ေျခေထာက္အနံ႔ဆိုးထြက္တာဟာ မိန္းကေလးေတြအတြက္ ရွက္စရာအေကာင္းဆံုးျပႆနာမ်ားထဲက တစ္ခုျဖစ္ပါတယ္။ တခါတရံမွာ ဖိနပ္ကိုေတာင္ မခၽြတ္ခ်င္ေတာ့ပါဘူး။ ဒါေပမယ့္ စိတ္မပူပါနဲ႔။ ေျဖရွင္းနည္းေတြ ရွိပါတယ္။
အလြန္အကၽြံ ေခၽြးထြက္တာက ဘက္တီးရီးယားမ်ားကို ေပါက္ဖြားေစပါတယ္။ ေျခေထာက္တစ္ဖက္စီမွာ ခန္႔မွန္းေျခအားျဖင့္ ေခၽြးဂလင္း 250000ရွိၿပီး တစ္ေန႔ကို ေခၽြး၂ခြက္ခန္႔ ထုတ္လုပ္တာေၾကာင္ ေျခေထာက္ဟာ ဘက္တီးရိီးယားေတြအတြက္ ေမြးျမဴေရးေျမျပင္တစ္ခုျဖစ္ပါတယ္။
ေျခေထာက္ေခၽြးေစးျပန္ရတဲ့ အေၾကာင္းရင္း
တကယ္ေတာ့ ေျခေထာက္ေပၚမွာ ေပါက္ဖြားတဲ့ ဘက္တီးရီးယားမ်ားက cheese လုပ္ဖို႔ အသံုးျပဳတဲ့ ဘက္တီးရီးယားထုတ္လုပ္မႈႏွင့္ အလားတူ ဓါတ္ငြ႕ ထုတ္လုပ္ပါတယ္။ ဒါ့ေၾကာင့္ ဒိန္ခဲရဲ႕အနံ႔ႏွင့္ ဆင္တူပါတယ္။ဖိနပ္ေတြက ဒီအခန္းက႑မွာ သိသိသာသာ ပါဝင္ပါတယ္။ မႏွစ္ၿမိဳ႕ဖြယ္ အနံ႔က ရႈးဖိနပ္လို ေလအလံုအေလာက္မရတဲ့အခါ ေပၚထြက္လာပါလိမ့္မယ္။ ဒါေပမယ့္ ဒါက အနံ႔ကိုျဖစ္ေပၚေစတဲ့ ေခၽြးေၾကာင့္မဟုတ္ပါဘူး။ ဘက္တီးရီးယားေၾကာင့္ပါ။
ေျခေထာက္အနံ႔ထြက္ရတဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕
hyperhidrosis (အလြန္အကၽြံေခၽြးထြက္ျခင္း)
ေရာဂါမ်ား
တစ္ကိုယ္ရည္သန္႔ရွင္းေရး အားနည္းျခင္း
အရည္အေသြးနိမ့္ ဖိနပ္
ဖိနပ္တစ္ရံတည္းကိုပဲ အခ်ိန္ၾကာၾကာ ဝတ္ဆင္ျခင္း
မေကာင္းတဲ့ ေျခေထာက္အနံ႔ကို ဘယ္လိုဖယ္ရွားမလဲ?
၁။ သင့္ေျခေထာက္ကို သန္႔ရွင္းေအာင္ထားပါ
၂။ ဓါတုပစၥည္းေတြနဲ႔ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြကို မသံုးပါနဲ႔
၃။ သဘာဝခ်ည္ထည္နဲ႔ျပဳလုပ္ထားတဲ့ ေျခအိတ္ေတြ ဝတ္ဆင္ပါ
၄။ အရည္အေသြးျမင့္ ပစၥည္းမ်ားနဲ႔ျပဳလုပ္တဲ့ ဖိနပ္ေတြကို ဝတ္ဆင္ပါ
၅။ သင္ဟာရံုးသြားတိုင္း ရႈးဖိနပ္အၿမဲစီးသူဆိုရင္ ရံုးမွာ ေျခညွပ္ဖိနပ္တရံထားၿပီး လဲစီးပါ။
၆။ ရွာလကာရည္ကဲ့သို႔ သဘာဝကုထံုးေတြ သံုးပါ။
၇။ သင့္ေျခေထာက္ကို အစိုဓါတ္စုပ္ယူဖို႔ talc ကဲ့သို႔ ေပါင္ဒါေတြ လိမ္းေပးႏိုင္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa
Unicode
ခြေထောက်အနံ့ဆိုးထွက်ခြင်းကို ဘယ်လိုဖယ်ရှားမလဲ?
