ေသြးလႊတ္ေၾကာပိတ္ဆို႔မႈ မျဖစ္ေအာင္ သဘာဝအတိုင္း တားဆီးေပးမယ့္ အစားအစာ (၉)မ်ိဳး

0
118

ေသြးလႊတ္ေၾကာ ယိုယြင္းပ်က္စီးလာရင္ အေရးပါတဲ့ ကိုယ္တြင္းအဂၤါကို ပုံမွန္ေသြး ေပးပို႔ဖို႔ ျပတ္ေတာက္ေစႏိုင္ပါတယ္။ ေသြးလႊတ္ေၾကာက်ဥ္းေရာဂါ (Atherosclerosis) ဆိုတာ ေသြးလႊတ္ေၾကာနံရံေပၚမွာ အဆီပိုေတြနဲ႔၊ တျခားအရာေတြ ဖြဲ႕စည္းၿပီး ေသြးေၾကာက်ဥ္းသြားေစတဲ့ အေျခအေနျဖစ္ပါတယ္။ ဒါက ေသြးစီးဆင္းမႈကို ပိတ္ဆို႔ေစၿပီး ႂကြက္သားနံရံရဲ႕ elasticity ကို ျပတ္ေတာက္ေစပါတယ္။ အျဖစ္အမ်ားဆုံးအက်ိဳးဆက္ေတြကေတာ့ ႏွလုံးေရာဂါႏွင့္ ႏွလုံးရပ္ျခင္း တို႔ပါဝင္ပါတယ္။

ႀကိဳတင္ကာကြယ္ေရးႏွင့္ ကုသမႈအတြက္ ကိုလက္စထေရာျမင့္မားတဲ့ အစားအစာမ်ား စားသုံးမႈကို ေလွ်ာ့ခ်ၿပီး လတ္ဆတ္တဲ့ အသီးအႏွံမ်ားနဲ႔ ဟင္းသီးဟင္း႐ြက္မ်ားကို အစားထိုး စားသုံးၿပီး က်န္းမာတဲ့ လူေနမႈပုံစံကို ဦးတည္သြားေစဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ေသြးလႊတ္ေၾကာပိတ္ဆို႔မႈကို ေရွာင္ရွားဖို႔ သဘာဝအတိုင္း ကူညီေပးမယ့္ အထိေရာက္ဆုံး အစားအစာမ်ားကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကို ေသြးတိုးေရာဂါနဲ႔ ႏွလုံးက်န္းမာေရးအပါအဝင္ ေရာဂါအမ်ိဳးမ်ိဳး ကုသဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။ ေျမာက္ျမားစြာေသာ ေလ့လာမႈေတြမွာ ၾကက္သြန္ျဖဴဟာ ႏွလုံးပတ္ေသြးလႊတ္ေၾကာ နံရံေတြေပၚမွာ atherosclerotic plaques ရဲ႕ကာကြယ္တားဆီးေရးအတြက္ အလြန္အေထာက္အကူျဖစ္ေစေၾကာင္း ျပသခဲ့ၾကပါတယ္။

၂။ စပ်စ္သီး

စပ်စ္သီးမွာ resveratrol, flavonoids, နဲ႔ quercetin တို႔ျမင့္မားစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ထဲမွာ အဆီေျခဖ်က္မႈကို ပုံမွန္ျဖစ္ေစပါတယ္။ ေသြးခဲမႈႏွင့္ atherosclerotic plaques အႏၲရာယ္ကို ေလွ်ာ့ခ်ေပးၿပီး ႏွလုံးေရာဂါ ဖြံ႕ၿဖိဳးမႈကို တားဆီးကာကြယ္ေပးပါတယ္။ ဆီးခ်ိဳေရာဂါရွိရင္ စပ်စ္အခ်ိဳသီးကို သတိထားရပါလိမ့္မယ္။

