၁။ အေျပာစကားထက္ ပိုၿပီး နားေထာင္ေပးျခင္း
Group အဖြဲ႕အစည္းတစ္ခုနဲ႔ အလုပ္လုပ္တဲ့အခါမွာ ေခါင္းေဆာင္တစ္ဦးက သူ႔ရဲ႕ အဖြဲ႕သူအဖြဲ႕သားေတြရဲ႕ ရင္ဖြင့္သံ၊ ခံစားခ်က္၊ သူတို႔ျဖစ္ခ်င္တဲ့ ဆႏၵ အားလုံးကို သိဖို႔လိုအပ္ပါတယ္။ ဒါမွမဟုတ္ဘဲ သူတို႔ဘာျဖစ္ေနလဲဆိုတာမသိဘဲ ကိုယ့္ရဲ႕ စီစဥ္မႈေအာက္မွာသာ ျပားျပားဝပ္ေနရင္ေတာ့ ဒီအဖြဲ႕အစည္းက ေရွ႕ကို တိုးတက္ဖို႔ဆိုတာ မလြယ္လွပါဘူး။ ဒါ့ေၾကာင့္ သူတို႔ရဲ႕ ျဖစ္ခ်င္တဲ့ ဆႏၵ၊ ခံစားခ်က္ ရင္ဖြင့္သံေတြကို ၾကားရဖို႔ဆိုတာ သူတို႔ရဲ႕ ေျပာစကားကို ကိုယ့္ဘက္က စိတ္ဝင္တစားနားေထာင္ေပးဖို႔လိုအပ္ပါတယ္။ ဒါမွလည္း ျဖစ္ေပၚလာတဲ့ကိစၥအဝဝကို အတူတူပူးေပါင္းေျဖရွင္းႏိုင္မွာျဖစ္သလို အဖြဲ႕အစည္းတစ္ခုကလဲ ယခင္ထက္ကိုပိုၿပီး အခ်ိတ္ဆက္မိမိနဲ႔ စည္းစည္းလုံးလုံး ေရွ႕သို႔ တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။
၂။ ေျဖရွင္းခ်က္ကို အတူရွာေဖြျခင္း
အလုပ္မွာျဖစ္ေပၚတဲ့ ျပႆနာတစ္ခုကို ကိုယ္တစ္ေယာက္ထဲေျဖရွင္းဖို႔ အခက္ေတြေနတဲ့အခါ ႐ုံးထဲမွာပဲ အခ်ိန္ကုန္ၿပီး ထိုင္ေဆြးမေနပါနဲ႔။ ဒီျပႆနာကိုေျဖရွင္းလို႔ရမဲ့/ အႀကံဉာဏ္ေတာင္းလို႔ရမဲ့ သူတို႔နဲ႔ သြားေရာက္ေဆြးေႏြးလိုက္ပါ။ ငါက သူတို႔ရဲ႕ ဆရာပဲ သူတို႔ဆီက ဘာလို႔ အႀကံေတာင္းရမွာလဲဆိုတဲ့အေတြးထက္ ဒီျပႆနာတစ္ခုကို အတူေျဖးရွင္းလိုက္တဲ့အတြက္ေၾကာင့္ ကိုယ့္အတြက္လည္း အေတြ႕ႀကံဳအသစ္ေတြရသလို သင့္အလုပ္အတြက္လည္း အခ်ိန္ေတြ အေလအလႊင့္မျဖစ္ေတာ့ပါဘူး။ တစ္ဖက္မွာလဲ သူတို႔အတြက္ အေတြ႕ႀကံဳေကာင္းေတြ ရရွိသလို သင့္အတြက္လည္း အရည္အခ်င္းရွိတဲ့ တပည့္မ်ိဳးကို ပိုင္ဆိုလိုက္ရမွာျဖစ္ပါတယ္။
၃။ အေျမာ္အျမင္ရွိရွိ စစ္မွန္တဲ့ မိတ္ေဆြအေပါင္းအသင္းကို ေရြးခ်ယ္ပါ။
အိမ္ေထာင္သည္မဟုတ္တဲ့ လူပ်ိဳ လူလြတ္တစ္ေယာက္အတြက္ဟာ အိမ္ကမိသားစုထက္ ပိုၿပီး မိမိရဲက အခ်ိန္ေတြကို မိတ္ေဆြအေပါင္းအသင္းေတြေပၚမွာ ကုန္ဆုံးေစပါတယ္။ မိမိေပါင္းသင္တဲ့ထဲမွာ မိမိနဲ႔အတူ လက္တြဲလုပ္ကိုင္ႏိုင္မဲ့သူ၊ ရည္းမွန္းခ်က္ခ်င္း နီးစပ္တဲ့သူမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။ မိမိရဲ႕ ေရွ႕ေရးအတြက္ အေထာက္အကူမျပဳတဲ့သူေတြနဲ႔ အခ်ိန္ျဖဳန္းေနမဲ့အစား အက်ိဳးရွိတဲ့သူေတြအတြက္ မိမိရဲ႕ အခ်ိန္ေတြကို ပိုေပးလိုက္တာက တစ္ခ်ိန္မွာ မိမိရည္မွန္းခ်က္အတြက္အေထာက္အကူျဖစ္ေစပါတယ္။
