သင့္ကို ျမန္မာဆန္ဆန္ လွပေစၿပီး အျမင္ဆန္းေစမယ့္ ျပင္သစ္က်စ္ဆံၿမီး က်စ္ပံုေလးေတြကို မွ်ေ၀ေပးခ်င္ပါတယ္။
ဒတ္ခ်္က်စ္ဆံၿမီး ႏွင့္ ျပင္သစ္က်စ္ဆံၿမီး
ျပင္သစ္က်စ္ဆံၿမီးနဲ႔ ဒတ္ခ်္က်စ္ဆံၿမီးက ဆင္တူေပမယ္ အနည္းငယ္ကြဲျပားပါတယ္။ ဒတ္ခ်္က်စ္ဆံၿမီးက နဖူးတည့္တည့္ကေန စက်စ္ရၿပီး ျပင္သစ္က်စ္ဆံၿမီးက နားထင္နားေလာက္ကေန စက်စ္ရတာျဖစ္ပါတယ္။ အရင္ဆံုး ဆံပင္ကို အလယ္ခြဲၿပီးမွ အပိုင္း ၃ပိုင္းစီခြဲၿပီးက်စ္ပါ။
၁။ ႏွစ္ထပ္ျပင္သစ္က်စ္ဆံၿမီး
ႏွစ္ထပ္ျပင္သစ္က်စ္ဆံၿမီးက ေက်ာင္းတတ္ေနတဲ့ ေက်ာင္းသူေလးေတြအတြက္ လိုက္ဖက္တဲ့ ပံုစံေလးျဖစ္ပါတယ္။ ဒီပံုစံေလးက ခ်စ္စရာေကာင္းၿပီး ေပါ့ေပါ့ပါးပါး အခမ္းအနားပြဲေတြသြားတဲ့အခါ ဘယ္၀တ္စံုနဲ႔မဆို လိုက္ဖက္တဲ့ ဆံပင္ပံုစံေလးျဖစ္ပါတယ္။ ဒီက်စ္ဆံၿမီးပံုစံေလးကို ဖန္တီးတဲ့အခါ စိတ္ရွည္လက္ရွည္နဲ႔ က်စ္ေပးရပါမယ္။ ျပင္သစ္က်စ္ဆံၿမီးက မခဲယဥ္းေပမယ့္ အခ်ိန္နည္းနည္းေတာ့ ယူရပါတယ္။ ဒီက်စ္ဆံၿမီးဒီဇိုင္းက ျမန္မာ၀တ္စံုေလးေတြနဲ႔လည္း လိုက္ဖက္ၿပီး ဂါ၀န္၊ စကတ္ေလးေတြနဲ႔လည္း လိုက္ဖက္ပါတယ္။
၂။ ျပင္သစ္၀က္ၿမီွး က်စ္ဆံၿမီး
ခ်စ္စရာေကာင္းၿပီး ႏုပ်ိဳေစဖို႔အတြက္ ျပင္သစ္က်စ္ဆံၿမီးစတိုင္ကို ယူထားတဲ့ ပံုစံျဖစ္ပါတယ္။ အိမ္က မီးမီးေလးေတြကို က်စ္ေပးလို႔ရၿပီး ဆယ္ေက်ာ္သက္ေကာင္မေလးေတြနဲ႔လည္း လိုက္ဖက္တဲ့ ပံုစံေလးျဖစ္ပါတယ္။ ဆံပင္ရွည္တဲ့ သူေတြလညး္ ဒီပံုစံေလးက်စ္လို႔ ရပါတယ္။
၃။ ျပင္သစ္ငါးရိုး က်စ္ဆံၿမီး
ျပင္သစ္ငါးရိုးက်စ္ဆံၿမီးက တစ္ခုထဲကို က်စ္ဆံၿမီးပံုစံ ၂ခု ေပါင္းစပ္ထားျခင္္း ျဖစ္ပါတယ္။ ဒီစတိုင္ဖန္တီးဖို႔ ပံုမွန္ငါးရိုးက်စ္ဆံၿမီးျဖင့္ သင့္ရဲ႕ဦးေခါင္းထိပ္မွ စက်စ္ပါ။
၄။ ျပင္သစ္က်စ္ဆံၿမီးအစည္း
မဂၤလာပြဲေတြ သြားတဲ့အခါ ဒါမွမဟုတ္ အေနာက္တိုင္း၀တ္စံုႏွင့္ မဂၤလာေဆာင္တဲ့အခါ ဒီက်စ္ဆံၿမီးေလး က်စ္လို႔ရပါတယ္။ က်စ္ဆံၿမီးႏွင့္္ အစည္းကို ေပါင္းစပ္ထားတဲ့ ဒီပံုစံေလးက သင့္ကို ေခတ္မီဆန္းျပားတဲ့ အသြင္ရရွိေစမွာပါ။ ဒီက်စ္ဆံၿမီးကို စက်စ္တဲ့အခါ သင့္ဦးေခါင္းအေနာက္ဘက္မွာ ေအာက္ကေနအေပၚကို ေျပာင္းျပန္က်စ္ေပးရမွာ ျဖစ္ပါတယ္။ ၿပီးမွ သင့္ဆံပင္ကို ထိပ္မွာ ထံုးၿပီး စည္းေပးရမွာျဖစ္ပါတယ္။
