ေသြးလွဴဒါန္းျခငး္က အသက္ေတြကို ကယ္တင္ႏိုင္တယ္ဆိုတာ ကၽြန္ေတာ္တို႔သိၾကပါတယ္။ ေသြးလွဴဒါန္းျခင္းက ျမင့္ျမတ္တဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။ သို႔ေသာ္ လက္ေတြ႕က်င့္သံုးေနတဲ့ ပတ္ဝန္းက်င္မွာ အမွားေတြအမ်ားႀကီး ရွိေနဆဲပါ။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးမွာ ေသြးလွဴဒါန္းျခင္းႏွင့္ပတ္သတ္တဲ့ အမွန္နဲ႔ အမွားတစ္ခ်ိဳ႕ကို မွ်ေဝေပးခ်င္ပါတယ္။
ေသြးလွဴဒါန္းမႈကို ဘယ္လိုျပဳလုပ္မလဲ?
ပထမဆံုး အလွဴရွင္ဟာ မိမိရဲ႕က်န္းမာေရးနဲ႔ ကိုယ္ေရးအက်ဥ္းႏွင့္ ပတ္သတ္တဲ့ ေမးခြန္းမ်ားကို ေျဖဖို႔ ေမးခြန္းပံုစံျဖည့္စြက္ရပါမယ္။ အလွဴရွင္ဟာ သေဘာတူခြင့္ျပဳခ်က္ပံုစံကိုလည္း လက္မွတ္ထိုးရပါမယ္။ ေသြးအားနညး္ေရာဂါရွိေနသလား ဒါမွမဟုတ္ လွဴဒါန္းႏိုင္သလား ဆိုတာကို ဆရာဝန္က အဆံုးအျဖတ္ေပးပါလိမ့္မယ္။ အလွဴရွင္ႏွင့္ လက္ခံသူႏွစ္ေယာက္အတြက္ လွဴဒါန္းမႈဟာ ကိုက္ညီမႈရွိမရွိကို ဆရာဝန္က အတည္ျပဳေပးပါလိမ့္မယ္။
ေသြးအလွဴရွင္ဟာ ေသြးထုတ္ယူၿပီးေနာက္မွာ ျပန္က်န္းမာဖို႔ တခုခုစား၊ ေသာက္သင့္ပါတယ္။
သို႔ေသာ္လည္း ခႏၶာကိုယ္ဟာ ျပန္က်န္းမာဖို႔ဆိုရင္ အခ်ိန္ပိုၾကာႏိုင္ပါတယ္။
Plasma : ျပန္ၿပီး နာလန္ထူဖို႔အတြက္ ၂၄နာရီၾကာပါတယ္။
Red blood cells: ျပန္ၿပီး နာလန္ထူဖို႔အတြက္ ၃ပတ္မွ ၅ပတ္ၾကာပါတယ္။
Iron: ျပန္နာလန္ထူဖို႔ ၈ပတ္ၾကာပါတယ္။
ေသြးလွဴဒါန္းျခင္းႏွင့္ ပတ္သတ္ၿပီး သိထားသင့္တဲ့ အမွန္တရားနဲ႔ အမွားေလးေတြ
၁။ ေသြးမလွဴဒါန္းသင့္တဲ့ သူေတြရွိပါတယ္။
မွန္ပါတယ္။
အသက္၊ ကိုယ္အေလးခ်ိန္မျပည့္သူ ဒါမွမဟုတ္ က်န္းမာေရးအေျခအေနတစ္ခ်ိဳ႕ရွိသူေတြဟာ ေသြးလွဴလို႔မရတဲ့ ကန္႔သတ္ခ်က္တစ္ခ်ိဳ႕ရွိပါတယ္။
အသက္ ၁၈ႏွစ္ေအာက္ ဒါမွမဟုတ္ အသက္ ၆၅ႏွစ္ေက်ာ္သူေတြ။
(50ကီလို) ေပါင္ ၁၂၀ထက္နည္းပါးသူေတြ။
ၿပီးခဲ့တဲ့ ၄လမွာ ေသြးလွဴဒါန္းခဲ့ဖူးသူေတြ၊
အင္ဆူလင္ မွီခိုေနရတဲ့ ဆီးခ်ိဳေရာဂါရွိတဲ့ လူနာေတြ၊
အသည္းေရာင္အသားဝါ B,C၊ Chagas ေရာဂါ၊ AIDS ကဲ့သို႔ကူးစက္ေရာဂါ ခံစားေနရသူေတြ၊
နာတာရွည္ ေက်ာက္ကပ္ေရာဂါ၊ အဆုတ္ေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးလြတ္ေၾကာ ေသြးတိုးေရာဂါရွိတဲ့ လူနာေတြ၊
ဝက္ရူးျပန္ေရာဂါ ကုသမႈခံယူေနတဲ့ လူေတြ၊
မူးယစ္ေဆးဝါးသံုးေနတဲ့ သူေတြ။
၂။ အလွဴရွင္ဟာ ေရာဂါေတြကူးစက္ႏိုင္ပါတယ္
မွားပါတယ္။
ေသြးထုတ္ယူျခင္းျဖစ္စဥ္ကို ပိုးသန္႔စင္ထားၿပီး တခါသံုးပစၥည္းေတြပဲ အသံုးျပဳပါတယ္။ ေသြးလွဴဒါန္းသူမ်ားအတြက္ ပိုးကူးစက္မႈ အႏၱရာယ္မရွိပါဘူး။
သို႔ေသာ္ တခ်ိဳ႕ေသာသူေတြဟာ ေအာက္ပါအေပ်ာ့စားအေျခအေနမ်ားကို ေတြ႕ႀကံဳခံစားရႏိုင္ပါတယ္။
Bruising(ေသြးေျခဥျခင္း)။ Hematoma (ေသြးဥျခင္း) က ေသြးလွဴဒါန္းၿပီးေနာက္ မၾကာခဏ ဆိုးဝါးတဲ့ တံု႔ျပန္မႈအမ်ားစုထဲက တစ္ခုျဖစ္ပါတယ္။ ေသြးေၾကာမ်ားအျပင္ဖက္တြင္ ေသြးမ်ားစုလာျခင္းျဖစ္ပါတယ္။ အပ္ထိုးမကၽြမ္းက်င္တာ သို႔မဟုတ္ အပ္ထုိးသြင္းတဲ့ ေနရာေပၚမွာ pressureမရွိတာေၾကာင့္ႏွင့္ ဆက္စပ္ေနၿပီး ေသြးေၾကာမ်ား ကြဲထြက္မႈရဲ႕ အက်ိဳးဆက္ျဖစ္ပါတယ္။
Vasovagal syncope(ရုတ္တရက္မူးလဲျခင္း)။ ဦးေႏွာက္ကို ေသြးေရာက္ရွိမႈနည္းတဲ့အခါ ျဖစ္ပ်က္တဲ့ မူးလဲျခင္းကို ရည္ညြန္းပါတယ္။ ဒီအျဖစ္အပ်က္က ႏွလံုးခုန္ႏႈန္း ေႏွးေကြးျခင္းေၾကာင့္ ျဖစ္ပါတယ္။ မူးေဝျခင္းကို တားဆီးဖို႔ အစားေရွာင္ေနစဥ္အတြင္း ေသြးမလွဴဒါန္းသင့္ပါဘူး။ ဒါ့အျပင္ ေသြးထုတ္ယူၿပီးေနာက္မွာ တစ္ခုခုကို ေသာက္သံုးသင့္ပါတယ္။
၃။ ေသြးသြင္းကုသျခင္းက လက္ခံသူမ်ားအတြက္ ၁၀၀% လံုၿခံဳပါတယ္။
မွားပါတယ္။
ေသြးလွဴဒါန္းမႈကို လက္ခံသူအတြက္ တခ်ိဳ႕ေရာဂါမ်ားရဲ႕ကူးစက္မႈအႏၱရာယ္က နည္းပါးေပမယ့္ တည္ရွိေနဆဲျဖစ္ပါတယ္။ ဒါကိုျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားက ေအာက္ပါတို႔ေၾကာင့္ျဖစ္ပါတယ္။
– antibody မေပၚေသးတဲ့ အခ်ိန္မွာစစ္ရင္ ေရာဂါပုိးရွိေနရင္ေတာင္ မေတြ႕ရဘဲေနတတ္ပါတယ္။
– အလွဴရွင္ဟာ ေရာဂါကူးစက္မႈတစ္ခုရဲ႕ နာတာရွည္ သယ္ေဆာင္သူတစ္ေယာက္ျဖစ္ေပမယ့္ လကၡဏာမျပတဲ့အခါ၊ ရလဒ္က negative ျဖစ္တဲ့အခါ။
– ဓါတ္ခြဲခန္းအမွားအယြင္းမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
၄။ ကၽြန္ေတာ္တို႔မွာ လြတ္လပ္စြာ ဆံုးျဖတ္ခြင့္ရွိပါတယ္။
မွန္ပါတယ္။
ကၽြန္ေတာ္တို႔အားလံုးမွာ ေသြးသြင္းမႈကိုလက္ခံခ်င္လွ်င္၊ သို႔မဟုတ္ ေသြးလွဴဒါန္းခ်င္လွ်င္ ဆံုးျဖတ္ဖို႔အတြက္ လြတ္လပ္မႈရွိပါတယ္။
မိသားစုဝင္မ်ားကို ေသြးလွဴဒါန္းျခင္း၊ မိသားစုရဲ႕ ေသြးကို လက္ခံျခင္းရဲ႕ ျဖစ္ႏိုင္ေျခကို စဥ္းစားဖို႔အေရးႀကီးပါတယ္။ မိသားစုဝင္ထဲမွာ ေသြးအမ်ိဳးအစား ကိုက္ညီပါက ၊ လွဴဒါန္းသူကလည္း က်န္းမာေရးေကာင္းေနပါက လက္ခံသူအတြက္ ေရာဂါပိုးကူးစက္မႈအႏၱရာယ္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth
Unicode
သွေးလှူဒါန်းခြင်းနှင့်ပတ်သတ်ပြီး သိထားရမယ့် အမှန်တရားနဲ့ အမှားလေးတွေ
