ေဆာင္းရာသီကို ေရာက္လာၿပီဆိုေတာ့ ညဘက္ေအးတဲ့အခါ အိပ္မေပ်ာ္ဘဲ ခဏခဏ ႏိႈးေနတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေအးတဲ့အခါ ခႏၶာကိုယ္အတြင္းမွ ေသြးမ်ားပ်စ္ၿပီး ေသြးလည္ပတ္မႈသိပ့္မရွိေတာ့တာေၾကာင့္ ျဖစ္ပါတယ္။ National Sleep Foundation မွ အဆိုျပဳခ်က္အရ ေျခေထာက္မွာ အေႏြးဓာတ္ရရွိတဲ့အခါ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္တစ္ခုလုံးကို ျမန္ျမန္အနားယူေစၿပီး ေသြးလည္ပတ္မႈေကာင္းမြန္တာေၾကာင့္ သင့္ကို ခ်က္ျခင္းအိပ္ေပ်ာ္ေစပါတယ္။
ေျခအိတ္ျဖင့္ အိပ္စက္တဲ့အခါ ရရွိႏိုင္တဲ့ အျခားအက်ိဳးေက်းဇူး
ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးႏိုင္ျခင္း
ေျခအိတ္ဝတ္အိပ္တဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အပူခ်ိန္နဲ႔ အေအးကို ထိန္းညႇိေပးႏိုင္ၿပီး သင့္ကို ေကာင္းေကာင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။
ေျခဖေႏွာက္ကြဲျခင္းကို ေပ်ာက္ကင္းေစျခင္း
ေျခာက္ေသြ႕ၿပီး ေျခဖေႏွာက္ေတြအက္ကြဲတဲ့အခါ Moisturizing ခရင္မ္ တစ္ခုခုလိမ္းၿပီး ေျခအိတ္ဝတ္အိပ္ေပးပါ။ ရက္အနည္းငယ္အတြင္း ေပ်ာက္ကင္းေစပါတယ္။
ေသြးလည္ပတ္မႈမရွိတာေၾကာင့္ျဖစ္ေပၚတဲ့ေဝဒနာ
ရသီဥတုေအးခဲတဲ့အခါ ေသြးလည္ပတ္မႈေႏွးေကြးျခင္း၊ ေကာင္းေကာင္းေသြးလည္ပတ္မႈမရွိျခင္း ျဖစ္ေပၚတဲ့အခါ ခႏၶာကိုယ္ရဲ႕ အခ်ိဳ႕အစိတ္အပိုင္းေနရာေတြကို ေသြးေရာက္ရွိျခင္း မရွိဘဲ ထုံက်င္ျခင္း နဲ႔ ေရာင္ရမ္းျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။ ဒီလိုေဝဒနာေတြမခံစားရေအာင္ သင့္ေျခေထာက္ကို ေျခအိတ္စြပ္ အိပ္ေပးပါ။
သာမန္ထက္ ပိုၿပီး အိပ္ေပ်ာ္ေစျခင္း
ေျခအိတ္ စြပ္အိပ္တဲ့အခါ ေျခေထာက္အေႏြးဓာတ္ရရွိျခင္းေၾကာင့္ သင့္ကို သာမန္ထက္ပိုၿပီး ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစပါတယ္။ ၂၀၀၇ခုႏွစ္တုန္းက ေလ့လာမႈမွတ္တမ္းေတြထဲမွာ ေျခအိတ္ဝတ္အိပ္တတ္တဲ့သူဟာ သာမာန္ထက္ပိုမို အျမန္ဆုံးအိပ္ေပ်ာ္ႏိုင္ေၾကာင္းေဖာ္ျပခဲ့ပါတယ္။
ေျခအိတ္ဝတ္အိပ္တတ္တဲ့အက်င့္မရွိသူေတြအတြက္
ေျခအိတ္ဝတ္အိပ္ရတာ မႀကိဳက္သူေတြအတြက္ အိပ္တဲ့အခါ အိပ္ရာထဲ မဝင္ခင္ သင့္ေျခေထာက္ကို ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ၿပီးမွအိပ္စက္ပါ။
သို႔မဟုတ္ အိပ္တဲ့အခါ သင့္ေျခေထာက္အနီးတစ္ဝိႈက္မွာ ေႏြးေထြးမႈကို ေပးႏိုင္တဲ့ ကိရိယာ/ ေရေႏြးပုလင္း စတဲ့ အေႏြးဓာတ္ရွိတဲ့ ပစၥည္းတစ္ခုခု ခ်ၿပီး အိပ္စက္ေပးပါ။
သို႔မဟုတ္ သင့္ရဲ႕ ေျခေထာက္ကို ေစာင္ျဖင့္ေႏြးေထြးစြာ ထုပ္ၿပီး အိပ္စက္အနားယူေပးပါ။ ဒါမွမဟုတ္ အိပ္ရာမဝင္ခင္ ၂နာရီအလိုမွာ ေရေႏြးျဖင့္ ေရခ်ိဳးၿပီးမွ အိပ္စက္ေပးပါ။
#Lifestyle_Myanmar
#Thar_Nage
ပ်ိဳေမတို႔ရဲ႕ အသြင္အျပင္ကို ပိုဆိုးေစတဲ့ အလွအပအမွား 10 ခု
