ေျမးျဖစ္သူဘြဲ႕ယူတာကို ဂုဏ္ျပဳခ်င္လို႔ မိုင္ေပါင္း ၂၀၀၀ နီးပါး ခရီးႏွင္လာတဲ့ အဘိုးအို

0
337
Gali Yalkarriwuy Gurruwiwi
Gali Yalkarriwuy Gurruwiwi

ေရွးတိုင္းရင္းသားတစ္ဦးျဖစ္တဲ့ Gali Yalkarriwuy Gurruwiwi အမည္ရွိ အဘိုးအို ဟာ ၾသစေၾတးလ်မွာေက်ာင္းတက္တဲ့ ေျမးမေလးရဲ႕ ဘြဲ႕ယူတဲ့အခမ္းအနားကို တက္ေရာက္ဖို႔ Arnhem ၿမိဳ႕ Healesville ရဲ႕ အေရွ႕ေျမာက္ဘက္မွာရွိတဲ့ Elcho ကၽြန္းေလးကေန ကီလိုမီတာေပါင္း ၃၂၁၉ (မိုင္ေပါင္း ၂၀၀၀နီးပါး) ေဝးတဲ့ ၾသစေၾတးလ်ကို ခရီးထြက္ခဲ့ပါတယ္။ အဘိုးဟာ သူေနထိုင္တဲ့ ကၽြန္းကေန အဆင့္အဆင့္ ခရီးစတင္ခဲ့ရၿပီး ဒီလို ရွည္လ်ားတဲ့ ခရီးကို ထြက္ဖို႔ အေၾကာင္းဖန္လာတာက်ေတာ့ လြန္ခဲ့တဲ့ ၂ႏွစ္ခြဲေလာက္က ပညာသင္ယူေနတဲ့ Sasha ဆိုတဲ့ ေျမးမေလးေၾကာင့္ပဲျဖစ္ပါတယ္။

Gali တို႔ဟာ Galpu မ်ိဳးႏြယ္စုတစ္စုျဖစ္ၿပီး ႐ိုးရာဘာသာစကားနဲ႔ အဂၤလိပ္ဘာသာစကား အနည္းငယ္ေျပာဆိုႏိုင္ၾကပါတယ္။ Gali ရဲ႕ အမ်ိဳးသမီး Jane Garrutju ကေတာ့ သူဟာ ေျမးျဖစ္သူ ဘြဲ႕ယူတဲ့အခါ ေျမးျဖစ္သူနဲ႔အတူ ကခုန္ၿပီး ဂုဏ္ျပဳေပးခ်င္တာသူရဲ႕ အိမ္မက္တစ္ခုပဲလို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ အခြင့္အလမ္းေပးခ်င္တာေၾကာင့္ ေျမးမေလး Sasha ကို Worawa ေကာလိပ္ကို ပို႔ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ Gali ဟာ သူ႔တို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈနဲ႔ အေနာက္တိုင္းယဥ္ေက်းမႈ ကို ဟန္ခ်က္မွ်တေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ သူတို႔ရဲ႕ ေျမးကို အခုလို ပညာေရးေျမေတာင္ေျမႇာက္ေပးခဲ့တာလို႔လဲ ဆိုပါတယ္။

Gali ဟာ Yolngu Mala ႐ိုးရာအကမွာ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး Morning Star dancer အျဖစ္ လူသိမ်ားတဲ့ ႐ိုးရာအကပညာရွင္ႀကီးတစ္ဦးလည္းျဖစ္ပါတယ္။ Gali ဟာ Elcho ကၽြန္းေလးကို လည္ပတ္တဲ့ ခရီးသြားမ်ားကိုလည္း သူတို႔ရဲ႕ ႐ိုးရာအကနဲ႔ ေဖ်ာ္ေျဖေလ့ရွိပါတယ္။ ေျမးျဖစ္သူ Sasha ရဲ႕ အဆိုအရ သူရဲ႕ အဖိုး Gali ဟာ အမဲလိုက္ရတာ၊ ပင္လယ္ထဲက ကမာေကာင္ေလးေတြၾကည့္ရတာ၊ ငါးဖမ္းရတာ၊ ႐ိုးရာအကကို ကရတာကို ႀကိဳက္ႏွစ္သက္သူတစ္ဦးျဖစ္ပါတယ္။ ယခုဆိုရင္ Sasha ဟာ သူမရဲ႕ ႐ုိးရာဘာသာစကားကို ကၽြမ္းက်င္တဲ့အျပင္ အျခားမ်ိဳးႏြယ္စုေတြရဲ႕ ဘာသာစကားေတြ၊ ယဥ္ေက်းမႈေတြကိုလည္း ေလ့လာသင္ယူႏိုင္ခဲ့ပါၿပီ။ ေက်ာင္းၿပီးတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ လူမ်ိဳးအသိုင္းအဝိုင္းကို အက်ိဳးျပဳႏိုင္တဲ့ သူနာျပဳတစ္ဦးလုပ္မယ္လို႔ ဆိုပါတယ္။

