ေျမြတစ္ေကာင္ကဲ့သို႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ခြဲစိတ္ေျပာင္းလဲလိုက္တဲ့ အမ်ိဳးသား

0
4803
ေျမြ
ေျမြ

အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္မွာေနထိုင္တဲ့ Richard Hernandez ဆိုတဲ့ အသက္ ၅၆ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ သူ႔ခႏၶာကိုယ္ကို ေျမြတစ္ေကာင္လို ပုံေဖာ္ၿပီး ေနထိုင္ပါတယ္။ ယခင္က သူဟာ အေမရိကန္ႏိုင္ငံမွာရွိတဲ့အႀကီးဆုံးဘဏ္မွာ ဒုဥကၠဌျဖစ္ခဲ့ၿပီး HIV ပိုးကူးစက္ခံခဲ့ရတာ သိၿပီးေနာက္ အလုပ္ကေနထြက္ခဲ့ပါတယ္။

ထိုအခ်ိန္မွာ ေသျခင္းတရားကို ရင္ဆိုင္ဖို႔ ေၾကာက္ရြံ႕ေနတဲ့ သူဟာ အရမ္းကို စိတ္လႈပ္ရွားခဲ့ၿပီး သူရဲ႕ ဘဝကို အျခားသူေတြနဲ႔ မတူတဲ့ ကြဲျပားျခားနားတဲ့ပုံစံမ်ိဳးေျပာင္းလဲယူဖို႔ ဆုံးျဖတ္ခဲ့ခ်ခဲ့ပါတယ္။ သူရဲ႕ ပုံစံကို ေျမြတစ္ေကာင္လိုျဖစ္ဖို႔အတြက္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ေျပာင္းလဲခဲ့ပါတယ္။ သူကိုယ္သူ Mother Dragon ဆိုၿပီး မ်က္စိကို အစိမ္းေရာင္ျဖစ္ေအာင္ ထိုသြင္းကုသျခင္း၊ နားရြက္ႏွစ္ဖက္ကို ျဖတ္ထုတ္ျခင္း၊ ႏွာေခါင္းကို ခြဲစိတ္ျခင္း၊ အံသြားေတြကို ဖယ္ရွားျခင္း၊ ေျမြကဲ့သိုလွ်ာႏွစ္ခြျဖစ္ေအာင္ သူမရဲ႕လွ်ာကို အလည္ကေနခြဲျခင္း၊ ဦးခ်ိဳတပ္ျခင္း၊ ေျမြအေရခြံကဲ့သို႔ တက္တူးထိုးျခင္း၊ မိန္းကေလးပုံစံေျပာင္းလဲျခင္း စတဲ့ ခႏၶာကိုယ္ခြဲစိတ္ေျပာင္းလဲမႈေတြကို ႐ူး႐ူးသြပ္သြပ္လုပ္ေဆာင္ခဲ့ပါတယ္။ သူရဲ႕ ခြဲစိတ္ျပဳျပင္မႈေတြက အေမရိကန္ေဒၚလာ ၁သိန္းမက ကုန္က်စရိတ္ရွိပါတယ္။

နဂါး တစ္ေကာင္လိုလို/ ေျမြလိုလို သူကိုသူ ေျပာင္းလဲၿပီးတဲ့အခါမွာေတာ့ Eva Medusa ဆိုၿပီး နာမည္ႀကီးခဲ့ပါတယ္။ သူဟာ ၅ႏွစ္အရြယ္ေလာက္ထဲက မိဘေတြရဲ႕စြန္႔ပစ္ျခင္းကို ခံခဲ့ရၿပီး ေတာထဲမွာ ေျမြဆိုးေတြနဲ႔ပဲ ႀကီးျပင္ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ေျမြဆိုတာ သူမရဲ႕ ဒုတိယမိဘဆိုလည္း မမွားပါဘူး။ အခုလိုသူ႔ရဲ႕ပုံစံကိုေျပာင္းလဲခဲ့တာလဲ သူ႔ရဲ႕ဒုတိယမိဘေတြကို ဂုဏ္ျပဳတဲ့အေန/ ေက်းဇူးဆပ္တဲ့အေနနဲ႔ ေျပာင္းလဲခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေျမြတစ္ေကာင္ပုံစံအျပင္ အမ်ိဳးသမီးတစ္ေယာက္အသြင္ လိင္ေျပာင္းခြဲစိတ္ၿပီး သူကိုသူ ဘဝသစ္မွာ တဖန္အသက္ရွင္ရတယ္လို႔ခံယူထားၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဘဲ သူ႔ဘဝကို ျဖတ္သန္းေနပါတယ္။ ဒါ့အျပင္ သူရဲ႕ယခင္ကပုံစံနဲ႔ လုံးဝေျပာင္းလဲသြားဖို႔ခြဲစိတ္မႈေတြကို ဆက္လက္လုပ္ေဆာင္ ေနဦးမယ္လို႔လည္းဆိုပါတယ္။