Unicode
ခြေအိတ်ဝတ်အိပ်ခြင်းကြောင့် ရရှိလာတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ဆောင်းရာသီကို ရောက်လာပြီဆိုတော့ ညဘက်အေးတဲ့အခါ အိပ်မပျော်ဘဲ ခဏခဏ နှိုးနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အေးတဲ့အခါ ခန္ဓာကိုယ်အတွင်းမှ သွေးများပျစ်ပြီး သွေးလည်ပတ်မှုသိပ့်မရှိတော့တာကြောင့် ဖြစ်ပါတယ်။ National Sleep Foundation မှ အဆိုပြုချက်အရ ခြေထောက်မှာ အနွေးဓာတ်ရရှိတဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မြန်မြန်အနားယူစေပြီး သွေးလည်ပတ်မှုကောင်းမွန်တာကြောင့် သင့်ကို ချက်ခြင်းအိပ်ပျော်စေပါတယ်။
ခြေအိတ်ဖြင့် အိပ်စက်တဲ့အခါ ရရှိနိုင်တဲ့ အခြားအကျိုးကျေးဇူး
ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း
ခြေအိတ်ဝတ်အိပ်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အပူချိန်နဲ့ အအေးကို ထိန်းညှိပေးနိုင်ပြီး သင့်ကို ကောင်းကောင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။
ခြေဖနှောက်ကွဲခြင်းကို ပျောက်ကင်းစေခြင်း
ခြောက်သွေ့ပြီး ခြေဖနှောက်တွေအက်ကွဲတဲ့အခါ Moisturizing ခရင်မ် တစ်ခုခုလိမ်းပြီး ခြေအိတ်ဝတ်အိပ်ပေးပါ။ ရက်အနည်းငယ်အတွင်း ပျောက်ကင်းစေပါတယ်။
သွေးလည်ပတ်မှုမရှိတာကြောင့်ဖြစ်ပေါ်တဲ့ဝေဒနာ
ရသီဥတုအေးခဲတဲ့အခါ သွေးလည်ပတ်မှုနှေးကွေးခြင်း၊ ကောင်းကောင်းသွေးလည်ပတ်မှုမရှိခြင်း ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းနေရာတွေကို သွေးရောက်ရှိခြင်း မရှိဘဲ ထုံကျင်ခြင်း နဲ့ ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဝေဒနာတွေမခံစားရအောင် သင့်ခြေထောက်ကို ခြေအိတ်စွပ် အိပ်ပေးပါ။
သာမန်ထက် ပိုပြီး အိပ်ပျော်စေခြင်း
ခြေအိတ် စွပ်အိပ်တဲ့အခါ ခြေထောက်အနွေးဓာတ်ရရှိခြင်းကြောင့် သင့်ကို သာမန်ထက်ပိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ၂၀၀၇ခုနှစ်တုန်းက လေ့လာမှုမှတ်တမ်းတွေထဲမှာ ခြေအိတ်ဝတ်အိပ်တတ်တဲ့သူဟာ သာမာန်ထက်ပိုမို အမြန်ဆုံးအိပ်ပျော်နိုင်ကြောင်းဖော်ပြခဲ့ပါတယ်။
ခြေအိတ်ဝတ်အိပ်တတ်တဲ့အကျင့်မရှိသူတွေအတွက်
ခြေအိတ်ဝတ်အိပ်ရတာ မကြိုက်သူတွေအတွက် အိပ်တဲ့အခါ အိပ်ရာထဲ မဝင်ခင် သင့်ခြေထောက်ကို ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပြီးမှအိပ်စက်ပါ။
သို့မဟုတ် အိပ်တဲ့အခါ သင့်ခြေထောက်အနီးတစ်ဝှိုက်မှာ နွေးထွေးမှုကို ပေးနိုင်တဲ့ ကိရိယာ/ ရေနွေးပုလင်း စတဲ့ အနွေးဓာတ်ရှိတဲ့ ပစ္စည်းတစ်ခုခု ချပြီး အိပ်စက်ပေးပါ။
သို့မဟုတ် သင့်ရဲ့ ခြေထောက်ကို စောင်ဖြင့်နွေးထွေးစွာ ထုပ်ပြီး အိပ်စက်အနားယူပေးပါ။ ဒါမှမဟုတ် အိပ်ရာမဝင်ခင် ၂နာရီအလိုမှာ ရေနွေးဖြင့် ရေချိုးပြီးမှ အိပ်စက်ပေးပါ။