Home General Knowledge ေျခလက္အဂၤါမသန္စြမ္းေပမဲ့ ကြန္ပ်ဴတာ၊ စမတ္ဖုန္းကို လွ်ာျဖင့္ အသုံးျပဳၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳသူ

ေျခလက္အဂၤါမသန္စြမ္းေပမဲ့ ကြန္ပ်ဴတာ၊ စမတ္ဖုန္းကို လွ်ာျဖင့္ အသုံးျပဳၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳသူ

0
932
ေျခလက္အဂၤါမသန္စြမ္းသူ
ေျခလက္အဂၤါမသန္စြမ္းသူ

လူ႔ေလာကမွာ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနသူေတြ ဒါမွမဟုတ္ ႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနသူေတြ စသျဖင့္ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး အနည္းနဲ႔အမ်ား ခ်ိဳ႕ယြင္းသူေတြ အမ်ားႀကီးရွိပါတယ္။ ယခုလည္း Nurasamawati Mahmud ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အျခားသူေတြရဲ႕ အျမင္မွာ ဝမ္းနည္ေၾကြကြဲဖြယ္ေကာင္းတယ္လို႔ မွတ္ယူထားေပမဲ့ ကာယကံရွင္မိန္းကေလးကေတာ့ မိမိဘဝကို အ႐ႈံးမေပးပဲ သတၱိရွိရွိရင္ဆိုင္ေနပါတယ္။ သူမဟာ ေမြးရာပါ မသန္စြမ္းေပမဲ့စိတ္အားထက္သန္တဲ့ မိန္းကေလးတစ္ေယာက္ပါ။

သူမဟာ ကြန္ပ်ဴတာ၊ စမတ္ဖုန္း အသုံးျပဳနည္းေတြကို ခဲရခဲဆစ္ေလ့လာသင္ယူၿပီး ေျခလက္ေတြက အသုံးျပဳလို႔ မရတဲ့အတြက္ လွ်ာျဖင့္ အသုံးျပဳပါတယ္။ သူမဟာ ဒီအတတ္ပညာေလးကို အသုံးခ်ၿပီး ပဲပိစပ္၊ ငံျပာရည္ စတဲ့စားေသာက္ကုန္ေတြကို အြန္လိုင္းေပၚကေန တစ္ဆင့္ ေရာင္းခ်ကာ သူမရဲ႕ မိသားစုအတြက္ အသက္ေမြးဝမ္းေက်ာင္းျပဳရပါတယ္။ သူမေၾကာင့္ တစ္ေန႔ကို ငံျပာရည္ပုလင္း ၄၀၀၀နီးပါး ေရာင္းကုန္တယ္လို႔ဆိုပါတယ္။ယခုအခ်ိန္မွာေတာ့ သူမအသက္ဟာ ၃၀ရွိၿပီ မိသားစုနဲ႔ အတူ အိမ္မွာပဲ ဒီစီးပြားေရးကို လုပ္ကိုင္လ်က္ရွိပါတယ္။ မက္ေဆ့ခ်္ပို႔တာတုိ႔၊ အင္တာနက္အသုံးျပဳတာတို႔ကို လွ်ာျဖင့္အသုံးျပဳၿပီး အခုဆို Facebookေပၚမွာ သူငယ္ခ်င္း ၁၀၀ေလာက္ရရွိေနပါၿပီ။

အိမ္က ေစ်းေရာင္းတဲ့ စီးပြားေရးဟာ သူမေၾကာင့္ တျဖည္းျဖည္း ေရာင္းအားတိုးလာၿပီး ယခင္ကထက္လည္း ပိုၿပီး အျမတ္ဝင္ေငြ ပိုေကာင္းလာခဲ့ပါတယ္။ ငယ္စဥ္က ေမာင္ႏွမေတြအတူ ေက်ာင္းတက္ခဲ့ေပမဲ့ အိမ္ရဲ႕စီးပြားေရးအေျခအေနအရသူမဟာ ေက်ာင္းကေနထြက္ၿပီး အျပင္စီးပြားေရးအလုပ္ကို လုပ္ကိုင္ခဲ့ရပါတယ္။ ပညာေရးကို ဆုံးခန္းတိုင္ေအာင္ မတတ္ေျမာက္ခဲ့ေပမဲ့ သူမရဲ႕ ႀကိဳးစားမႈေၾကာင့္ ယခုလိုေအာင္ျမင္မႈရလာတဲ့အတြက္ သူမရဲ႕ မိဘေတြကလည္း ဒီလိုသမီးမ်ိဳးပိုင္ဆိုင္ထားရတာ ဂုဏ္ယူလို႔ မဆုံးဘူးလို႔ ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