၄။ ဘယ္အရာမွအလြန္အကၽြံမျဖစ္ေအာင္ေနပါ။
လူတစ္ေယာက္က ညဘက္ ညဥ့္နက္တဲ့အထိ အလုပ္ကို ႀကိဳးစားပမ္းစားလုပ္တိုင္း ေအာင္ျမင္တဲ့သူမဟုတ္ပါဘူး။ ဒီလိုလုပ္ရပ္မ်ိဳးက်ေတာ့ အစြန္းေရာက္သြားတဲ့အတြက္ အခုအခ်ိန္မွာ မိမိအတြက္ ဘာမွမဟုတ္ေပမဲ့ ေရရွည္ၾကာလာတဲ့အခါမွာေတာ့ လူကို ဒုကၡျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အတတ္ႏိုင္ဆုံးေတာ့ မိမိရဲ႕ တစ္ေန႔တာ အခ်ိန္ကို အစီစဥ္တက်နဲ႔ plan ခ်တတ္ဖို႔လိုအပ္ပါတယ္။ အရမ္းကို စိတ္ပင္ပန္းလာၿပီး ၿငီးေငြ႕ေတာ့မယ္ဆိုလွ်င္ ဒီအလုပ္ကို ခဏေမ့ၿပီး လြတ္လြတ္လပ္လပ္ အပန္းေျဖလိုက္ပါ။ ဒါ့က သင့္ကို စိတ္သက္သာရာရသလို ေခါင္းထဲက မထြက္တဲ့ အႀကံဉာဏ္ေကာင္းေတြလည္း ထြက္ေပၚလာတတ္ပါတယ္။
၅။ သင္ယူမႈကို ဘယ္ေတာ့မွ မရပ္တန္႔ပါနဲ႔။
သင္ယူမႈေတြ ရပ္တန္႔သြားရင္ ေအာင္ျမင္မႈကလည္း အေႏွးနဲ႔ အျမန္ရပ္တန္႔သြားမွာျဖစ္ပါတယ္။ ပညာလို အိုသည္မရွိဆိုသလို သင္ယူမႈဆိုတာလည္း အသက္အရြယ္အပိုင္းအျခားမရွိပါဘူး။ ဒီအခ်ိန္မွာ သင္က လွ်ံလွ်ံေတာက္ေအာင္ျမင္ေနေပမ့ဲ ေနာက္ ၅ႏွစ္မွာ သင္က က်႐ႈံးသြားတယ္ဆိုရင္ ေသခ်ာပါတယ္ သင္ဟာ သင္ယူမႈေတြ ရပ္တန္႔ခဲ့လို႔ပဲျဖစ္ပါတယ္။ ယခုေခတ္မွာ ေန႔စဥ္နဲ႔ အမွ်ေျပာင္းလဲမႈေတြအဆက္မျပတ္ျဖစ္ေပၚေနတာေၾကာင့္ သင့္ရဲ႕ သင္ယူမႈကလည္း အဆက္မျပတ္လိုက္ႏိုင္မွာ ေတာ္႐ုံက်မွာျဖစ္ပါတယ္။ ေခတ္ကမတူတာေၾကာင့္ ေျပာင္းလဲသင့္တဲ့အရာမွန္သမွ် ေျပာင္းလဲလိုက္ပါ။ ဒီလိုမွမဟုတ္ရင္ေတာ့ သင္ေအာင္ျမင္တယ္ဆိုတာ သမိုင္းမွာပဲက်န္ေနပါလိမ့္မယ္။ အနာဂတ္မွာေတာ့သင့္အတြက္ ေနရာရွိေတာ့မွာမဟုတ္ပါဘူး။
၆။ မဟုတ္တဲ့ေနရာမွာ မျဖဳန္းပါနဲ႔။