ခြေထောက်အနံ့ဆိုးထွက်တာဟာ မိန်းကလေးတွေအတွက် ရှက်စရာအကောင်းဆုံးပြဿနာများထဲက တစ်ခုဖြစ်ပါတယ်။ တခါတရံမှာ ဖိနပ်ကိုတောင် မချွတ်ချင်တော့ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဖြေရှင်းနည်းတွေ ရှိပါတယ်။
အလွန်အကျွံ ချွေးထွက်တာက ဘက်တီးရီးယားများကို ပေါက်ဖွားစေပါတယ်။ ခြေထောက်တစ်ဖက်စီမှာ ခန့်မှန်းခြေအားဖြင့် ချွေးဂလင်း 250000ရှိပြီး တစ်နေ့ကို ချွေး၂ခွက်ခန့် ထုတ်လုပ်တာကြောင် ခြေထောက်ဟာ ဘက်တီးရိီးယားတွေအတွက် မွေးမြူရေးမြေပြင်တစ်ခုဖြစ်ပါတယ်။
ခြေထောက်ချွေးစေးပြန်ရတဲ့ အကြောင်းရင်း
တကယ်တော့ ခြေထောက်ပေါ်မှာ ပေါက်ဖွားတဲ့ ဘက်တီးရီးယားများက cheese လုပ်ဖို့ အသုံးပြုတဲ့ ဘက်တီးရီးယားထုတ်လုပ်မှုနှင့် အလားတူ ဓါတ်ငွ့ ထုတ်လုပ်ပါတယ်။ ဒါ့ကြောင့် ဒိန်ခဲရဲ့အနံ့နှင့် ဆင်တူပါတယ်။ဖိနပ်တွေက ဒီအခန်းကဏ္ဍမှာ သိသိသာသာ ပါဝင်ပါတယ်။ မနှစ်မြို့ဖွယ် အနံ့က ရှုးဖိနပ်လို လေအလုံအလောက်မရတဲ့အခါ ပေါ်ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် ဒါက အနံ့ကိုဖြစ်ပေါ်စေတဲ့ ချွေးကြောင့်မဟုတ်ပါဘူး။ ဘက်တီးရီးယားကြောင့်ပါ။
ခြေထောက်အနံ့ထွက်ရတဲ့ အကြောင်းရင်းတစ်ချို့
hyperhidrosis (အလွန်အကျွံချွေးထွက်ခြင်း)
ရောဂါများ
တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းခြင်း
အရည်အသွေးနိမ့် ဖိနပ်
ဖိနပ်တစ်ရံတည်းကိုပဲ အချိန်ကြာကြာ ဝတ်ဆင်ခြင်း
မကောင်းတဲ့ ခြေထောက်အနံ့ကို ဘယ်လိုဖယ်ရှားမလဲ?
၁။ သင့်ခြေထောက်ကို သန့်ရှင်းအောင်ထားပါ
၂။ ဓါတုပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို မသုံးပါနဲ့
၃။ သဘာဝချည်ထည်နဲ့ပြုလုပ်ထားတဲ့ ခြေအိတ်တွေ ဝတ်ဆင်ပါ
၄။ အရည်အသွေးမြင့် ပစ္စည်းများနဲ့ပြုလုပ်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ပါ
၅။ သင်ဟာရုံးသွားတိုင်း ရှုးဖိနပ်အမြဲစီးသူဆိုရင် ရုံးမှာ ခြေညှပ်ဖိနပ်တရံထားပြီး လဲစီးပါ။
၆။ ရှာလကာရည်ကဲ့သို့ သဘာဝကုထုံးတွေ သုံးပါ။
၇။ သင့်ခြေထောက်ကို အစိုဓါတ်စုပ်ယူဖို့ talc ကဲ့သို့ ပေါင်ဒါတွေ လိမ်းပေးနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa