ေၾကာက္စရာေကာင္းတဲ့ ရုပ္ရွင္ေတြ ၾကည့္ျခင္းဟာ ကိုယ္အေလးခ်ိန္ကို တကယ္ေလ်ာ့က်ေစႏိုင္တယ္တဲ့

0
874

အစားေသာက္ diet လုပ္ေပမယ့္ ကိုယ့္ကိုယ္ကို နည္းနည္းပဲဝိတ္က်တယ္လို႔ ခံစားရရင္ တီဗီေရွ႕ကိုသြားပါ။ Westminster တကၠသိုလ္မွ သုေတသီမားက ထိတ္လန္႔စရာေကာင္းတဲ့ ရုပ္ရွင္ေတြကိုၾကည့္ေနစဥ္အတြင္းမွာ လူတစ္ေယာက္ရဲ႕ ႏွလံုးခုန္ႏႈန္း ျမင့္တတ္သြားတာနဲ႔ ကယ္လိုရီေလ်ာ့က်သြားတာ အၾကား ဆက္စပ္မႈတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ ေၾကာက္စရာေကာင္းတဲ့ ဇာတ္ကားေတြ ၾကည့္ေနစဥ္တြင္းမွာ ေၾကာက္ၿပီး မ်က္လံုးပိတ္ထားတာဟာ ဘာ့ေၾကာင့္ မေကာင္းတဲ့ အိုင္ဒီယာလဲဆိုတာကို ရွင္းျပေပးထားပါတယ္။

မိနစ္ ၉၀ horror ရုပ္ရွင္ၾကည့္သူေတြဟာ 113 ကယ္လိုရီေလာင္ကၽြမ္းၿပီး မိနစ္ 30လမ္းေလွ်ာက္တဲ့သူ၊ 15မိနစ္ေျပးသူေတြမွာ ေလာင္ကၽြမ္းတဲ့ ကယ္လိုရီပမာဏနဲ႔ တူညီတယ္လို႔ Westminster တကၠသိုလ္မွ သိပၸံပညာရွင္မ်ားက ေလ့လာမႈတစ္ခုမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

သုေတသီမ်ားက ႏွလံုးခုန္ႏႈန္း၊ ေအာက္ဆီဂ်င္စားသံုးမႈႏွင့္ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႕ရႈထုတ္မႈရဲ႕ အဆင့္ေတြကို တိုင္းတာခဲ့ပါတယ္။ ေၾကာက္စရာေကာငး္တဲ့ ရုပ္ရွင္မ်ားဟာ ႏွလံုးခုန္ႏႈန္း တုိးျမွင့္မႈကို ျဖစ္ေပၚေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ေသြးခုန္ႏႈန္း အရွိန္ျမင့္လာၿပီး ခႏၶာကိုယ္ပတ္ပတ္လည္ကို ပိုျမန္ျမန္ ညွစ္ထုတ္တာေၾကာင့္ ခႏၶာကိုယ္က (adrenal gland ရဲ႕neurotransmitter ျဖစ္တဲ့ ) အဒရီနယ္လင္းမွာ လိႈင္းတစ္ခု ေတြ႕ႀကံဳရတယ္လို႔ cell metabolism and physiology အထူးကု MacKenzie ကရွင္းျပခဲ့ပါတယ္။ ဒါက အစာစားခ်င္စိတ္ကို ေလ်ာ့နည္းေစၿပီး ကယ္လိုရီ ျမင့္မားစြာဆံုးရံႈးမႈရလဒ္ျဖစ္တဲ့ basal ဇီဝျဖစ္စဥ္ႏႈန္းကို တိုးျမွင့္ေပးပါတယ္။

ရုပ္ရွင္ၾကည့္လို႔ ပွ်မ္းမ်ဆံုးရံႈးမႈက ၁၁၃ကယ္လိုရီ ျဖစ္ေပမယ့္ ကယ္လိုရီကို ပိုၿပီးေလာင္ကၽြမ္းေစတဲ့ ဇာတ္ကားအခ်ိဳ႕ရွိတယ္ဆိုတာ သတိရပါ။ ကယ္လိုရီေလာင္ကၽြမ္းျခင္းကို ထုတ္လုပ္ေပးတဲ့ ထိပ္တန္းဇာတ္ကားသံုးကားရွိပါတယ္။

  • The Shining — 184 calories
  • Jaws — 161 calories
  • The Exorcist — 158 calories

ဒီဇာတ္ကား သံုးကားမွာ သင့္ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစတဲ့ adrenaline ကိုအျမန္တိုးျမွင့္ေပးၿပီး ႏွလံုးခုန္ႏႈန္းကို တိုးေစတဲ့ “jump-scare”ျမင္ကြင္းေတြ ေျမာက္ျမားစြာ ပါဝင္ပါတယ္။ ဒါေပမယ့္ ဒီဇတ္ကားမ်ားက သင့္အတြက္ အရမ္းေၾကာက္စရာ ေကာင္းလြန္းေနရင္ Paranormal Activity (111 kcal), The Blair Witch Project (105 kcal), ႏွင့္ The Texas Chain Saw Massacre (107 kcal) ကဲ့သို႔ေသာ ေပါ့ေပါ့ပါးပါး ဇာတ္ကားမ်ားကို ၾကည့္ႏိုင္ပါတယ္။