၅။ ျပင္သစ္ေဘးတျခမ္း က်စ္ဆံၿမီး
ရိုးရွင္းတဲ့ စတိုင္တစ္ခုျဖစ္ခ်င္ရင္ေတာ့ ျပင္သစ္ေဘးတစ္ျခမ္း က်စ္ဆံၿမီးေလးကို ဖန္တီးႏိုင္ပါတယ္။ ဒီပံုစံေလးက အလြယ္တကူျပဳလုပ္လို႔ရၿပီး ထသြားထလာ ဆံပင္ျပင္ဆင္ခ်င္သူေတြအတြက္ အဆင္ေျပမွာပါ။ ဒီက်စ္ဆံၿမီးေလးကိုက်စ္ၿပီး ပိုနီေတး ၊ တစ္၀က္စည္းႏွင့္ ခပ္ပြပြေလးစည္းထားႏိုင္ပါတယ္။
၆။ ျပင္သစ္က်စ္ဆံၿမီး ပိုနီေတး
ျပင္သစ္က်စ္ဆံၿမီးေလးကိုပဲ ေနာက္ထပ္ရိုးရွင္းတဲ့ မူကြဲတစ္ခု ပိုနီေတးေလးကို ေပါင္းစပ္ထားျခင္းျဖစ္ပါတယ္။ မနက္ခင္းမွာ ျမန္ျမန္ျပဳလုပ္ႏိုင္ၿပီး ေက်ာင္းသြားမယ့္၊ အလုပ္သြားမယ္ ့ပ်ိဳေမေတြအတြက္ အခ်ိန္ကုန္သက္သာၿပီး ၿပီးျပည့္စံုေစမယ့္ စတိုင္တစ္ခုပါ။ သင့္ဦးေခါင္းထိပ္ကေန က်စ္ဆံၿမီး စက်စ္ရမွာျဖစ္ၿပီး အဖ်ားထိမက်စ္ဘဲ ပိုနီေတးစည္းဖို႔အတြက္ ဆံပင္အနညး္ငယ္ခ်န္ထားပါ။ ပိုနီေတးအျမင့္ ႀကိဳက္ရင္ေတာ့ က်စ္ဆံၿမီးကို တစ္၀က္ဘဲက်စ္ၿပီး ခပ္ျမင့္ျမင့္ေလး စည္းေပးလို႔ရပါတယ္။ ပိုနီေတးစည္းထားတဲ့ေနရာမွာ ဖဲျပားပြင့္ေလးေတြနဲ႔ အလွဆင္ရင္ ပိုၿပီးကေလးဆန္ၿပီး ခ်စ္စရာေကာင္းေစမွာပါ။
၇။ ေျပာင္းျပန္ျပင္သစ္က်စ္ဆံၿမီး
ေျပာင္းျပန္ျပင္သစ္ဖြတ္ၿမီးထိုးက ျပင္သစ္ရိုးရာက်စ္ဆံျမီးကို ေနာက္ထပ္ဆန္းသစ္ထားတဲ့ ေရြးခ်ယ္စရာတစ္ခုျဖစ္ပါတယ္။ က်စ္ဆံၿမီးကို နဖူးထိပ္ကေန အနည္းငယ္စီယူၿပီး စက်စ္ရမွာျဖစ္ပါတယ္။
၈။ အေပၚ တစ္၀က္ ေအာက္တစ္၀က္ ျပင္သစ္က်စ္ဆံၿမီး
အေပၚတစ္၀က္ႏွင့္ က်စ္ဆံၿမီးဆံပင္ပံုစံႏွစ္မ်ိဳးလံုးက ခ်စ္စရာေကာင္းၿပီး ေခတ္ေပၚပံုစံတစ္ခုျဖစ္ပါတယ္။ တစ္ခုတည္းကို ေပါင္းစပ္ၿပီး အသံုးျပဳရင္ သင့္ကိုခ်စ္စရာေကာင္းေစမွာပါ။ဒီစတိုင္ဖန္တီးဖို႔ သင့္ဦးေခါင္းထိပ္မွာ ဆံပင္ကို အပိုင္းလိုက္ ခြဲျခားပါ။ သင့္နဖူးကေန ေနာက္ကို ျပင္သစ္က်စ္ဆံၿမီး စတင္က်စ္ပါ။ ဆံပင္ကို အကုန္မက်စ္ဘဲ အေပၚတစ္၀က္ကိုသာက်စ္ေပးပါ။
