ေန႔စဥ္ေန႔တိုင္း ေအာက္ခံမိတ္ကပ္လိမ္းတာဟာ အရြယ္မတိုင္ခင္ အိုမင္းျခင္းႏွင့္ ဝက္ၿခံျဖစ္ျခင္းကို ဦးတည္ေနတဲ့ အေရျပားေခၽြးေပါက္ပိတ္တာ၊ အသားအေရထိခုိက္ပ်က္စီးတာ ျဖစ္ႏိုင္တယ္လို႔ အမ်ားစုက ယံုၾကည္ၾကပါတယ္။ စနစ္တက်လိမ္းရင္ အသားအရည္ကို မထိခိုက္ေစပါဘူး။ တေန႔တာလံုးလိမ္းထားၿပီး ညအိပ္ရာဝင္ရင္မဖ်က္တာ၊ အသားအေရကို ဂရုမစိုက္တာဆုိရင္ေတာ့ မိတ္ကပ္၊ သနပ္ခါး ဘာပဲလိမ္းလိမ္း အသားအေရကို ထိခိုက္ေစမွာပါ။ ဒါ့ေၾကာင့္ အသားအေရကို မထိခုိက္ေစေအာင္ ေအာက္ခံမိတ္ကပ္ကို ဘယ္လုိေရြးခ်ယ္လိမ္းမလဲဆိုတာ ပ်ိဳေမတို႔အတြက္ မွ်ေဝေပးလုိက္ပါတယ္။
၁။ အရည္အေသြးေကာင္းတဲ့မိတ္ကပ္ကိုသံုးပါ

ေန႔စဥ္ေန႔တိုင္း မိတ္ကပ္လိမ္းတဲ့အခါ အရည္အေသြးေကာင္း brands ေတြက ေအာက္ခံမိတ္ကပ္သံုးေနသမွ် ကာလပတ္လံုး သင့္အသားအေရကို safe ျဖစ္ေစပါတယ္။ လတ္မွတ္ရ သဘာဝ brands ေတြကို ရွာေဖြပါ။
၂။ အဆီကင္းၿပီး ေရအေျခခံတဲ့ ေအာက္ခံမိတ္ကပ္ကို ေရြးခ်ယ္ပါ

အၿပီးသတ္မွာ မိတ္ကပ္ထူလပ်စ္မျဖစ္ဘဲ သဘာဝက်က်နဲ႔ လွခ်င္ရင္ ေရအေျခခံထားတဲ့ ေဖာင္ေဒးရွင္းမ်ားက အေကာင္းဆံုးျဖစ္ပါတယ္။
ေရအေျခခံထားတဲ့ ေအာက္ခံမိတ္ကပ္က အေရျပားေပၚမွာ ေလးလံသလိုမခံစားရပါဘူး။ ဝက္ၿခံ သို႔မဟုတ္ ေခၽြးေပါက္ပိတ္တာလည္း မျဖစ္ေစပါါဘူး။
၃။ ေအာက္ခံမိတ္ကပ္ေကာင္းေတြက အေရျပားေပၚမွာ အကာအကြယ္တစ္ခုအျဖစ္ လုပ္ေဆာင္ေပးပါတယ္

SPF ပါတဲ့ ေဖာင္ေဒးရွင္းမ်ားမွာ UV raysႏွင့္ ေနေရာင္ေၾကာင့္ ပ်က္စီးမႈကေန ဆန္႔က်င္ကာကြယ္ေပးတဲ့ တိုက္ေတနီယမ္ဒိုင္ေအာက္ဆိုဒ္ရွိပါတယ္။ ေန႔ခင္းအျပင္သြားတဲ့အခါ ေနေရာင္အပိုကာကြယ္မႈအတြက္ sunscreen ေပၚမွာ ေဖာင္ေဒးရွင္းကို ေသခ်ာလိမ္းေပးပါ။
၄။ မွန္ကန္တဲ့ ေဖာင္ေဒးရွငး္ကို ေရြးခ်ယ္ပါ