လူတစ္ေယာက္ ေအာင္ျမင္လာတာ/သူေဌးတစ္ေယာက္ျဖစ္လာတာ သူ ေစ်းႀကီးႀကီးေပးဝယ္ၿပီး ဝတ္တဲ့ အဝတ္အစား၊ သုံးတဲ့အသုံးအေဆာင္ေတြေၾကာင့္မဟုတ္ပါဘူး။ သူ႔ရဲ႕ ကိုယ္ပိုင္အရည္းအခ်င္းေၾကာင့္ပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ပိုက္ဆံေတြကို မဟုတ္တဲ့ေနရာေတြမွာ မျဖဳန္းပစ္ပါနဲ႔။ သိန္းေက်ာ္တန္ဖိနပ္ႀကီးစီးမွ၊ သန္းေက်ာ္တန္း ကားႀကီးစီးမွ ေအာင္ျမင္တဲ့သူ / သူေဌးလို႔ မခံယူလိုက္ပါနဲ႔။ ေဒါင္းက ေဒါင္းပါပဲ ဘယ္ေတာ့မွာ က်ီးမျဖစ္သြားပါဘူး။ အဓိကက ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ျပည့္စုံဖို႔ အေရးႀကီးပါတယ္။ ၾကြားဝါတဲ့ အက်င့္ဟာ ယခုအခ်ိန္မွာ သင့္ကို မာန္တက္ေစေပမဲ့ ေနာက္တစ္ခ်ိန္မွာ ေနာင္တရစရာေတြ ျဖစ္လာႏိုင္ပါတယ္။
၇။ အခ်ိန္ကို တန္ဖိုးထားပါ။
စစ္မွန္တဲ့ ေအာင္ျမင္သူတစ္ေယာက္ဟာ အြန္းလိုင္းေပၚက တင္သမွ် ေပါက္ကရ ဗီဒီယိုေတြ၊ ဟာသေတြ၊ ပို႔စ္ေတြနဲ႔ အခ်ိန္ျဖဳန္းမေနပါဘူး။ အြန္လိုင္းကို ဆက္သြယ္ေရးအတြက္၊ စိတ္အပန္းေျဖဖို႔အတြက္၊ အလုပ္စီးပြားေရးအတြက္ မျဖစ္မေနသုံးရမဲ့ အခ်ိန္မ်ိဳးမွာသာ အခ်ိန္ကုန္ခံၿပီး ေပါက္ကရေတြနဲ႔ အခ်ိန္ကုန္ခံမဲ့အစား ဒီအခ်ိန္ေတြကို က်န္းမာေရးအတြက္ အေထာက္အကူျပဳမဲ့ အားကစား ေလ့က်င့္ခန္းတစ္ခုခုသာ အစားထုိးျပဳလုပ္တာက သင့္အတြက္ အက်ိဳးရွိပါလိမ့္မယ္။
၈။ ေန႔စဥ္ေန႔တိုင္း စာဖတ္ေပးပါ။
စာဖတ္တယ္ဆိုတာ အြန္လိုင္းေပၚက စာမ်ိဳးကို ဖတ္ခိုင္းတာမဟုတ္ပါဘူး။ အြန္းလိုင္းေပၚမွာက သင္ဖတ္ခ်င္တဲ့စာက နည္းနည္း၊ အျခားမလိုအပ္တဲ့ ေပါက္ကရေတြက မ်ားမ်ားဆုိေတာ့ သင့္အေနနဲ႔ အေႏွာင့္အယွက္ျဖစ္သလို ထိေရာက္မႈလည္းသိပ့္ရွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕ တစ္ေန႔တာအခ်ိန္ထဲက နာရီဝက္ေလာက္ ကို သတင္းစာမ်ိဳး၊ အျခားဗဟုသုတျဖစ္ေစမဲ့ ပုံႏွိပ္စာေပမ်ိဳးကို ေန႔စဥ္ဖတ္႐ႈ႕သင့္ပါတယ္။ ခ်မ္းသာၾကြယ္ဝတဲ့သူ ၁၀၀% ေလာက္မွာ ၈၈%ေလာက္က ေန႔စဥ္စာဖတ္တဲ့ အက်င့္ရွိပါတယ္။ ဒါက သင့္အတြက္ အသိပညာတိုးပြားေစသလို သင့္အလုပ္အတြက္လည္း အေထာက္အကူတစ္ခုခုရရွိေစပါတယ္။
၉။ ကိုယ့္ကိုကို ဂ႐ုစိုက္ပါ။
ၾကာၾကာဝါးမဲ့သြား အ႐ိုးၾကည့္ေရွာင္ဆိုသလိုပဲ သင့္ရဲ႕ ရည္းမွန္းခ်က္ေတြကို ေကာင္းေကာင္း အေကာင္အထည္ေဖာ္ႏိုင္ဖို႔ဆိုတာ စိတ္ေရာလူေရာ က်န္းမာမွ စိတ္သြားတိုင္း ကိုယ္ပါမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အအိပ္၊ အစား၊ ေလ့က်င့္ခန္းကိုပုံမွန္အခ်ိန္ေပးၿပီး ျပဳလုပ္ေပးပါ။ စိတ္ၿငီးေငြ႕စရာေတြ၊ စိတ္ပင္ပန္းစရာေတြႀကံဳေတြ႕ လာၿပီဆို ကိုယ္ခ်စ္ရတဲ့သူ ဒါမွမဟုတ္ မိသားစုနဲ႔ အပန္းေျဖခရီးထြက္ပါ။ မိမိရဲ႕ စိတ္႐ႈပ္စရာကိစၥေတြကို ခဏေမ့ထားၿပီး လြတ္လြတ္လပ္လပ္ အနားယူလိုက္ပါ။