လူေတြရဲ႕ မဆင္မျခင္အျပဳအမူေၾကာင့္ ဒုကၡိတဘဝနဲ႔ အသက္ဆုံး႐ႈံးရတဲ့ သတၱဝါေလးေတြ

#Lifestyle_Myanmar

#Thar_Nage

Unicode

မြွေတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ခွဲစိတ်ပြောင်းလဲလိုက်တဲ့ အမျိုးသား
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာနေထိုင်တဲ့ Richard Hernandez ဆိုတဲ့ အသက် ၅၆နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ခန္ဓာကိုယ်ကို မြွေတစ်ကောင်လို ပုံဖော်ပြီး နေထိုင်ပါတယ်။ ယခင်က သူဟာ အမေရိကန်နိုင်ငံမှာရှိတဲ့အကြီးဆုံးဘဏ်မှာ ဒုဥက္ကဌဖြစ်ခဲ့ပြီး HIV ပိုးကူးစက်ခံခဲ့ရတာ သိပြီးနောက် အလုပ်ကနေထွက်ခဲ့ပါတယ်။

ထိုအချိန်မှာ သေခြင်းတရားကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေတဲ့ သူဟာ အရမ်းကို စိတ်လှုပ်ရှားခဲ့ပြီး သူရဲ့ ဘဝကို အခြားသူတွေနဲ့ မတူတဲ့ ကွဲပြားခြားနားတဲ့ပုံစံမျိုးပြောင်းလဲယူဖို့ ဆုံးဖြတ်ခဲ့ချခဲ့ပါတယ်။ သူရဲ့ ပုံစံကို မြွေတစ်ကောင်လိုဖြစ်ဖို့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြောင်းလဲခဲ့ပါတယ်။ သူကိုယ်သူ Mother Dragon ဆိုပြီး မျက်စိကို အစိမ်းရောင်ဖြစ်အောင် ထိုသွင်းကုသခြင်း၊ နားရွက်နှစ်ဖက်ကို ဖြတ်ထုတ်ခြင်း၊ နှာခေါင်းကို ခွဲစိတ်ခြင်း၊ အံသွားတွေကို ဖယ်ရှားခြင်း၊ မြွေကဲ့သိုလျှာနှစ်ခွဖြစ်အောင် သူမရဲ့လျှာကို အလည်ကနေခွဲခြင်း၊ ဦးချိုတပ်ခြင်း၊ မြွေအရေခွံကဲ့သို့ တက်တူးထိုးခြင်း၊ မိန်းကလေးပုံစံပြောင်းလဲခြင်း စတဲ့ ခန္ဓာကိုယ်ခွဲစိတ်ပြောင်းလဲမှုတွေကို ရူးရူးသွပ်သွပ်လုပ်ဆောင်ခဲ့ပါတယ်။ သူရဲ့ ခွဲစိတ်ပြုပြင်မှုတွေက အမေရိကန်ဒေါ်လာ ၁သိန်းမက ကုန်ကျစရိတ်ရှိပါတယ်။

နဂါး တစ်ကောင်လိုလို/ မြွေလိုလို သူကိုသူ ပြောင်းလဲပြီးတဲ့အခါမှာတော့ Eva Medusa ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။ သူဟာ ၅နှစ်အရွယ်လောက်ထဲက မိဘတွေရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး တောထဲမှာ မြွေဆိုးတွေနဲ့ပဲ ကြီးပြင်ခဲ့ရပါတယ်။ ဒါ့ကြောင့်မြွေဆိုတာ သူမရဲ့ ဒုတိယမိဘဆိုလည်း မမှားပါဘူး။ အခုလိုသူ့ရဲ့ပုံစံကိုပြောင်းလဲခဲ့တာလဲ သူ့ရဲ့ဒုတိယမိဘတွေကို ဂုဏ်ပြုတဲ့အနေ/ ကျေးဇူးဆပ်တဲ့အနေနဲ့ ပြောင်းလဲခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြွေတစ်ကောင်ပုံစံအပြင် အမျိုးသမီးတစ်ယောက်အသွင် လိင်ပြောင်းခွဲစိတ်ပြီး သူကိုသူ ဘဝသစ်မှာ တဖန်အသက်ရှင်ရတယ်လို့ခံယူထားပြီး ပျော်ပျော်ရွှင်ရွှင်ဘဲ သူ့ဘဝကို ဖြတ်သန်းနေပါတယ်။ ဒါ့အပြင် သူရဲ့ယခင်ကပုံစံနဲ့ လုံးဝပြောင်းလဲသွားဖို့ခွဲစိတ်မှုတွေကို ဆက်လက်လုပ်ဆောင် နေဦးမယ်လို့လည်းဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here