မကြာသေးမီက ‘100 Days My Prince’ဇာတ်လမ်းတွဲ ရိုက်ကူးရေးနောက်ကွယ်က Do Kyungsoo ရဲ့ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေကို tvNကနေ မျှဝေပေးခဲ့ပါတယ်။ အဆိုပါရိုက်ကူးရေးကို နွေရာသီအလယ်လောက်မှာ ပြုလုပ်ခဲ့တာကြောင့် Do Kyungsoo ဟာ နွေအပူကို သူ့နည်းသူဟန်နဲ့ ကျော်ဖြတ်နေတာကို ဓါတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ မျှဝေခဲ့တဲ့ပုံလေးတွေကတော့ စုစုပေါင်း ၁၅ပုံလောက်ရှိပါတယ်။
Kyungsoo အတွက်တော့ လျှပ်စစ်ပန်ကာသေးသေးလေးက နွေရာသီမှာ မရှိမဖြစ်ပစ္စည်းတစ်ခု ဖြစ်ပုံရပါတယ်။
သူ့မှာ ပူလွန်းလို့ ရေခဲအိတ်တောင် ကပ်ထားရတယ်။
နေပူနေတာတောင် သူကိုယ်တိုင် စောင့်ကြည့်ကြီးကြပ်ဖို့ ဘယ်တော့မှမမေ့ပါဘူး။
ခက်ခက်ခဲခဲ အလုပ်လုပ်ရပေမယ့် ဘယ်တော့မှ အပြုံးမပျက်ခဲ့ပါဘူး။
သူဟာ တခြားအဖွဲ့ဝင်တွေကိုလည်း ဂရုစိုက်တတ်သေးပါတယ်။
#Lifestyle_Myanmar
#LM_Nandar