သွေးလှူဒါန်းခြငး်က အသက်တွေကို ကယ်တင်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ သွေးလှူဒါန်းခြင်းက မြင့်မြတ်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ သို့သော် လက်တွေ့ကျင့်သုံးနေတဲ့ ပတ်ဝန်းကျင်မှာ အမှားတွေအများကြီး ရှိနေဆဲပါ။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ သွေးလှူဒါးခြင်းနှင့်ပတ်သတ်တဲ့ အမှန်နဲ့ အမှားတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
သွေးလှူဒါန်းမှုကို ဘယ်လိုပြုလုပ်မလဲ?
ပထမဆုံး အလှူရှင်ဟာ မိမိရဲ့ကျန်းမာရေးနဲ့ ကိုယ်ရေးအကျဉ်းနှင့် ပတ်သတ်တဲ့ မေးခွန်းများကို ဖြေဖို့ မေးခွန်းပုံစံဖြည့်စွက်ရပါမယ်။ အလှူရှင်ဟာ သဘောတူခွင့်ပြုချက်ပုံစံကိုလည်း လက်မှတ်ထိုးရပါမယ်။ သွေးအားနညး်ရောဂါရှိနေသလား ဒါမှမဟုတ် လှူဒါန်းနိုင်သလား ဆိုတာကို ဆရာဝန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အလှူရှင်နှင့် လက်ခံသူနှစ်ယောက်အတွက် လှူဒါန်းမှုဟာ ကိုက်ညီမှုရှိမရှိကို ဆရာဝန်က အတည်ပြုပေးပါလိမ့်မယ်။
သွေးအလှူရှင်ဟာ သွေးထုတ်ယူပြီးနောက်မှာ ပြန်ကျန်းမာဖို့ တခုခုစား၊ သောက်သင့်ပါတယ်။
သို့သော်လည်း ခန္ဓာကိုယ်ဟာ ပြန်ကျန်းမာဖို့ဆိုရင် အချိန်ပိုကြာနိုင်ပါတယ်။
Plasma : ပြန်ပြီး နာလန်ထူဖို့အတွက် ၂၄နာရီကြာပါတယ်။
Red blood cells: ပြန်ပြီး နာလန်ထူဖို့အတွက် ၃ပတ်မှ ၅ပတ်ကြာပါတယ်။
Iron: ပြန်နာလန်ထူဖို့ ၈ပတ်ကြာပါတယ်။
သွေးလှူဒါန်းခြင်းနှင့် ပတ်သတ်ပြီး သိထားသင့်တဲ့ အမှန်တရားနဲ့ အမှားလေးတွေ
၁။ သွေးမလှူဒါန်းသင့်တဲ့ သူတွေရှိပါတယ်။
မှန်ပါတယ်။
အသက်၊ ကိုယ်အလေးချိန်မပြည့်သူ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတစ်ချို့ရှိသူတွေဟာ သွေးလှူလို့မရတဲ့ ကန့်သတ်ချက်တစ်ချို့ရှိပါတယ်။
အသက် ၁၈နှစ်အောက် ဒါမှမဟုတ် အသက် ၆၅နှစ်ကျော်သူတွေ။
(50ကီလို) ပေါင် ၁၂ဝထက်နည်းပါးသူတွေ။
ပြီးခဲ့တဲ့ ၄လမှာ သွေးလှူဒါန်းခဲ့ဖူးသူတွေ၊
အင်ဆူလင် မှီခိုနေရတဲ့ ဆီးချိုရောဂါရှိတဲ့ လူနာတွေ၊
အသည်းရောင်အသားဝါ B,C၊ Chagas ရောဂါ၊ AIDS ကဲ့သို့ကူးစက်ရောဂါ ခံစားနေရသူတွေ၊
နာတာရှည် ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ သွေးလွတ်ကြော သွေးတိုးရောဂါရှိတဲ့ လူနာတွေ၊
ဝက်ရူးပြန်ရောဂါ ကုသမှုခံယူနေတဲ့ လူတွေ၊
မူးယစ်ဆေးဝါးသုံးနေတဲ့ သူတွေ။
၂။ အလှူရှင်ဟာ ရောဂါတွေကူးစက်နိုင်ပါတယ်
မှားပါတယ်။
