ေဟာလိုးဝင္းပြဲေတာ္အေၾကာင္း သိေကာင္းစရာအခ်ိဳ႕

0
439

ေအာက္တိုဘာလ ၃၁ ရက္ေန႔ (ယေန႔) ဟာ ေဟာလိုးဝင္းပြဲေတာ္ရက္ေန႔ ျဖစ္ၿပီးေတာ့ အေမရိကန္ႏိုင္ငံမွာဆိုရင္ ခရစ္စမတ္ပြဲေတာ္လိုပဲ ေက်ာ္ၾကားစည္းကားတဲ့ ပြဲေတာ္တစ္ခုျဖစ္ပါတယ္။ ေဟာလိုးဝင္းပြဲေတာ္ ျဖစ္ေပၚလာပံုသမိုင္းအေၾကာင္းကို မသိရွိေသးသူေတြအတြက္ ေဟာလိုးဝင္းပြဲေတာ္အေၾကာင္းကို မွ်ေဝေပးခ်င္ပါတယ္။

-Advertisement-

ေဟာလိုးဝင္းပြဲေတာ္ဟာ ေရွးေဟာင္းဆဲလ္တစ္ Celtic ေတြရဲ႕ပြဲေတာ္ျဖစ္ၿပီးေတာ့မူလအမည္ကို Samhain လို႔ေခၚပါတယ္။ Gaels လူမ်ိဳးေတြရဲ႕ ေနာက္ဆံုးေကာက္ရိတ္သိမ္းခ်ိန္ ေနာက္ဆံုးလျဖစ္တဲ့ ေအာက္တိုဘာလ ၃၁ ရက္ေန႔ကို Halloween ပြဲေတာ္ရက္အျဖစ္သတ္မွတ္ခဲ့ၾကၿပီး ပြဲေတာ္ျပဳလုပ္ခဲ့တဲ့ သက္တမ္းဟာ ႏွစ္ေပါင္း ၆၀၀၀ ခန္႔ရွိၿပီျဖစ္ပါတယ္။ အိုင္ယာလန္ႏိုင္ငံဟာ ေဟာလိုးဝင္းပြဲေတာ္ စတင္ရာ ေဒသျဖစ္ၿပီးေတာ့ ဒီလိုပြဲေတာ္ရက္မွာ သက္ရွိေလာကနဲ႔ တမလြန္ေလာကၾကား ျဖတ္သန္းသြားလာႏိုင္တယ္လို႔ ယံုၾကည္ခဲ့ၾကတယ္။ ဒီလိုအခ်ိန္မွာ မေကာင္းဆိုးဝါးေတြ မ်ားျပားၿပီး သက္ရွိေတြအားနည္းတာေၾကာင့္ ယခုလိုမေကာင္းဆိုးဝါးဝတ္စံုေတြ ဝတ္ၿပီး က်င္းပၾကတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

အေမရိကန္ႏိုင္ငံရဲ႕ ေဟာလိုးဝင္းပြဲေတာ္ရက္အတြင္းမွာ ပွ်မ္းမွ်အေမရိကန္ေဒၚလာ ၇သန္းေလာက္ သံုးစြဲၾကၿပီး ဒီလိုကုန္က်စားရိတ္ေတြကို ဝတ္စံုေတြ ပါတီေတြ ျပဳလုပ္ျခင္းျဖင့္ သံုးစြဲၾကပါတယ္။ ကေလးေတြဟာ မေကာင္းဆိုးရြား ဝတ္စံုေတြဝတ္ဆင္ကာ ခရစ္စမတ္ပြဲေတာ္လိုပဲ အိမ္ေတြဆီသြားၿပီး သၾကားလံုးေတြ မုန္႔ေတြကိုေတာင္းခံတတ္ၾကပါတယ္။ ဒါအျပင္ ေဟာလိုးဝင္းပြဲနဲ႔ ဖ႐ံုသီးဟာလည္း ခြဲျခားလို႔မရႏိုင္ပါဘူး။

ေဟာလိုးဝင္းပြဲေတာ္မွာ ဖ႐ံုသီးေတြကို မေကာင္းဆိုးဝါးပံုစံလွီးျဖတ္ထားၿပီး မီးထြန္းထားေလ့ ရွိျခင္းဟာ မေကာင္းဆိုးရြားေတြကို ႏွင္ထုတ္ႏိုင္တယ္ဆိုတဲ့ ယူဆမႈေၾကာင့္လည္း ျဖစ္ပါတယ္။ ေဟာလိုးဝင္းပြဲေတာ္မွာ မွန္ကိုခြဲျခင္း၊ လမ္းမေပၚကပုရစ္၊ ပိုးဟပ္စတာေတြကို နင္းျခင္းနဲ႔ ဆားျဖဴးျခင္းတို႔ကို ေရွာင္ရွားရေၾကာင္းလည္း သိရွိရတ့ဲအျပင္ စုန္းမေတြဟာ အနက္ေရာင္ေၾကာင္အျဖစ္ေျပာင္းလဲၿပီး လူေတြၾကားထဲသြားလာၾကေၾကာင္းလည္း ဓေလ့စကားေတြအရ သိရွိရပါတယ္။ ပင့္ကူအနက္တစ္ေကာင္ကို ေတြ႕ရင္ေတာ့ ေၾကာက္စရာမလိုပါဘူး အရင္ဘဝက ခ်စ္သူကသင့္ကိုပင့္ကူအျဖစ္နဲ႔ လာေရာက္ေစာင့္ေရွာက္တာျဖစ္လို႔ပါပဲ။