၁၀။ ႀကိဳတင္စီမံထားပါ။
မနက္ျဖန္သင္လုပ္ရမဲ့ အလုပ္ကို အိပ္ရာမဝင္ခင္ ေသခ်ာစဥ္းစားၿပီး မွတ္စုစာအုပ္ ဒါမွမဟုတ္ ဖုန္း App တစ္ခုခုမွာ မွတ္သားထားေပးပါ။ ဒါ့က သင့္အလုပ္အတြက္ အေလးအနက္စားရာေရာက္သလို သင့္အတြက္လည္း ေမ့ေလ်ာ့တာ၊ အခ်ိန္ေတြ waste တာ စတဲ့ ျပႆနာေတြကို လြယ္လြယ္ကူကူေျဖရွင္းႏိုင္မွာပါတယ္။ ႀကိဳတင္စီစဥ္မႈရွိတဲ့အတြက္ ဘယ္အလုပ္မဆို ကစဥ့္ကလ်ားမျဖစ္ေတာ့ပါဘူး။ တစ္ေန႔တာအခ်ိန္ကို ေကာင္းေကာင္း အက်ိဳးရွိရွိအသုံးခ်ႏိုင္မွာျဖစ္ပါတယ္။
#Lifestyle_Myanmar
#Thar_Nage
သြားတိုက္ေဆးကို သြားတိုက္တာအျပင္ ဘယ္လိုေနရာေတြမွာ သံုးလို႔ရေသးလဲ
Unicode
စစ်မှန်တဲ့ အောင်မြင်သူ/ခေါင်းဆောင်တို့ရဲ့ ကျင့်သုံးတဲ့ လမ်းစဉ်အချို့
၁။ အပြောစကားထက် ပိုပြီး နားထောင်ပေးခြင်း
Group အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်တဲ့အခါမှာ ခေါင်းဆောင်တစ်ဦးက သူ့ရဲ့ အဖွဲ့သူအဖွဲ့သားတွေရဲ့ ရင်ဖွင့်သံ၊ ခံစားချက်၊ သူတို့ဖြစ်ချင်တဲ့ ဆန္ဒ အားလုံးကို သိဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ သူတို့ဘာဖြစ်နေလဲဆိုတာမသိဘဲ ကိုယ့်ရဲ့ စီစဉ်မှုအောက်မှာသာ ပြားပြားဝပ်နေရင်တော့ ဒီအဖွဲ့အစည်းက ရှေ့ကို တိုးတက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒ၊ ခံစားချက် ရင်ဖွင့်သံတွေကို ကြားရဖို့ဆိုတာ သူတို့ရဲ့ ပြောစကားကို ကိုယ့်ဘက်က စိတ်ဝင်တစားနားထောင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ဖြစ်ပေါ်လာတဲ့ကိစ္စအဝဝကို အတူတူပူးပေါင်းဖြေရှင်းနိုင်မှာဖြစ်သလို အဖွဲ့အစည်းတစ်ခုကလဲ ယခင်ထက်ကိုပိုပြီး အချိတ်ဆက်မိမိနဲ့ စည်းစည်းလုံးလုံး ရှေ့သို့ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
၂။ ဖြေရှင်းချက်ကို အတူရှာဖွေခြင်း