Sasha ဟာ ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ အေနာက္တိုင္းယဥ္ေက်းမႈၾကားထဲမွာ ပညာသင္ယူခဲ့ေပမဲ့ သူတို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈအတြက္ ရွက္ေၾကာက္တာမ်ိဳးမရွိပါဘူး။ တကယ္ေတာ့ ကိုယ့္လူမ်ိဳး၊ ကိုယ့္ယဥ္ေက်းမႈ၊ ကိုယ့္႐ိုးရာကို ေစာင့္ထိန္းတာမွ ေလးစားမႈရွိတာလို႔ ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သိပၸံပညာအရ ေျမးထိန္းတဲ့ ဘိုးဘိုးဘြားဘြားေတြက ပိုၿပီးအသက္ရွည္တယ္လို႔ဆို

Unicode

မြေးဖြစ်သူဘွဲ့ယူတာကို ဂုဏ်ပြုချင်လို့ မိုင်ပေါင်း ၂၀၀၀ နီးပါး ခရီးနှင်လာတဲ့ အဘိုးအို
ရှေးတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ Gali Yalkarriwuy Gurruwiwi အမည်ရှိ အဘိုးအို ဟာ သြစတြေးလျမှာကျောင်းတက်တဲ့ မြေးမလေးရဲ့ ဘွဲ့ယူတဲ့အခမ်းအနားကို တက်ရောက်ဖို့ Arnhem မြို့ Healesville ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ Elcho ကျွန်းလေးကနေ ကီလိုမီတာပေါင်း ၃၂၁၉ (မိုင်ပေါင်း ၂၀၀၀နီးပါး) ဝေးတဲ့ သြစတြေးလျကို ခရီးထွက်ခဲ့ပါတယ်။ အဘိုးဟာ သူနေထိုင်တဲ့ ကျွန်းကနေ အဆင့်အဆင့် ခရီးစတင်ခဲ့ရပြီး ဒီလို ရှည်လျားတဲ့ ခရီးကို ထွက်ဖို့ အကြောင်းဖန်လာတာကျတော့ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ပညာသင်ယူနေတဲ့ Sasha ဆိုတဲ့ မြေးမလေးကြောင့်ပဲဖြစ်ပါတယ်။

Gali တို့ဟာ Galpu မျိုးနွယ်စုတစ်စုဖြစ်ပြီး ရိုးရာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား အနည်းငယ်ပြောဆိုနိုင်ကြပါတယ်။ Gali ရဲ့ အမျိုးသမီး Jane Garrutju ကတော့ သူဟာ မြေးဖြစ်သူ ဘွဲ့ယူတဲ့အခါ မြေးဖြစ်သူနဲ့အတူ ကခုန်ပြီး ဂုဏ်ပြုပေးချင်တာသူရဲ့ အိမ်မက်တစ်ခုပဲလို့ဆိုပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အခွင့်အလမ်းပေးချင်တာကြောင့် မြေးမလေး Sasha ကို Worawa ကောလိပ်ကို ပို့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Gali ဟာ သူ့တို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အနောက်တိုင်းယဉ်ကျေးမှု ကို ဟန်ချက်မျှတအောင် လုပ်ဆောင်နိုင်ဖို့ သူတို့ရဲ့ မြေးကို အခုလို ပညာရေးမြေတောင်မြှောက်ပေးခဲ့တာလို့လဲ ဆိုပါတယ်။

Gali ဟာ Yolngu Mala ရိုးရာအကမှာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး Morning Star dancer အဖြစ် လူသိများတဲ့ ရိုးရာအကပညာရှင်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ Gali ဟာ Elcho ကျွန်းလေးကို လည်ပတ်တဲ့ ခရီးသွားများကိုလည်း သူတို့ရဲ့ ရိုးရာအကနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။ မြေးဖြစ်သူ Sasha ရဲ့ အဆိုအရ သူရဲ့ အဖိုး Gali ဟာ အမဲလိုက်ရတာ၊ ပင်လယ်ထဲက ကမာကောင်လေးတွေကြည့်ရတာ၊ ငါးဖမ်းရတာ၊ ရိုးရာအကကို ကရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ယခုဆိုရင် Sasha ဟာ သူမရဲ့ ရိုးရာဘာသာစကားကို ကျွမ်းကျင်တဲ့အပြင် အခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေကိုလည်း လေ့လာသင်ယူနိုင်ခဲ့ပါပြီ။ ကျောင်းပြီးတဲ့အချိန်မှာတော့ သူမရဲ့ လူမျိုးအသိုင်းအဝိုင်းကို အကျိုးပြုနိုင်တဲ့ သူနာပြုတစ်ဦးလုပ်မယ်လို့ ဆိုပါတယ်။

Sasha ဟာ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်တိုင်းယဉ်ကျေးမှုကြားထဲမှာ ပညာသင်ယူခဲ့ပေမဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုအတွက် ရှက်ကြောက်တာမျိုးမရှိပါဘူး။ တကယ်တော့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာကို စောင့်ထိန်းတာမှ လေးစားမှုရှိတာလို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here