ေျခတစ္ဖက္ျပတ္ေနေပမဲ့ တစ္ႏိုင္တစ္ပိုင္ ပရဟိတအက်ိဳးျပဳေပးေနတဲ့ ၂၄ႏွစ္အရြယ္ေကာင္ေလး

0
260
ပရဟိတစိတ္ထား
ပရဟိတစိတ္ထား

Luu ဆိုတဲ့ အသက္ ၂၄ႏွစ္အရြယ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ယာဥ္မေတာ္တဆမႈေၾကာင့္ သူ႔ရဲ႕ ဘယ္ဘက္ေျခေထာက္တစ္ေခ်ာင္းဆုံး႐ႈံးခဲ့ရပါတယ္။ ဒါေပမဲ့ ေျခတစ္ဖက္ထဲသာရွိတဲ့သူဟာ မၾကာခဏဆိုသလို အကူအညီမဲ့ေနတဲ့ သက္ႀကီးရြယ္အိုေတြကို သြားေရာက္ျပဳစုၿပီး တစ္ႏိုင္တစ္ပိုင္ ပရဟိတျပဳလုပ္ေလ့ရွိပါတယ္။ သူ႔ရဲ႕ ေလးစားစရာေကာင္းတဲ့ စိတ္ဓာတ္ေလးေၾကာင့္ လူမႈကြန္ရက္မွာ သူ႔ရဲ႕ သတင္းက ျပန္႔ႏွံခဲ့ပါတယ္။ ေျခတစ္ေခ်ာင္းထဲသာရွိေနေပမဲ့ ဘဝကို အ႐ႈံးမေပးတဲ့အျပင္ အမ်ားအက်ိဳးကိုပါ ပံ့ပိုးေပးႏိုင္တာကေတာ့ သူ႔ရဲ႕ ခ်ီးက်ဴးစရာစိတ္ဓာတ္ေလးလို႔ ဆိုရမွာပါပဲ။

Luu ဟာ တက္တူးသင္တန္းသြားတက္ရင္း အသက္ ၈၇ႏွစ္အရြယ္ အိမ္ေထာင္မရွိဘဲတစ္ေယာက္ထဲေနထိုင္ေနတဲ့ အဖိုးအိုေတြကို ေတြ႕ၿပီး အကူအညီစေပးျဖစ္ခဲ့တာျဖစ္ပါတယ္။ သူဟာ အဖိုးအိုအိမ္ကို အေစာႀကီးသြားၿပီး ေန႔တိုင္း မနက္စာျပင္ဆင္ေပးေလ့ရွိပါတယ္။ ဒါ့အျပင္ အိမ္သက္ရွင္းေရး၊ အဖိုးအိုအား ေရးခ်ိဳးသန္႔စင္ေပးျခင္း စတဲ့ အလုပ္ေတြကို ဝိုင္းကူလုပ္ေပးေလ့ရွိပါတယ္။ သူခုလိုျပဳစုေပးေနတာ အဖိုးအိုတစ္ေယာက္ထဲမဟုတ္ပါဘူး အျခားအသက္ႀကီး ရြယ္အို အဖိုး၊ အဖြားေတြ အကုန္လုံးကို လက္လွမ္းမွီသေလာက္ အိမ္တိုင္ရာေရာက္ ျပဳစုေပးတတ္ပါတယ္။ တစ္ေယာက္ထဲေနထိုင္ၿပီး အထီးက်န္ေနတဲ့ အဖိုးအဖြားေတြကို ေႏြးေထြးမႈေတြေပးသလို တစ္ခါတေလမွာ ရယ္စရာ ဟာသေတြေျပာေလ့ရွိပါတယ္။ သူ႔ရဲ႕ ဆႏၵကေတာ့ ဒီအဖိုးအဖြားေတြရဲ႕ အထီးက်န္ေနတဲ့ ေန႔ရက္ေတြကို ေမ့ေပ်ာက္ၿပီး ဘဝေနမဝင္ခင္အခ်ိန္မွာ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေနထိုင္သြားတာကို ျမင္ခ်င္ပါတယ္လို႔ဆိုပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သားေဇာနဲ႔ ကိုယ့္အသက္ကို မငဲ့ဘဲ ေရထဲဆင္းၿပီး မိေက်ာင္းနဲ႔ ဖက္ကိုက္တဲ့ ဖခင္

Unicode

ခြေတစ်ဖက်ပြတ်နေပေမဲ့ တစ်နိုင်တစ်ပိုင် ပရဟိတအကျိုးပြုပေးနေတဲ့ ၂၄နှစ်အရွယ်ကောင်လေး
Luu ဆိုတဲ့ အသက် ၂၄နှစ်အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ ယာဉ်မတော်တဆမှုကြောင့် သူ့ရဲ့ ဘယ်ဘက်ခြေထောက်တစ်ချောင်းဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ခြေတစ်ဖက်ထဲသာရှိတဲ့သူဟာ မကြာခဏဆိုသလို အကူအညီမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကို သွားရောက်ပြုစုပြီး တစ်နိုင်တစ်ပိုင် ပရဟိတပြုလုပ်လေ့ရှိပါတယ်။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးကြောင့် လူမှုကွန်ရက်မှာ သူ့ရဲ့ သတင်းက ပြန့်နှံခဲ့ပါတယ်။ ခြေတစ်ချောင်းထဲသာရှိနေပေမဲ့ ဘဝကို အရှုံးမပေးတဲ့အပြင် အများအကျိုးကိုပါ ပံ့ပိုးပေးနိုင်တာကတော့ သူ့ရဲ့ ချီးကျူးစရာစိတ်ဓာတ်လေးလို့ ဆိုရမှာပါပဲ။

Luu ဟာ တက်တူးသင်တန်းသွားတက်ရင်း အသက် ၈၇နှစ်အရွယ် အိမ်ထောင်မရှိဘဲတစ်ယောက်ထဲနေထိုင်နေတဲ့ အဖိုးအိုတွေကို တွေ့ပြီး အကူအညီစပေးဖြစ်ခဲ့တာဖြစ်ပါတယ်။ သူဟာ အဖိုးအိုအိမ်ကို အစောကြီးသွားပြီး နေ့တိုင်း မနက်စာပြင်ဆင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် အိမ်သက်ရှင်းရေး၊ အဖိုးအိုအား ရေးချိုးသန့်စင်ပေးခြင်း စတဲ့ အလုပ်တွေကို ဝိုင်းကူလုပ်ပေးလေ့ရှိပါတယ်။ သူခုလိုပြုစုပေးနေတာ အဖိုးအိုတစ်ယောက်ထဲမဟုတ်ပါဘူး အခြားအသက်ကြီး ရွယ်အို အဖိုး၊ အဖွားတွေ အကုန်လုံးကို လက်လှမ်းမှီသလောက် အိမ်တိုင်ရာရောက် ပြုစုပေးတတ်ပါတယ်။ တစ်ယောက်ထဲနေထိုင်ပြီး အထီးကျန်နေတဲ့ အဖိုးအဖွားတွေကို နွေးထွေးမှုတွေပေးသလို တစ်ခါတလေမှာ ရယ်စရာ ဟာသတွေပြောလေ့ရှိပါတယ်။ သူ့ရဲ့ ဆန္ဒကတော့ ဒီအဖိုးအဖွားတွေရဲ့ အထီးကျန်နေတဲ့ နေ့ရက်တွေကို မေ့ပျောက်ပြီး ဘဝနေမဝင်ခင်အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်သွားတာကို မြင်ချင်ပါတယ်လို့ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here