အဆီျပန္အသားအေရ၊ ေျခာက္ေသြ႕အသားအေရ၊ ေပါင္းစပ္အသားအေရနဲ႔ ပံုမွန္အသားအေရဆိုၿပီး ေစ်းကြက္ထဲမွာ ေဖာင္ေဒးရွင္းအမ်ိဳးအစားအေတာ္မ်ားမ်ား ရွိပါတယ္။ ေဖာင္ေဒးရွငး္က ေခၽြးေပါက္ပိတ္တာနဲ႔ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေနလွ်င္ mineral foundations ကိုေရြးခ်ယ္ပါ။ သူတို႔က သင့္အသားအေရကို လံုးဝအဆင္ေျပေစမွာပါ။ သင့္အသားအေရက အဆီျပန္ၿပီး ဝက္ၿခံေပါက္တဲ့ အသားအေရဆိုရင္ ေပါင္ဒါေဖာင္ေဒရွင္း/matte foundation/stick foundation ကိုသံုးပါ။ satin or satin-matte finishes ကပံုမွန္အသားအေရအတြက္ ၿပီးျပည့္စံုေစပါတယ္။ ေျခာက္ေသြ႕တဲ့အသားအေရအတြက္ Moisturising liquid foundation ကိုေရြးခ်ယ္ပါ။
ေအာက္ခံမိတ္ကပ္အမ်ားစုက ေလထုညစ္ညမ္းမႈေတြ၊ သဘာဝပတ္ဝန္းက်င္အေၾကာင္းရင္းမ်ားကေန ဆန္႔က်င္ကာကြယ္ေပးတဲ့ အေရျပားေပၚမွာ အတားအဆီးတစ္ခု ေထာက္ပံ့ေပးပါတယ္။ ေအာက္ခံမိတ္ကပ္ ေန႔စဥ္သံုးလို႔ အသားအေရထိခိုက္မႈ မရွိပါဘူး။ အေရးအႀကီးဆံုးက အရည္အေသြးေကာင္းေအာက္ခံမိတ္ကပ္ကို ေရြးခ်ယ္ပါ။ အိပ္ရာမဝင္ခင္ မိတ္ကပ္ေတြအားလံုးကိုဖ်က္ၿပီး အသားအေရကို စင္ၾကယ္ေအာင္ သန္႔ရွင္းဖို႔ သတိရပါ။
Lifestyle_Myanmar
LM_Nandar
Unicode
အောက်ခံမိတ်ကပ်က အသားအရည်အတွက် ထိခိုက်စေသလား?
နေ့စဉ်နေ့တိုင်း အောက်ခံမိတ်ကပ်လိမ်းတာဟာ အရွယ်မတိုင်ခင် အိုမင်းခြင်းနှင့် ဝက်ခြံဖြစ်ခြင်းကို ဦးတည်နေတဲ့ အရေပြားချွေးပေါက်ပိတ်တာ၊ အသားအရေထိခိုက်ပျက်စီးတာ ဖြစ်နိုင်တယ်လို့ အများစုက ယုံကြည်ကြပါတယ်။ စနစ်တကျလိမ်းရင် အသားအရည်ကို မထိခိုက်စေပါဘူး။ တနေ့တာလုံးလိမ်းထားပြီး ညအိပ်ရာဝင်ရင်မဖျက်တာ၊ အသားအရေကို ဂရုမစိုက်တာဆိုရင်တော့ မိတ်ကပ်၊ သနပ်ခါး ဘာပဲလိမ်းလိမ်း အသားအရေကို ထိခိုက်စေမှာပါ။ ဒါ့ကြောင့် အသားအရေကို မထိခိုက်စေအောင် အောက်ခံမိတ်ကပ်ကို ဘယ်လိုရွေးချယ်လိမ်းမလဲဆိုတာ ပျိုမေတို့အတွက် မျှဝေပေးလိုက်ပါတယ်။
၁။ အရည်အသွေးကောင်းတဲ့မိတ်ကပ်ကိုသုံးပါ
နေ့စဉ်နေ့တိုင်း မိတ်ကပ်လိမ်းတဲ့အခါ အရည်အသွေးကောင်း brands တွေက အောက်ခံမိတ်ကပ်သုံးနေသမျှ ကာလပတ်လုံး သင့်အသားအရေကို safe ဖြစ်စေပါတယ်။ လတ်မှတ်ရ သဘာဝ brands တွေကို ရှာဖွေပါ။
၂။ အဆီကင်းပြီး ရေအခြေခံတဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်ပါ