၃။ သံလြင္ဆီ

အႀကိမ္မ်ားစြာ ေလ့လာမႈေတြမွာ သံလြင္ဆီရဲ႕အက်ိဳးရွိေသာ ဂုဏ္သတၱိမ်ားကို အတည္ျပဳခဲ့ၾကပါတယ္။ သံလြင္ဆီကို ပုံမွန္အသုံးျပဳရင္ ေသြးထဲမွာ မေကာင္းတဲ့ ကိုလက္စထေရာမ်ား စုေဆာင္းျခင္းကို ေလ်ာ့နည္းေစပါတယ္။

၄။ Cranberries သီး

တစ္ပတ္ကို Cranberries သီးေဖ်ာ္ရည္ ၃ခြက္သာ ေသာက္ေပးရင္ ေသြးေၾကာနံရံရဲ႕ အတြင္းမ်က္ႏွာျပင္ကေန ကိုလက္စထေရာအနည္ေတြကို ဖယ္ရွားေပးပါလိမ့္မယ္။ Cranberries ေသြးေၾကာထဲမွာ စုေဆာင္းမယ့္အစား အဆီေတြ စုပ္ယူဖို႔ ဆဲလ္ေတြရဲ႕ စြမ္းရည္ကို တိုးျမႇင့္ေပးပါတယ္။

၅။ ခရမ္းခ်ဥ္သီး

ကိုရီးယားသိပၸံပညာရွင္မ်ားရဲ႕ ေလ့လာမႈမ်ားအရ ခရမ္းခ်ဥ္းသီးဟာ ေသြးလႊတ္ေၾကာေတြ တင္းမာမႈကို ကာကြယ္ေပးတဲ့ LYCOPENE ျမင့္မားပါတယ္။ Lycopene က အိုမင္းျခင္းျဖစ္စဥ္ကို ေႏွးေကြးေစၿပီး antitumor အက်ိဳးသက္ေရာက္မႈ ရွိတဲ့ အစြမ္းထက္ အင္တီေအာက္ဆီဒင့္တစ္ခု ျဖစ္ပါတယ္။ ၎ကို ပုံမွန္စားသုံးရင္ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါမ်ား ဖြံ႕ၿဖိဳးျခင္း အႏၲရာယ္ကို ေလ်ာ့နည္းေစပါတယ္။

၆။ ဟင္းႏုႏြယ္႐ြက္

ဟင္းႏုႏြယ္႐ြက္ဟာ ႏွလုံးရပ္ျခင္းကို ဆန႔္က်င္ကာကြယ္ဖို႔အတြက္ ကိုလက္စထေရာ ဖြဲ႕စည္းျခင္းႏွင့္ ေသြးတိုးေရာဂါကို တားဆီးေပးတဲ့ ေဖာလစ္အက္ဆစ္၊ ပိုတတ္ဆီယမ္အရင္းအျမစ္တို႔ ႂကြယ္ဝပါတယ္။ ဒါ့အျပင္ ၎မွာ လူတိန္း(lutein) ပမာဏ ႀကီးမားစြာ ပါဝင္ပါတယ္။

၇။ ကီဝီႏွင့္ ဖရဲသီး

ကီဝီနဲ႔ ဖရဲသီးမွာ ကိုလက္စထေရာအဆင့္ကို ထိေရာက္စြာ ေလ်ာ့ခ်ေပးတဲ့ အင္တီေအာက္ဆီဒင့္ ျမင့္မားစြာ ပါဝင္တာေၾကာင့္ လူသိမ်ားပါတယ္။ ကီဝီနဲ႔ ဖရဲသီးကို ပမာဏနည္းနည္းစီ ေန႔စဥ္စားေပးရင္ေတာင္ ေသြးလႊတ္ေၾကာေတြကို လွ်င္ျမန္စြာ သန႔္ရွင္းေစပါတယ္။

၈။ သလဲသီး

သလဲသီးက ေသြးလႊတ္ေၾကာေတြရဲ႕ တင္းမာမႈကို တားဆီးေပးၿပီး ေသြးလႊတ္ေၾကာက်ဥ္းတာကို တားဆီးေပးပါတယ္။