အလုပ်မှာဖြစ်ပေါ်တဲ့ ပြဿနာတစ်ခုကို ကိုယ်တစ်ယောက်ထဲဖြေရှင်းဖို့ အခက်တွေနေတဲ့အခါ ရုံးထဲမှာပဲ အချိန်ကုန်ပြီး ထိုင်ဆွေးမနေပါနဲ့။ ဒီပြဿနာကိုဖြေရှင်းလို့ရမဲ့/ အကြံဉာဏ်တောင်းလို့ရမဲ့ သူတို့နဲ့ သွားရောက်ဆွေးနွေးလိုက်ပါ။ ငါက သူတို့ရဲ့ ဆရာပဲ သူတို့ဆီက ဘာလို့ အကြံတောင်းရမှာလဲဆိုတဲ့အတွေးထက် ဒီပြဿနာတစ်ခုကို အတူဖြေးရှင်းလိုက်တဲ့အတွက်ကြောင့် ကိုယ့်အတွက်လည်း အတွေ့ကြုံအသစ်တွေရသလို သင့်အလုပ်အတွက်လည်း အချိန်တွေ အလေအလွှင့်မဖြစ်တော့ပါဘူး။ တစ်ဖက်မှာလဲ သူတို့အတွက် အတွေ့ကြံုကောင်းတွေ ရရှိသလို သင့်အတွက်လည်း အရည်အချင်းရှိတဲ့ တပည့်မျိုးကို ပိုင်ဆိုလိုက်ရမှာဖြစ်ပါတယ်။
၃။ အမြော်အမြင်ရှိရှိ စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းကို ရွေးချယ်ပါ။
အိမ်ထောင်သည်မဟုတ်တဲ့ လူပျို လူလွတ်တစ်ယောက်အတွက်ဟာ အိမ်ကမိသားစုထက် ပိုပြီး မိမိရဲက အချိန်တွေကို မိတ်ဆွေအပေါင်းအသင်းတွေပေါ်မှာ ကုန်ဆုံးစေပါတယ်။ မိမိပေါင်းသင်တဲ့ထဲမှာ မိမိနဲ့အတူ လက်တွဲလုပ်ကိုင်နိုင်မဲ့သူ၊ ရည်းမှန်းချက်ချင်း နီးစပ်တဲ့သူမျိုးကို ရွေးချယ်သင့်ပါတယ်။ မိမိရဲ့ ရှေ့ရေးအတွက် အထောက်အကူမပြုတဲ့သူတွေနဲ့ အချိန်ဖြုန်းနေမဲ့အစား အကျိုးရှိတဲ့သူတွေအတွက် မိမိရဲ့ အချိန်တွေကို ပိုပေးလိုက်တာက တစ်ချိန်မှာ မိမိရည်မှန်းချက်အတွက်အထောက်အကူဖြစ်စေပါတယ်။
၄။ ဘယ်အရာမှအလွန်အကျွံမဖြစ်အောင်နေပါ။
လူတစ်ယောက်က ညဘက် ညဉ့်နက်တဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်တိုင်း အောင်မြင်တဲ့သူမဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်မျိုးကျတော့ အစွန်းရောက်သွားတဲ့အတွက် အခုအချိန်မှာ မိမိအတွက် ဘာမှမဟုတ်ပေမဲ့ ရေရှည်ကြာလာတဲ့အခါမှာတော့ လူကို ဒုက္ခဖြစ်စေပါတယ်။ ဒါ့ကြောင့် အတတ်နိုင်ဆုံးတော့ မိမိရဲ့ တစ်နေ့တာ အချိန်ကို အစီစဉ်တကျနဲ့ plan ချတတ်ဖို့လိုအပ်ပါတယ်။ အရမ်းကို စိတ်ပင်ပန်းလာပြီး ငြီးငွေ့တော့မယ်ဆိုလျှင် ဒီအလုပ်ကို ခဏမေ့ပြီး လွတ်လွတ်လပ်လပ် အပန်းဖြေလိုက်ပါ။ ဒါ့က သင့်ကို စိတ်သက်သာရာရသလို ခေါင်းထဲက မထွက်တဲ့ အကြံဉာဏ်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။