၉။ ဆံပင္အတိုေတြအတြက္ ျပင္သစ္က်စ္ဆံၿမီး
သင့္ရဲ႕ဆံပင္က တိုေနေပမယ့္ ဒီလိုက်စ္ဆံၿမီးေလးေတြနဲ႔လည္း အလွဆင္လို႔ရပါတယ္။ ဆံပင္ကို ေဘးခြဲေလး ခဲြေပးၿပီး တျခမ္းထဲကိုသာ က်စ္ေပးရမွာ ျဖစ္ပါတယ္။ အဖ်ားထိ မက်စ္ဘဲ နားရြက္အထက္နားမွာ ကလစ္ေလးနဲ႔ညွပ္္ၿပီး အလွဆင္ေပးပါ။
၁၀။ ျပင္သစ္သရဖူ က်စ္ဆံၿမီးအလိမ္
ျပင္သစ္က်စ္ဆံၿမီးကိုမွ သရဖူေလးေဆာင္းထားသလို ဦးေခါင္းထိပ္ပတ္ပတ္လည္မွာ က်စ္ေပးရတာျဖစ္ပါတယ္။ အေနာက္တိုင္းပံုစံ မဂၤလာပြဲျပဳလုပ္တဲ့အခါ ဆင္ယင္ႏိုင္ၿပီး သင့္ဆံပင္က အရွည္ဆိုရင္ေတာ့ အေနာက္ဘက္မွာ ျပင္သစ္ဆံထံုးေလးႏွင့္အတူ အလွဆင္ႏိုင္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Unicode
သင်ကိုယ်တိုင် လိုက်လုပ်နိုင်တဲ့ ရင်သပ်ရှုမောဖွယ် ပြင်သစ်ကျစ်ဆံမြီးစတိုင်လေးတွေ
သင့်ကို မြန်မာဆန်ဆန် လှပစေပြီး အမြင်ဆန်းစေမယ့် ပြင်သစ်ကျစ်ဆံမြီး ကျစ်ပုံလေးတွေကို မျှဝေပေးချင်ပါတယ်။
ဒတ်ချ်ကျစ်ဆံမြီး နှင့် ပြင်သစ်ကျစ်ဆံမြီး
ပြင်သစ်ကျစ်ဆံမြီးနဲ့ ဒတ်ချ်ကျစ်ဆံမြီးက ဆင်တူပေမယ် အနည်းငယ်ကွဲပြားပါတယ်။ ဒတ်ချ်ကျစ်ဆံမြီးက နဖူးတည့်တည့်ကနေ စကျစ်ရပြီး ပြင်သစ်ကျစ်ဆံမြီးက နားထင်နားလောက်ကနေ စကျစ်ရတာဖြစ်ပါတယ်။ အရင်ဆုံး ဆံပင်ကို အလယ်ခွဲပြီးမှ အပိုင်း ၃ပိုင်းစီခွဲပြီးကျစ်ပါ။
၁။ နှစ်ထပ်ပြင်သစ်ကျစ်ဆံမြီး
နှစ်ထပ်ပြင်သစ်ကျစ်ဆံမြီးက ကျောင်းတတ်နေတဲ့ ကျောင်းသူလေးတွေအတွက် လိုက်ဖက်တဲ့ ပုံစံလေးဖြစ်ပါတယ်။ ဒီပုံစံလေးက ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါး အခမ်းအနားပွဲတွေသွားတဲ့အခါ ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်တဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။ ဒီကျစ်ဆံမြီးပုံစံလေးကို ဖန်တီးတဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ ကျစ်ပေးရပါမယ်။ ပြင်သစ်ကျစ်ဆံမြီးက မခဲယဉ်းပေမယ့် အချိန်နည်းနည်းတော့ ယူရပါတယ်။ ဒီကျစ်ဆံမြီးဒီဇိုင်းက မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်ပြီး ဂါဝန်၊ စကတ်လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။