သွေးထုတ်ယူခြင်းဖြစ်စဉ်ကို ပိုးသန့်စင်ထားပြီး တခါသုံးပစ္စည်းတွေပဲ အသုံးပြုပါတယ်။ သွေးလှူဒါန်းသူများအတွက် ပိုးကူးစက်မှု အန္တရာယ်မရှိပါဘူး။
သို့သော် တချို့သောသူတွေဟာ အောက်ပါအပျော့စားအခြေအနေများကို တွေ့ကြုံခံစားရနိုင်ပါတယ်။
Bruising(သွေးခြေဥခြင်း)။ Hematoma (သွေးဥခြင်း) က သွေးလှူဒါန်းပြီးနောက် မကြာခဏ ဆိုးဝါးတဲ့ တုံ့ပြန်မှုအများစုထဲက တစ်ခုဖြစ်ပါတယ်။ သွေးကြောများအပြင်ဖက်တွင် သွေးများစုလာခြင်းဖြစ်ပါတယ်။ အပ်ထိုးမကျွမ်းကျင်တာ သို့မဟုတ် အပ်ထိုးသွင်းတဲ့ နေရာပေါ်မှာ pressureမရှိတာကြောင့်နှင့် ဆက်စပ်နေပြီး သွေးကြောများ ကွဲထွက်မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
Vasovagal syncope(ရုတ်တရက်မူးလဲခြင်း)။ ဦးနှောက်ကို သွေးရောက်ရှိမှုနည်းတဲ့အခါ ဖြစ်ပျက်တဲ့ မူးလဲခြင်းကို ရည်ညွန်းပါတယ်။ ဒီအဖြစ်အပျက်က နှလုံးခုန်နှုန်း နှေးကွေးခြင်းကြောင့် ဖြစ်ပါတယ်။ မူးဝေခြင်းကို တားဆီးဖို့ အစားရှောင်နေစဉ်အတွင်း သွေးမလှူဒါန်းသင့်ပါဘူး။ ဒါ့အပြင် သွေးထုတ်ယူပြီးနောက်မှာ တစ်ခုခုကို သောက်သုံးသင့်ပါတယ်။
၃။ သွေးသွင်းကုသခြင်းက လက်ခံသူများအတွက် ၁၀၀% လုံခြုံပါတယ်။
မှားပါတယ်။
သွေးလှူဒါန်းမှုကို လက်ခံသူအတွက် တချို့ရောဂါများရဲ့ကူးစက်မှုအန္တရာယ်က နည်းပါးပေမယ့် တည်ရှိနေဆဲဖြစ်ပါတယ်။ ဒါကိုဖြစ်စေတဲ့ အကြောင်းရင်းများက အောက်ပါတို့ကြောင့်ဖြစ်ပါတယ်။
– antibody မပေါ်သေးတဲ့ အချိန်မှာစစ်ရင် ရောဂါပိုးရှိနေရင်တောင် မတွေ့ရဘဲနေတတ်ပါတယ်။
– အလှူရှင်ဟာ ရောဂါကူးစက်မှုတစ်ခုရဲ့ နာတာရှည် သယ်ဆောင်သူတစ်ယောက်ဖြစ်ပေမယ့် လက္ခဏာမပြတဲ့အခါ၊ ရလဒ်က negative ဖြစ်တဲ့အခါ။
– ဓါတ်ခွဲခန်းအမှားအယွင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၄။ ကျွန်တော်တို့မှာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်။
မှန်ပါတယ်။
ကျွန်တော်တို့အားလုံးမှာ သွေးသွင်းမှုကိုလက်ခံချင်လျှင်၊ သို့မဟုတ် သွေးလှူဒါန်းချင်လျှင် ဆုံးဖြတ်ဖို့အတွက် လွတ်လပ်မှုရှိပါတယ်။
မိသားစုဝင်များကို သွေးလှူဒါန်းခြင်း၊ မိသားစုရဲ့ သွေးကို လက်ခံခြင်းရဲ့ ဖြစ်နိုင်ခြေကို စဉ်းစားဖို့အရေးကြီးပါတယ်။ မိသားစုဝင်ထဲမှာ သွေးအမျိုးအစား ကိုက်ညီပါက ၊ လှူဒါန်းသူကလည်း ကျန်းမာရေးကောင်းနေပါက လက်ခံသူအတွက် ရောဂါပိုးကူးစက်မှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-steptohealth