၅။ သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
သင်ယူမှုတွေ ရပ်တန့်သွားရင် အောင်မြင်မှုကလည်း အနှေးနဲ့ အမြန်ရပ်တန့်သွားမှာဖြစ်ပါတယ်။ ပညာလို အိုသည်မရှိဆိုသလို သင်ယူမှုဆိုတာလည်း အသက်အရွယ်အပိုင်းအခြားမရှိပါဘူး။ ဒီအချိန်မှာ သင်က လျှံလျှံတောက်အောင်မြင်နေပေမဲ့ နောက် ၅နှစ်မှာ သင်က ကျရှုံးသွားတယ်ဆိုရင် သေချာပါတယ် သင်ဟာ သင်ယူမှုတွေ ရပ်တန့်ခဲ့လို့ပဲဖြစ်ပါတယ်။ ယခုခေတ်မှာ နေ့စဉ်နဲ့ အမျှပြောင်းလဲမှုတွေအဆက်မပြတ်ဖြစ်ပေါ်နေတာကြောင့် သင့်ရဲ့ သင်ယူမှုကလည်း အဆက်မပြတ်လိုက်နိုင်မှာ တော်ရုံကျမှာဖြစ်ပါတယ်။ ခေတ်ကမတူတာကြောင့် ပြောင်းလဲသင့်တဲ့အရာမှန်သမျှ ပြောင်းလဲလိုက်ပါ။ ဒီလိုမှမဟုတ်ရင်တော့ သင်အောင်မြင်တယ်ဆိုတာ သမိုင်းမှာပဲကျန်နေပါလိမ့်မယ်။ အနာဂတ်မှာတော့သင့်အတွက် နေရာရှိတော့မှာမဟုတ်ပါဘူး။
၆။ မဟုတ်တဲ့နေရာမှာ မဖြုန်းပါနဲ့။
လူတစ်ယောက် အောင်မြင်လာတာ/သူဌေးတစ်ယောက်ဖြစ်လာတာ သူ စျေးကြီးကြီးပေးဝယ်ပြီး ဝတ်တဲ့ အဝတ်အစား၊ သုံးတဲ့အသုံးအဆောင်တွေကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင်အရည်းအချင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ပိုက်ဆံတွေကို မဟုတ်တဲ့နေရာတွေမှာ မဖြုန်းပစ်ပါနဲ့။ သိန်းကျော်တန်ဖိနပ်ကြီးစီးမှ၊ သန်းကျော်တန်း ကားကြီးစီးမှ အောင်မြင်တဲ့သူ / သူဌေးလို့ မခံယူလိုက်ပါနဲ့။ ဒေါင်းက ဒေါင်းပါပဲ ဘယ်တော့မှာ ကျီးမဖြစ်သွားပါဘူး။ အဓိကက ကိုယ်ပိုင်အရည်အချင်းနဲ့ ပြည့်စုံဖို့ အရေးကြီးပါတယ်။ ကြွားဝါတဲ့ အကျင့်ဟာ ယခုအချိန်မှာ သင့်ကို မာန်တက်စေပေမဲ့ နောက်တစ်ချိန်မှာ နောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။
၇။ အချိန်ကို တန်ဖိုးထားပါ။
စစ်မှန်တဲ့ အောင်မြင်သူတစ်ယောက်ဟာ အွန်းလိုင်းပေါ်က တင်သမျှ ပေါက်ကရ ဗီဒီယိုတွေ၊ ဟာသတွေ၊ ပို့စ်တွေနဲ့ အချိန်ဖြုန်းမနေပါဘူး။ အွန်လိုင်းကို ဆက်သွယ်ရေးအတွက်၊ စိတ်အပန်းဖြေဖို့အတွက်၊ အလုပ်စီးပွားရေးအတွက် မဖြစ်မနေသုံးရမဲ့ အချိန်မျိုးမှာသာ အချိန်ကုန်ခံပြီး ပေါက်ကရတွေနဲ့ အချိန်ကုန်ခံမဲ့အစား ဒီအချိန်တွေကို ကျန်းမာရေးအတွက် အထောက်အကူပြုမဲ့ အားကစား လေ့ကျင့်ခန်းတစ်ခုခုသာ အစားထိုးပြုလုပ်တာက သင့်အတွက် အကျိုးရှိပါလိမ့်မယ်။
