
0
122

၁။ လာဗင်ဒါ


၂။ Peppermint


၃။ ပင်စိမ်း


#Lifestyle_Myanmar
#LM_Nandar

Unicode
ခြင်တွေ မလာအောင် သင့်အိမ်မှာ ဘယ်အပင်လေးတွေ စိုက်ထားသင့်လဲ?
ခြင်ကိုက်တာက စိတ်အနှောက်အယှက်ဖြစ်ယုံသာမက ကျန်းမာရေးအန္တရာယ်လည်း ရရှိနိုင်ပါတယ်။ ခြင်ကိုက်ရာမှတဆင့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဇီကာဗိုင်းရပ်စ်ပိုး စတဲ့ ရောဂါများရရှိနိုင်ပါတယ်။ ခြင်မလာအောင် ခြင်ဆေးခွေထွန်းခြင်း၊ ခြင်ဆေးဖြန်းတို့ ပြုလုပ်နိုင်ပေမယ့် ဓါတုပစ္စည်းတွေ မသုံးဘဲ သဘာဝအတိုင်း ခြင်မလာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါကတော့ သင့်အိမ်ထဲမှာ ခြင်မလာအောင် ဒီအပင်လေးတွေ စိုက်ထားခြင်းပါပဲ။
၁။ လာဗင်ဒါ


လာဗင်ဒါရဲ့နှစ်လိုဖွယ် မွှေးရနံ့က ခြင်တွေကို မလာအောင် တားဆီးနိုင်ပါတယ်။ လာဗင်ဒါက ဖန်းဂတ်စ်ပိုးကို ဆန့်ကျင်ပြီး ပိုးသတ်ဆေးဂုဏ်သတ္တိများ ရှိပါတယ်။ သင့်အိမ်ပြတင်းပေါက်နှင့် တံခါးအနီးမှာ အိုးဖြင့် စိုက်နိုင်ပါတယ်။ ပိုကောင်းတဲ့ ကာကွယ်မှုအဖြစ် သင့်အသားအရေပေါ်မှာ ပန်းပွင့်လေးတွေနဲ့ ပွတ်ပေးနိုင်ပါတယ်။
၂။ Peppermint

Fresh mint on a wooden table
Fresh mint on a wooden table

ငရုတ်ကောင်းရွက်ကို အချက်အပြုတ်နေရာမှာ အသုံးပြုယုံသာမက ခြင်တွေ အဝေးပြေးဖို့လည်း အသုံးပြုနိုင်ပါတယ်။ လေ့လာမှုမှာ ငရုတ်ကောင်းရွက်ဆီက မိနစ် 60-180 ကာလအတွက် ငှက်ဖျားပိုး၊ filarial ၊ ဗိုင်းရပ်သယ်ဆောင်တဲ့ yellow fever စတာတွေကို တွန်းလှန်နိုင်တယ်လို့ တွေ့ရှိရပါတယ်။
၃။ ပင်စိမ်း


ပင်စိမ်းက အရသာအတွက် အသုံးပြုနိုင်တဲ့ အပင်ဖြစ်ယုံသာမက သဘာဝခြင်ပြေးစေတဲ့ အပင်လည်း ဖြစ်ပါတယ်။ ၎င်းရဲ့အရွက် ထွက်တဲ့ အနံ့ကို ခြင်တွေမကြိုက်ပါဘူး။ ဒီအပင်စိုက်ထားရင် ခြင်တွေ အနားလာတော့မှာ မဟုတ်ပါဘူး။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here