၉။ အုတ္ဂ်ဳံ

အုတ္ဂ်ဳံမ်ားမွာ ခႏၶာကိုယ္ထဲမွာ ကိုလက္စထေရာ စုစည္းျခင္းကို တားဆီးေပးတဲ့ ေပ်ာ္ဝင္အမွ်င္ဓါတ္ေတြ ႂကြယ္ဝပါတယ္။ တေန႔လွ်င္ oatmeal ၁ခြက္ခြဲ၊ ၂ခြက္ေလာက္ စားေပးျခင္းက ေသြးထဲမွာ ကိုလက္စထေရာအဆင့္ကို 20% ေလ်ာ့က်ေစႏိုင္ပါတယ္။
က်န္းမာတဲ့ လူေနမႈပုံစံကို ဦးတည္သြားေစၿပီး အထက္ေဖာ္ျပပါ အစားအစာမ်ားကို စားသုံးျခင္းျဖင့္ ေသြးလႊတ္ေၾကာက်ဥ္းတဲ့ ေရာဂါကို တားဆီးဖို႔ လုံေလာက္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Unicode

သွေးလွှတ်ကြောပိတ်ဆို့မှု မဖြစ်အောင် သဘာဝအတိုင်း တားဆီးပေးမယ့် အစားအစာ (၉)မျိုး
သွေးလွှတ်ကြော ယိုယွင်းပျက်စီးလာရင် အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါကို ပုံမှန်သွေး ပေးပို့ဖို့ ပြတ်တောက်စေနိုင်ပါတယ်။ သွေးလွှတ်ကြောကျဉ်းရောဂါ (Atherosclerosis) ဆိုတာ သွေးလွှတ်ကြောနံရံပေါ်မှာ အဆီပိုတွေနဲ့၊ တခြားအရာတွေ ဖွဲ့စည်းပြီး သွေးကြောကျဉ်းသွားစေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါက သွေးစီးဆင်းမှုကို ပိတ်ဆို့စေပြီး ကြွက်သားနံရံရဲ့ elasticity ကို ပြတ်တောက်စေပါတယ်။ အဖြစ်အများဆုံးအကျိုးဆက်တွေကတော့ နှလုံးရောဂါနှင့် နှလုံးရပ်ခြင်း တို့ပါဝင်ပါတယ်။

ကြိုတင်ကာကွယ်ရေးနှင့် ကုသမှုအတွက် ကိုလက်စထရောမြင့်မားတဲ့ အစားအစာများ စားသုံးမှုကို လျှော့ချပြီး လတ်ဆတ်တဲ့ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များကို အစားထိုး စားသုံးပြီး ကျန်းမာတဲ့ လူနေမှုပုံစံကို ဦးတည်သွားစေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် သွေးလွှတ်ကြောပိတ်ဆို့မှုကို ရှောင်ရှားဖို့ သဘာဝအတိုင်း ကူညီပေးမယ့် အထိရောက်ဆုံး အစားအစာများကို မျှဝေပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို သွေးတိုးရောဂါနဲ့ နှလုံးကျန်းမာရေးအပါအဝင် ရောဂါအမျိုးမျိုး ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ မြောက်မြားစွာသော လေ့လာမှုတွေမှာ ကြက်သွန်ဖြူဟာ နှလုံးပတ်သွေးလွှတ်ကြော နံရံတွေပေါ်မှာ atherosclerotic plaques ရဲ့ကာကွယ်တားဆီးရေးအတွက် အလွန်အထောက်အကူဖြစ်စေကြောင်း ပြသခဲ့ကြပါတယ်။

၂။ စပျစ်သီး

စပျစ်သီးမှာ resveratrol, flavonoids, နဲ့ quercetin တို့မြင့်မားစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆီခြေဖျက်မှုကို ပုံမှန်ဖြစ်စေပါတယ်။ သွေးခဲမှုနှင့် atherosclerotic plaques အန္တရာယ်ကို လျှော့ချပေးပြီး နှလုံးရောဂါ ဖွံ့ဖြိုးမှုကို တားဆီးကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါရှိရင် စပျစ်အချိုသီးကို သတိထားရပါလိမ့်မယ်။