Gender နဲ႔ပတ္သတ္ၿပီး ကၽြန္ေတာ္တို႔ေတြကို စိတ္ကသိကေအာက္ ျဖစ္ေစတဲ့ စိန္ေခၚမႈ (၅) ခ်က္

#LM_Naung_Naung
#Lifestyle_Myanmar
Source-history.com

Unicode

အောက်တိုဘာလ ၃၁ ရက်နေ့ (ယနေ့) ဟာ ဟောလိုးဝင်းပွဲတော်ရက်နေ့ ဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင် ခရစ်စမတ်ပွဲတော်လိုပဲ ကျော်ကြားစည်းကားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဟောလိုးဝင်းပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို မသိရှိသေးသူတွေအတွက် ဟောလိုးဝင်းပွဲတော်အကြောင်းကို မျှဝေပေးချင်ပါတယ်။

ဟောလိုးဝင်းပွဲတော်ဟာ ရှေးဟောင်းဆဲလ်တစ် Celtic တွေရဲ့ပွဲတော်ဖြစ်ပြီးတော့မူလအမည်ကို Samhain လို့ခေါ်ပါတယ်။ Gaels လူမျိုးတွေရဲ့ နောက်ဆုံးကောက်ရိတ်သိမ်းချိန် နောက်ဆုံးလဖြစ်တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကို Halloween ပွဲတော်ရက်အဖြစ်သတ်မှတ်ခဲ့ကြပြီး ပွဲတော်ပြုလုပ်ခဲ့တဲ့ သက်တမ်းဟာ နှစ်ပေါင်း ၆၀၀၀ ခန့်ရှိပြီဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံဟာ ဟောလိုးဝင်းပွဲတော် စတင်ရာ ဒေသဖြစ်ပြီးတော့ ဒီလိုပွဲတော်ရက်မှာ သက်ရှိလောကနဲ့ တမလွန်လောကကြား ဖြတ်သန်းသွားလာနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒီလိုအချိန်မှာ မကောင်းဆိုးဝါးတွေ များပြားပြီး သက်ရှိတွေအားနည်းတာကြောင့် ယခုလိုမကောင်းဆိုးဝါးဝတ်စုံတွေ ဝတ်ပြီး ကျင်းပကြတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဟောလိုးဝင်းပွဲတော်ရက်အတွင်းမှာ ပျှမ်းမျှအမေရိကန်ဒေါ်လာ ၇သန်းလောက် သုံးစွဲကြပြီး ဒီလိုကုန်ကျစားရိတ်တွေကို ဝတ်စုံတွေ ပါတီတွေ ပြုလုပ်ခြင်းဖြင့် သုံးစွဲကြပါတယ်။ ကလေးတွေဟာ မကောင်းဆိုးရွား ဝတ်စုံတွေဝတ်ဆင်ကာ ခရစ်စမတ်ပွဲတော်လိုပဲ အိမ်တွေဆီသွားပြီး သကြားလုံးတွေ မုန့်တွေကိုတောင်းခံတတ်ကြပါတယ်။ ဒါအပြင် ဟောလိုးဝင်းပွဲနဲ့ ဖရုံသီးဟာလည်း ခွဲခြားလို့မရနိုင်ပါဘူး။

ဟောလိုးဝင်းပွဲတော်မှာ ဖရုံသီးတွေကို မကောင်းဆိုးဝါးပုံစံလှီးဖြတ်ထားပြီး မီးထွန်းထားလေ့ ရှိခြင်းဟာ မကောင်းဆိုးရွားတွေကို နှင်ထုတ်နိုင်တယ်ဆိုတဲ့ ယူဆမှုကြောင့်လည်း ဖြစ်ပါတယ်။ ဟောလိုးဝင်းပွဲတော်မှာ မှန်ကိုခွဲခြင်း၊ လမ်းမပေါ်ကပုရစ်၊ ပိုးဟပ်စတာတွေကို နင်းခြင်းနဲ့ ဆားဖြူးခြင်းတို့ကို ရှောင်ရှားရကြောင်းလည်း သိရှိရတဲ့အပြင် စုန်းမတွေဟာ အနက်ရောင်ကြောင်အဖြစ်ပြောင်းလဲပြီး လူတွေကြားထဲသွားလာကြကြောင်းလည်း ဓလေ့စကားတွေအရ သိရှိရပါတယ်။ ပင့်ကူအနက်တစ်ကောင်ကို တွေ့ရင်တော့ ကြောက်စရာမလိုပါဘူး အရင်ဘဝက ချစ်သူကသင့်ကိုပင့်ကူအဖြစ်နဲ့ လာရောက်စောင့်ရှောက်တာဖြစ်လို့ပါပဲ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-history.com

LEAVE A REPLY

Please enter your comment!
Please enter your name here