၂။ ပြင်သစ်ဝက်မြီှး ကျစ်ဆံမြီး
ချစ်စရာကောင်းပြီး နုပျိုစေဖို့အတွက် ပြင်သစ်ကျစ်ဆံမြီးစတိုင်ကို ယူထားတဲ့ ပုံစံဖြစ်ပါတယ်။ အိမ်က မီးမီးလေးတွေကို ကျစ်ပေးလို့ရပြီး ဆယ်ကျော်သက်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်တဲ့ ပုံစံလေးဖြစ်ပါတယ်။ ဆံပင်ရှည်တဲ့ သူတွေလညး် ဒီပုံစံလေးကျစ်လို့ ရပါတယ်။
၃။ ပြင်သစ်ငါးရိုး ကျစ်ဆံမြီး
ပြင်သစ်ငါးရိုးကျစ်ဆံမြီးက တစ်ခုထဲကို ကျစ်ဆံမြီးပုံစံ ၂ခု ပေါင်းစပ်ထားခြင််း ဖြစ်ပါတယ်။ ဒီစတိုင်ဖန်တီးဖို့ ပုံမှန်ငါးရိုးကျစ်ဆံမြီးဖြင့် သင့်ရဲ့ဦးခေါင်းထိပ်မှ စကျစ်ပါ။
၄။ ပြင်သစ်ကျစ်ဆံမြီးအစည်း
မင်္ဂလာပွဲတွေ သွားတဲ့အခါ ဒါမှမဟုတ် အနောက်တိုင်းဝတ်စုံနှင့် မင်္ဂလာဆောင်တဲ့အခါ ဒီကျစ်ဆံမြီးလေး ကျစ်လို့ရပါတယ်။ ကျစ်ဆံမြီးနှင့်် အစည်းကို ပေါင်းစပ်ထားတဲ့ ဒီပုံစံလေးက သင့်ကို ခေတ်မီဆန်းပြားတဲ့ အသွင်ရရှိစေမှာပါ။ ဒီကျစ်ဆံမြီးကို စကျစ်တဲ့အခါ သင့်ဦးခေါင်းအနောက်ဘက်မှာ အောက်ကနေအပေါ်ကို ပြောင်းပြန်ကျစ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှ သင့်ဆံပင်ကို ထိပ်မှာ ထုံးပြီး စည်းပေးရမှာဖြစ်ပါတယ်။
၅။ ပြင်သစ်ဘေးတခြမ်း ကျစ်ဆံမြီး
ရိုးရှင်းတဲ့ စတိုင်တစ်ခုဖြစ်ချင်ရင်တော့ ပြင်သစ်ဘေးတစ်ခြမ်း ကျစ်ဆံမြီးလေးကို ဖန်တီးနိုင်ပါတယ်။ ဒီပုံစံလေးက အလွယ်တကူပြုလုပ်လို့ရပြီး ထသွားထလာ ဆံပင်ပြင်ဆင်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ ဒီကျစ်ဆံမြီးလေးကိုကျစ်ပြီး ပိုနီတေး ၊ တစ်ဝက်စည်းနှင့် ခပ်ပွပွလေးစည်းထားနိုင်ပါတယ်။
၆။ ပြင်သစ်ကျစ်ဆံမြီး ပိုနီတေး
