် အမာရွတ်တွေကျန်ခဲ့တဲ့နေရာပေါ်မှာ လိမ်းပါ။ ခြောက်သွေ့သွားမှ မျက်နှာသန့်စင်ပေးပါ။ ဒါကို တစ်ရက်ခြားစီ ပြုလုပ်ပေးပါ။ လိမ္မော်ခွံအမှုန့်မှာ ဝက်ခြံအမာရွတ်တွေကို လျော့ကျစေပြီး pigmentation ကိုလျော့ပါးစေတဲ့ ဂုဏ်သတ္တိတို့ ရှိပါတယ်။
၂။ Apple Cider Vinegar
နောက်တစ်နည်းကတော့ ပန်းသီးရှာလကာရည်ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ ရေတို့လိုအပ်ပါတယ်။ ပန်းသီးရှာလကာရည်နှင့် ပျားရည်ကို ရောမွှေပါ။ ရေလေးနည်းနည်းထည့်ပြီး ကောင်းစွာမွှေပေးပါ။ ဝါဂွမ်းစတစ်ခုကိုယူပြီး မျက်နှာတစ်ပြင်လုံး သို့မဟုတ် ဝက်ခြံအမာရွတ်ရှိတဲ့ နေရာကိုသာ လိမ်းပေးပါ။ ၁၀မိနစ် မိနစ်၂၀လောက်နေရင် ရေနှင့်ဆေးကြောပေးပါ။ ဒါကို တစ်နေ့တစ်ကြိမ် လုပ်ပေးရပါမယ်။ ပန်းသီးရှာလကာရည်မှာ antimicrobial ဂုဏ်သတ္တိတွေပါဝင်တာကြောင့် ဝက်ခြံကို ပျောက်ကင်းစေပြီး ရောင်ရမ်းခြင်းနှင့် အမာရွတ်တွေကို လျော့ကျစေပါတယ်။
၃။ ရှားစောင်းလပ်ပတ်
နောက်တစ်နည်းကတော့ ရှားစောင်းလပ်ပတ်အထဲက ဂျယ်လ်အနှစ်ပါ။ ရှားစောင်းလက်ပတ်ကို တစ်ခြမ်းခြမ်းပြီး ညတိုင်း အမာရွတ်ရှိတဲ့ နေရာမှာ ပွတ်ပေးပါ။ ဒါကို နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ anti-inflammatory နှင့် အင်တီအောက်ဆီဒင့် ဂုဏ်သတ္တိများက ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။
ဝက်ခြံမပေါက်အောင်တားဆီးဖို့ သိကောင်းစရာများ
-အနည်းဆုံး တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။
– အိပ်ရာမဝင်ခင် မိတ်ကပ်တွေကို ဖျက်ပါ။
– ဝက်ခြံပေါက်တဲ့အခါ ညှစ်ခြင်းမပြုလုပ်ပါနဲ့။
– နေရောင်ကို ရှောင်ရှားဖို့ ကြိုးစားပါ။ အိမ်ပြင်ထွက်တဲ့အခါတိုင်း ထီး၊ ဦးထုပ်ဆောင်းပါ။
– လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အခွံမာသီး၊ ပဲပင် တို့ပါဝင်တဲ့ ကျန်းမာသောအစားအစာများကို စားပါ။
#Lifestyle_Myanmar
#TB_Nandar
Source-stylecraze