ဒီသုေတသနက သင္ေလာင္ကၽြမ္းနိုင္တဲ့ ကယ္လိုရီအေရအတြက္ေပၚမွာသာ အေျခခံထားတယ္ဆိုတာ သတိရပါ။ တီဗီၾကည့္ရင္း ဆုိဒါေဖ်ာ္ရည္ေတြ၊ ေပါက္ေပါက္ဆုပ္အမ်ားႀကီးနဲ႔ ေခ်ာကလတ္အမ်ားႀကီး စားျခင္းမွ ေရွာင္ၾကဥ္ပါ။ သေရစာမုန္႔စားရင္း သရဲကားၾကည့္ၿပီး ဝိတ္ခ်ႏိုင္ၾကပါေစ။

Lifestyle_Myanmar

LM_Nandar

Unicode

ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ခြင်းဟာ ကိုယ်အလေးချိန်ကို တကယ်လျော့ကျစေနိုင်တယ်တဲ့
အစားသောက် diet လုပ်ပေမယ့် ကိုယ့်ကိုယ်ကို နည်းနည်းပဲဝိတ်ကျတယ်လို့ ခံစားရရင် တီဗီရှေ့ကိုသွားပါ။ Westminster တက္ကသိုလ်မှ သုတေသီမားက ထိတ်လန့်စရာကောင်းတဲ့ ရုပ်ရှင်တွေကိုကြည့်နေစဉ်အတွင်းမှာ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်း မြင့်တတ်သွားတာနဲ့ ကယ်လိုရီလျော့ကျသွားတာ အကြား ဆက်စပ်မှုတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့ ဇာတ်ကားတွေ ကြည့်နေစဉ်တွင်းမှာ ကြောက်ပြီး မျက်လုံးပိတ်ထားတာဟာ ဘာ့ကြောင့် မကောင်းတဲ့ အိုင်ဒီယာလဲဆိုတာကို ရှင်းပြပေးထားပါတယ်။

မိနစ် ၉၀ horror ရုပ်ရှင်ကြည့်သူတွေဟာ 113 ကယ်လိုရီလောင်ကျွမ်းပြီး မိနစ် 30လမ်းလျှောက်တဲ့သူ၊ 15မိနစ်ပြေးသူတွေမှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏနဲ့ တူညီတယ်လို့ Westminster တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လေ့လာမှုတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သုတေသီများက နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်စားသုံးမှုနှင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ရှုထုတ်မှုရဲ့ အဆင့်တွေကို တိုင်းတာခဲ့ပါတယ်။ ကြောက်စရာကောငး်တဲ့ ရုပ်ရှင်များဟာ နှလုံးခုန်နှုန်း တိုးမြှင့်မှုကို ဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

သွေးခုန်နှုန်း အရှိန်မြင့်လာပြီး ခန္ဓာကိုယ်ပတ်ပတ်လည်ကို ပိုမြန်မြန် ညှစ်ထုတ်တာကြောင့် ခန္ဓာကိုယ်က (adrenal gland ရဲ့neurotransmitter ဖြစ်တဲ့ ) အဒရီနယ်လင်းမှာ လှိုင်းတစ်ခု တွေ့ကြုံရတယ်လို့ cell metabolism and physiology အထူးကု MacKenzie ကရှင်းပြခဲ့ပါတယ်။ ဒါက အစာစားချင်စိတ်ကို လျော့နည်းစေပြီး ကယ်လိုရီ မြင့်မားစွာဆုံးရှုံးမှုရလဒ်ဖြစ်တဲ့ basal ဇီဝဖြစ်စဉ်နှုန်းကို တိုးမြှင့်ပေးပါတယ်။

ရုပ်ရှင်ကြည့်လို့ ပျှမ်းမျဆုံးရှုံးမှုက ၁၁၃ကယ်လိုရီ ဖြစ်ပေမယ့် ကယ်လိုရီကို ပိုပြီးလောင်ကျွမ်းစေတဲ့ ဇာတ်ကားအချို့ရှိတယ်ဆိုတာ သတိရပါ။ ကယ်လိုရီလောင်ကျွမ်းခြင်းကို ထုတ်လုပ်ပေးတဲ့ ထိပ်တန်းဇာတ်ကားသုံးကားရှိပါတယ်။

  • The Shining — 184 calories
  • Jaws — 161 calories
  • The Exorcist — 158 calories

ဒီဇာတ်ကား သုံးကားမှာ သင့်ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ adrenaline ကိုအမြန်တိုးမြှင့်ပေးပြီး နှလုံးခုန်နှုန်းကို တိုးစေတဲ့ “jump-scare”မြင်ကွင်းတွေ မြောက်မြားစွာ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီဇတ်ကားများက သင့်အတွက် အရမ်းကြောက်စရာ ကောင်းလွန်းနေရင် Paranormal Activity (111 kcal), The Blair Witch Project (105 kcal), နှင့် The Texas Chain Saw Massacre (107 kcal) ကဲ့သို့သော ပေါ့ပေါ့ပါးပါး ဇာတ်ကားများကို ကြည့်နိုင်ပါတယ်။

ဒီသုတေသနက သင်လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီအရေအတွက်ပေါ်မှာသာ အခြေခံထားတယ်ဆိုတာ သတိရပါ။ တီဗီကြည့်ရင်း ဆိုဒါဖျော်ရည်တွေ၊ ပေါက်ပေါက်ဆုပ်အများကြီးနဲ့ ချောကလတ်အများကြီး စားခြင်းမှ ရှောင်ကြဉ်ပါ။ သရေစာမုန့်စားရင်း သရဲကားကြည့်ပြီး ဝိတ်ချနိုင်ကြပါစေ။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here