အပြီးသတ်မှာ မိတ်ကပ်ထူလပျစ်မဖြစ်ဘဲ သဘာဝကျကျနဲ့ လှချင်ရင် ရေအခြေခံထားတဲ့ ဖောင်ဒေးရှင်းများက အကောင်းဆုံးဖြစ်ပါတယ်။
ရေအခြေခံထားတဲ့ အောက်ခံမိတ်ကပ်က အရေပြားပေါ်မှာ လေးလံသလိုမခံစားရပါဘူး။ ဝက်ခြံ သို့မဟုတ် ချွေးပေါက်ပိတ်တာလည်း မဖြစ်စေပါါဘူး။
၃။ အောက်ခံမိတ်ကပ်ကောင်းတွေက အရေပြားပေါ်မှာ အကာအကွယ်တစ်ခုအဖြစ် လုပ်ဆောင်ပေးပါတယ်
SPF ပါတဲ့ ဖောင်ဒေးရှင်းများမှာ UV raysနှင့် နေရောင်ကြောင့် ပျက်စီးမှုကနေ ဆန့်ကျင်ကာကွယ်ပေးတဲ့ တိုက်တေနီယမ်ဒိုင်အောက်ဆိုဒ်ရှိပါတယ်။ နေ့ခင်းအပြင်သွားတဲ့အခါ နေရောင်အပိုကာကွယ်မှုအတွက် sunscreen ပေါ်မှာ ဖောင်ဒေးရှင်းကို သေချာလိမ်းပေးပါ။
၄။ မှန်ကန်တဲ့ ဖောင်ဒေးရှငး်ကို ရွေးချယ်ပါ
အဆီပြန်အသားအရေ၊ ခြောက်သွေ့အသားအရေ၊ ပေါင်းစပ်အသားအရေနဲ့ ပုံမှန်အသားအရေဆိုပြီး စျေးကွက်ထဲမှာ ဖောင်ဒေးရှင်းအမျိုးအစားအတော်များများ ရှိပါတယ်။ ဖောင်ဒေးရှငး်က ချွေးပေါက်ပိတ်တာနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေလျှင် mineral foundations ကိုရွေးချယ်ပါ။ သူတို့က သင့်အသားအရေကို လုံးဝအဆင်ပြေစေမှာပါ။ သင့်အသားအရေက အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့ အသားအရေဆိုရင် ပေါင်ဒါဖောင်ဒေရှင်း/matte foundation/stick foundation ကိုသုံးပါ။ satin or satin-matte finishes ကပုံမှန်အသားအရေအတွက် ပြီးပြည့်စုံစေပါတယ်။ ခြောက်သွေ့တဲ့အသားအရေအတွက် Moisturising liquid foundation ကိုရွေးချယ်ပါ။
အောက်ခံမိတ်ကပ်အများစုက လေထုညစ်ညမ်းမှုတွေ၊ သဘာဝပတ်ဝန်းကျင်အကြောင်းရင်းများကနေ ဆန့်ကျင်ကာကွယ်ပေးတဲ့ အရေပြားပေါ်မှာ အတားအဆီးတစ်ခု ထောက်ပံ့ပေးပါတယ်။ အောက်ခံမိတ်ကပ် နေ့စဉ်သုံးလို့ အသားအရေထိခိုက်မှု မရှိပါဘူး။ အရေးအကြီးဆုံးက အရည်အသွေးကောင်းအောက်ခံမိတ်ကပ်ကို ရွေးချယ်ပါ။ အိပ်ရာမဝင်ခင် မိတ်ကပ်တွေအားလုံးကိုဖျက်ပြီး အသားအရေကို စင်ကြယ်အောင် သန့်ရှင်းဖို့ သတိရပါ။