လက္ေဝွ႔မယ္ကိုမွ ဓားျပသြားတိုက္မိလို႔ ေနာင္တေတြနဲ႔ ရင္ဆိုင္လိုက္ရတဲ့ ခ်ိဖ

Unicode

ခြေလက်အင်္ဂါမသန်စွမ်းပေမဲ့ ကွန်ပျူတာ၊ စမတ်ဖုန်းကို လျှာဖြင့် အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုသူ
လူ့လောကမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ စသဖြင့် တစ်မျိုးမဟုတ် တစ်မျိုး အနည်းနဲ့အများ ချို့ယွင်းသူတွေ အများကြီးရှိပါတယ်။ ယခုလည်း Nurasamawati Mahmud ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အခြားသူတွေရဲ့ အမြင်မှာ ဝမ်းနည်ကြွေကွဲဖွယ်ကောင်းတယ်လို့ မှတ်ယူထားပေမဲ့ ကာယကံရှင်မိန်းကလေးကတော့ မိမိဘဝကို အရှုံးမပေးပဲ သတ္တိရှိရှိရင်ဆိုင်နေပါတယ်။ သူမဟာ မွေးရာပါ မသန်စွမ်းပေမဲ့စိတ်အားထက်သန်တဲ့ မိန်းကလေးတစ်ယောက်ပါ။

သူမဟာ ကွန်ပျူတာ၊ စမတ်ဖုန်း အသုံးပြုနည်းတွေကို ခဲရခဲဆစ်လေ့လာသင်ယူပြီး ခြေလက်တွေက အသုံးပြုလို့ မရတဲ့အတွက် လျှာဖြင့် အသုံးပြုပါတယ်။ သူမဟာ ဒီအတတ်ပညာလေးကို
အသုံးချပြီး ပဲပိစပ်၊ ငံပြာရည် စတဲ့စားသောက်ကုန်တွေကို အွန်လိုင်းပေါ်ကနေ တစ်ဆင့် ရောင်းချကာ သူမရဲ့ မိသားစုအတွက် အသက်မွေးဝမ်းကျောင်းပြုရပါတယ်။ သူမကြောင့် တစ်နေ့ကို ငံပြာရည်ပုလင်း ၄၀၀၀နီးပါး ရောင်းကုန်တယ်လို့ဆိုပါတယ်။ယခုအချိန်မှာတော့ သူမအသက်ဟာ ၃၀ရှိပြီ မိသားစုနဲ့ အတူ အိမ်မှာပဲ ဒီစီးပွားရေးကို လုပ်ကိုင်လျက်ရှိပါတယ်။ မက်ဆေ့ချ်ပို့တာတို့၊ အင်တာနက်အသုံးပြုတာတို့ကို လျှာဖြင့်အသုံးပြုပြီး အခုဆို Facebookပေါ်မှာ သူငယ်ချင်း ၁၀၀လောက်ရရှိနေပါပြီ။

အိမ်က စျေးရောင်းတဲ့ စီးပွားရေးဟာ သူမကြောင့် တဖြည်းဖြည်း ရောင်းအားတိုးလာပြီး ယခင်ကထက်လည်း ပိုပြီး အမြတ်ဝင်ငွေ ပိုကောင်းလာခဲ့ပါတယ်။ ငယ်စဉ်က မောင်နှမတွေအတူ ကျောင်းတက်ခဲ့ပေမဲ့ အိမ်ရဲ့စီးပွားရေးအခြေအနေအရသူမဟာ ကျောင်းကနေထွက်ပြီး အပြင်စီးပွားရေးအလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။ ပညာရေးကို ဆုံးခန်းတိုင်အောင် မတတ်မြောက်ခဲ့ပေမဲ့ သူမရဲ့ ကြိုးစားမှုကြောင့် ယခုလိုအောင်မြင်မှုရလာတဲ့အတွက် သူမရဲ့ မိဘတွေကလည်း ဒီလိုသမီးမျိုးပိုင်ဆိုင်ထားရတာ ဂုဏ်ယူလို့ မဆုံးဘူးလို့ ဆိုပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here