၈။ နေ့စဉ်နေ့တိုင်း စာဖတ်ပေးပါ။
စာဖတ်တယ်ဆိုတာ အွန်လိုင်းပေါ်က စာမျိုးကို ဖတ်ခိုင်းတာမဟုတ်ပါဘူး။ အွန်းလိုင်းပေါ်မှာက သင်ဖတ်ချင်တဲ့စာက နည်းနည်း၊ အခြားမလိုအပ်တဲ့ ပေါက်ကရတွေက များများဆိုတော့ သင့်အနေနဲ့ အနှောင့်အယှက်ဖြစ်သလို ထိရောက်မှုလည်းသိပ့်ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ တစ်နေ့တာအချိန်ထဲက နာရီဝက်လောက် ကို သတင်းစာမျိုး၊ အခြားဗဟုသုတဖြစ်စေမဲ့ ပုံနှိပ်စာပေမျိုးကို နေ့စဉ်ဖတ်ရှု့သင့်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူ ၁၀၀% လောက်မှာ ၈၈%လောက်က နေ့စဉ်စာဖတ်တဲ့ အကျင့်ရှိပါတယ်။ ဒါက သင့်အတွက် အသိပညာတိုးပွားစေသလို သင့်အလုပ်အတွက်လည်း အထောက်အကူတစ်ခုခုရရှိစေပါတယ်။
၉။ ကိုယ့်ကိုကို ဂရုစိုက်ပါ။
ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်ဆိုသလိုပဲ သင့်ရဲ့ ရည်းမှန်းချက်တွေကို ကောင်းကောင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ စိတ်ရောလူရော ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အအိပ်၊ အစား၊ လေ့ကျင့်ခန်းကိုပုံမှန်အချိန်ပေးပြီး ပြုလုပ်ပေးပါ။ စိတ်ငြီးငွေ့စရာတွေ၊ စိတ်ပင်ပန်းစရာတွေကြံုတွေ့ လာပြီဆို ကိုယ်ချစ်ရတဲ့သူ ဒါမှမဟုတ် မိသားစုနဲ့ အပန်းဖြေခရီးထွက်ပါ။ မိမိရဲ့ စိတ်ရှုပ်စရာကိစ္စတွေကို ခဏမေ့ထားပြီး လွတ်လွတ်လပ်လပ် အနားယူလိုက်ပါ။
၁၀။ ကြိုတင်စီမံထားပါ။
မနက်ဖြန်သင်လုပ်ရမဲ့ အလုပ်ကို အိပ်ရာမဝင်ခင် သေချာစဉ်းစားပြီး မှတ်စုစာအုပ် ဒါမှမဟုတ် ဖုန်း App တစ်ခုခုမှာ မှတ်သားထားပေးပါ။ ဒါ့က သင့်အလုပ်အတွက် အလေးအနက်စားရာရောက်သလို သင့်အတွက်လည်း မေ့လျော့တာ၊ အချိန်တွေ waste တာ စတဲ့ ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မှာပါတယ်။ ကြိုတင်စီစဉ်မှုရှိတဲ့အတွက် ဘယ်အလုပ်မဆို ကစဉ့်ကလျားမဖြစ်တော့ပါဘူး။ တစ်နေ့တာအချိန်ကို ကောင်းကောင်း အကျိုးရှိရှိအသုံးချနိုင်မှာဖြစ်ပါတယ်။