ေသြးအိုင္ထဲက မိခင္ကိုေပြ႕ဖက္ၿပီး ဝမ္းနည္းဖြယ္အမူအရာနဲ႔ မိခင္နားမွာေနေနတဲ့ ေမ်ာက္ကေလးရဲ႕ Video ဖိုင္ဟာ အြန္လိုင္းမွာပ်ံႏွံ႔ခဲ့ၿပီး ၾကည့္႐ႈ႕ရသူအတြက္ စိတ္မေကာင္းစရာအျဖစ္အပ်က္တစ္ခုလို ခံစားေစရပါတယ္။ အိႏၵိယႏိုင္ငံ Uttar Pradesh ျပည္နယ္ရဲ႕ Bareily – Badayun လမ္းမေပၚမွာ လမ္းျဖတ္ကူးေနစဥ္ ေမ်ာက္တစ္ေကာင္ ကားတိုက္ခံရၿပီး ေသဆုံးခဲ့ရတာျဖစ္ပါတယ္။
ေမ်ာက္သားေလးဟာ သူ႔မိခင္ကို ကားလမ္းမအလယ္ကေန လမ္းေဘးဆြဲခ်ၿပီး ခံစားေနရတဲ့အမူအရာမ်ိဳးနဲ႔ မိခင္ကို ေပြ႕ဖက္ေနတာျဖစ္ပါတယ္။ သာမာန္ တိရိစာၦန္တစ္ေကာင္ကိုကားတိုက္တာပဲ သိပ့္အထူးအဆန္ႀကီး မဟုတ္ဘူးလို႔ဆိုေပမဲ့ မိခင္ေသလို႔ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိတဲ့ေမ်ာက္ကေလးအတြက္ေတာ့ တကယ့္ကို ဝမ္းနည္းဖြယ္အျဖစ္အပ်က္ႀကီးနဲ႔ ႀကံဳေတြ႕လိုက္ရတာပဲျဖစ္ပါတယ္။
ေဒသခံေတြကေတာ့ ေမ်ာက္ဆိုတာ အိႏၵိယဘာသာေရးမွာ ဘုရားေလာင္းေမ်ာက္မင္းအျဖင့္ အသိအမွတ္ျပဳထားတဲ့အတြက္ ေသဆုံးသြားတဲ့ ေမ်ာက္ကို ဘာသာေရးထုံးတမ္းအရ သၿဂၤ ိဳဟ္မယ္လို႔ ဆိုပါတယ္။ က်န္ရစ္ခဲ့တဲ့ ေမ်ာက္သားေလးကိုေတာ့ Uttar Pradesh ျပည္နယ္ အစိုးရရဲ႕ သစ္ေတာဦးစီဌာနက ကယ္ဆယ္ထားခဲ့ပါတယ္။
(ယာဥ္ မေတာ္တဆေၾကာင့္ လူပဲျဖစ္ျဖစ္၊ တိရိစာၦန္ပဲ ျဖစ္ျဖစ္ အသက္ဆုံး႐ႈံးရတယ္ဆိုတာ ဘယ္သူ႔အတြက္မွ မေကာင္းပါဘူး။ က်န္ရစ္ခဲ့တဲ့သူအတြက္လည္း အရမ္းကို စိတ္ေသာကေရာက္ေစတာေၾကာင့္ အားလုံး ဒီလိုအျဖစ္မ်ိဳးနဲ႔ မႀကံဳေစရေအာင္ ဆင္ဆင္ျခင္ျခင္ ေမာင္းႏွင္ၾကပါလို႔ ေမတၱာရပ္ခံပါရေစ)
#Lifestyle_Myanmar
Ref-Daily Mail
#Thar_Nage
မိခင္အတြက္ ေတာင္းပန္စာေရးထားခဲ့ၿပီ လူ႔ေလာကႀကီးက အၿပီးအပိုင္ထြက္သြားခဲ့တဲ့ ၅နွစ္အရြယ္ကေလးငယ္
Unicode
သွေးအိုင်ထဲက မိခင်ကို ပွေ့ဖက်နေတဲ့ ဝမ်းနည်းဖွယ်မျောက်သားလေး
သွေးအိုင်ထဲက မိခင်ကိုပွေ့ဖက်ပြီး ဝမ်းနည်းဖွယ်အမူအရာနဲ့ မိခင်နားမှာနေနေတဲ့ မျောက်ကလေးရဲ့ Video ဖိုင်ဟာ အွန်လိုင်းမှာပျံနှံ့ခဲ့ပြီး ကြည့်ရှု့ရသူအတွက် စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုလို ခံစားစေရပါတယ်။ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်ရဲ့ Bareily – Badayun လမ်းမပေါ်မှာ လမ်းဖြတ်ကူးနေစဉ် မျောက်တစ်ကောင် ကားတိုက်ခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
မျောက်သားလေးဟာ သူ့မိခင်ကို ကားလမ်းမအလယ်ကနေ လမ်းဘေးဆွဲချပြီး ခံစားနေရတဲ့အမူအရာမျိုးနဲ့ မိခင်ကို ပွေ့ဖက်နေတာဖြစ်ပါတယ်။ သာမာန် တိရိစ္ဆာန်တစ်ကောင်ကိုကားတိုက်တာပဲ သိပ့်အထူးအဆန်ကြီး မဟုတ်ဘူးလို့ဆိုပေမဲ့ မိခင်သေလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့မျောက်ကလေးအတွက်တော့ တကယ့်ကို ဝမ်းနည်းဖွယ်အဖြစ်အပျက်ကြီးနဲ့ ကြုံတွေ့လိုက်ရတာပဲဖြစ်ပါတယ်။
ဒေသခံတွေကတော့ မျောက်ဆိုတာ အိန္ဒိယဘာသာရေးမှာ ဘုရားလောင်းမျောက်မင်းအဖြင့် အသိအမှတ်ပြုထားတဲ့အတွက် သေဆုံးသွားတဲ့ မျောက်ကို ဘာသာရေးထုံးတမ်းအရ သင်္ဂြ ိုဟ်မယ်လို့ ဆိုပါတယ်။ ကျန်ရစ်ခဲ့တဲ့ မျောက်သားလေးကိုတော့ Uttar Pradesh ပြည်နယ် အစိုးရရဲ့ သစ်တောဦးစီဌာနက ကယ်ဆယ်ထားခဲ့ပါတယ်။
(ယာဉ် မတော်တဆကြောင့် လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲ ဖြစ်ဖြစ် အသက်ဆုံးရှုံးရတယ်ဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ ကျန်ရစ်ခဲ့တဲ့သူအတွက်လည်း အရမ်းကို စိတ်သောကရောက်စေတာကြောင့် အားလုံး ဒီလိုအဖြစ်မျိုးနဲ့ မကြံုစေရအောင် ဆင်ဆင်ခြင်ခြင် မောင်းနှင်ကြပါလို့ မေတ္တာရပ်ခံပါရစေ)