ပြင်သစ်ကျစ်ဆံမြီးလေးကိုပဲ နောက်ထပ်ရိုးရှင်းတဲ့ မူကွဲတစ်ခု ပိုနီတေးလေးကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ မနက်ခင်းမှာ မြန်မြန်ပြုလုပ်နိုင်ပြီး ကျောင်းသွားမယ့်၊ အလုပ်သွားမယ် ့ပျိုမေတွေအတွက် အချိန်ကုန်သက်သာပြီး ပြီးပြည့်စုံစေမယ့် စတိုင်တစ်ခုပါ။ သင့်ဦးခေါင်းထိပ်ကနေ ကျစ်ဆံမြီး စကျစ်ရမှာဖြစ်ပြီး အဖျားထိမကျစ်ဘဲ ပိုနီတေးစည်းဖို့အတွက် ဆံပင်အနညး်ငယ်ချန်ထားပါ။ ပိုနီတေးအမြင့် ကြိုက်ရင်တော့ ကျစ်ဆံမြီးကို တစ်ဝက်ဘဲကျစ်ပြီး ခပ်မြင့်မြင့်လေး စည်းပေးလို့ရပါတယ်။ ပိုနီတေးစည်းထားတဲ့နေရာမှာ ဖဲပြားပွင့်လေးတွေနဲ့ အလှဆင်ရင် ပိုပြီးကလေးဆန်ပြီး ချစ်စရာကောင်းစေမှာပါ။
၇။ ပြောင်းပြန်ပြင်သစ်ကျစ်ဆံမြီး
ပြောင်းပြန်ပြင်သစ်ဖွတ်မြီးထိုးက ပြင်သစ်ရိုးရာကျစ်ဆံမြီးကို နောက်ထပ်ဆန်းသစ်ထားတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ကျစ်ဆံမြီးကို နဖူးထိပ်ကနေ အနည်းငယ်စီယူပြီး စကျစ်ရမှာဖြစ်ပါတယ်။
၈။ အပေါ် တစ်ဝက် အောက်တစ်ဝက် ပြင်သစ်ကျစ်ဆံမြီး
အပေါ်တစ်ဝက်နှင့် ကျစ်ဆံမြီးဆံပင်ပုံစံနှစ်မျိုးလုံးက ချစ်စရာကောင်းပြီး ခေတ်ပေါ်ပုံစံတစ်ခုဖြစ်ပါတယ်။ တစ်ခုတည်းကို ပေါင်းစပ်ပြီး အသုံးပြုရင် သင့်ကိုချစ်စရာကောင်းစေမှာပါ။ဒီစတိုင်ဖန်တီးဖို့ သင့်ဦးခေါင်းထိပ်မှာ ဆံပင်ကို အပိုင်းလိုက် ခွဲခြားပါ။ သင့်နဖူးကနေ နောက်ကို ပြင်သစ်ကျစ်ဆံမြီး စတင်ကျစ်ပါ။ ဆံပင်ကို အကုန်မကျစ်ဘဲ အပေါ်တစ်ဝက်ကိုသာကျစ်ပေးပါ။
၉။ ဆံပင်အတိုတွေအတွက် ပြင်သစ်ကျစ်ဆံမြီး
သင့်ရဲ့ဆံပင်က တိုနေပေမယ့် ဒီလိုကျစ်ဆံမြီးလေးတွေနဲ့လည်း အလှဆင်လို့ရပါတယ်။ ဆံပင်ကို ဘေးခွဲလေး ခွဲပေးပြီး တခြမ်းထဲကိုသာ ကျစ်ပေးရမှာ ဖြစ်ပါတယ်။ အဖျားထိ မကျစ်ဘဲ နားရွက်အထက်နားမှာ ကလစ်လေးနဲ့ညှပ််ပြီး အလှဆင်ပေးပါ။
၁၀။ ပြင်သစ်သရဖူ ကျစ်ဆံမြီးအလိမ်
ပြင်သစ်ကျစ်ဆံမြီးကိုမှ သရဖူလေးဆောင်းထားသလို ဦးခေါင်းထိပ်ပတ်ပတ်လည်မှာ ကျစ်ပေးရတာဖြစ်ပါတယ်။ အနောက်တိုင်းပုံစံ မင်္ဂလာပွဲပြုလုပ်တဲ့အခါ ဆင်ယင်နိုင်ပြီး သင့်ဆံပင်က အရှည်ဆိုရင်တော့ အနောက်ဘက်မှာ ပြင်သစ်ဆံထုံးလေးနှင့်အတူ အလှဆင်နိုင်ပါတယ်။
အောက်မှာ ပြင်သစ်ကျစ်ဆံမြီးကျစ်နည်း ဗီဒီယိုလေးပါဖော်ပြပေးထားပါတယ်ရှင်။
#Lifestyle_Myanmar
#TB_Nandar