၃။ သံလွင်ဆီ

အကြိမ်များစွာ လေ့လာမှုတွေမှာ သံလွင်ဆီရဲ့အကျိုးရှိသော ဂုဏ်သတ္တိများကို အတည်ပြုခဲ့ကြပါတယ်။ သံလွင်ဆီကို ပုံမှန်အသုံးပြုရင် သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောများ စုဆောင်းခြင်းကို လျော့နည်းစေပါတယ်။

၄။ Cranberries သီး

တစ်ပတ်ကို Cranberries သီးဖျော်ရည် ၃ခွက်သာ သောက်ပေးရင် သွေးကြောနံရံရဲ့ အတွင်းမျက်နှာပြင်ကနေ ကိုလက်စထရောအနည်တွေကို ဖယ်ရှားပေးပါလိမ့်မယ်။ Cranberries သွေးကြောထဲမှာ စုဆောင်းမယ့်အစား အဆီတွေ စုပ်ယူဖို့ ဆဲလ်တွေရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးပါတယ်။

၅။ ခရမ်းချဉ်သီး

ကိုရီးယားသိပ္ပံပညာရှင်များရဲ့ လေ့လာမှုများအရ ခရမ်းချဉ်းသီးဟာ သွေးလွှတ်ကြောတွေ တင်းမာမှုကို ကာကွယ်ပေးတဲ့ LYCOPENE မြင့်မားပါတယ်။ Lycopene က အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး antitumor အကျိုးသက်ရောက်မှု ရှိတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင့်တစ်ခု ဖြစ်ပါတယ်။ ၎င်းကို ပုံမှန်စားသုံးရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖွံ့ဖြိုးခြင်း အန္တရာယ်ကို လျော့နည်းစေပါတယ်။

၆။ ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ဟာ နှလုံးရပ်ခြင်းကို ဆန့်ကျင်ကာကွယ်ဖို့အတွက် ကိုလက်စထရော ဖွဲ့စည်းခြင်းနှင့် သွေးတိုးရောဂါကို တားဆီးပေးတဲ့ ဖောလစ်အက်ဆစ်၊ ပိုတတ်ဆီယမ်အရင်းအမြစ်တို့ ကြွယ်ဝပါတယ်။ ဒါ့အပြင် ၎င်းမှာ လူတိန်း(lutein) ပမာဏ ကြီးမားစွာ ပါဝင်ပါတယ်။

၇။ ကီဝီနှင့် ဖရဲသီး

ကီဝီနဲ့ ဖရဲသီးမှာ ကိုလက်စထရောအဆင့်ကို ထိရောက်စွာ လျော့ချပေးတဲ့ အင်တီအောက်ဆီဒင့် မြင့်မားစွာ ပါဝင်တာကြောင့် လူသိများပါတယ်။ ကီဝီနဲ့ ဖရဲသီးကို ပမာဏနည်းနည်းစီ နေ့စဉ်စားပေးရင်တောင် သွေးလွှတ်ကြောတွေကို လျှင်မြန်စွာ သန့်ရှင်းစေပါတယ်။

၈။ သလဲသီး

သလဲသီးက သွေးလွှတ်ကြောတွေရဲ့ တင်းမာမှုကို တားဆီးပေးပြီး သွေးလွှတ်ကြောကျဉ်းတာကို တားဆီးပေးပါတယ်။

၉။ အုတ်ဂျုံ

အုတ်ဂျုံများမှာ ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော စုစည်းခြင်းကို တားဆီးပေးတဲ့ ပျော်ဝင်အမျှင်ဓါတ်တွေ ကြွယ်ဝပါတယ်။ တနေ့လျှင် oatmeal ၁ခွက်ခွဲ၊ ၂ခွက်လောက် စားပေးခြင်းက သွေးထဲမှာ ကိုလက်စထရောအဆင့်ကို 20% လျော့ကျစေနိုင်ပါတယ်။
ကျန်းမာတဲ့ လူနေမှုပုံစံကို ဦးတည်သွားစေပြီး အထက်ဖော်ပြပါ အစားအစာများကို စားသုံးခြင်းဖြင့် သွေးလွှတ်ကြောကျဉ်းတဲ့ ရောဂါကို တားဆီးဖို့ လုံလောက်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here