Home Funny သေတစ်ပန်သက်ဆုံးထိ သင့်ဘေးနားမှာ အမြဲရှိသွားမဲ့ အကောင်းဆုံးအဖော်မွန်

သေတစ်ပန်သက်ဆုံးထိ သင့်ဘေးနားမှာ အမြဲရှိသွားမဲ့ အကောင်းဆုံးအဖော်မွန်

0
2848
ချစ်စရာခွေးလေးတွေ
ချစ်စရာခွေးလေးတွေ

ဘဝမှာ သင်ကောင်းတာလုပ်လုပ် သင်ဆိုးတာလုပ်လုပ် သူ့အပေါ်ကောင်းနေရင် သင့်အပေါ်မှာလည်း ဘယ်တော့မှ သစ္စာမဖောက်ဘဲ ဆိုးအတူကောင်းဘက် တစ်သက်လုံးနေပေးသွားတာ သင်အိမ်မှာမွေးထားတဲ့ ခွေးလေးတွေပါ။ သင့်အိမ်မှာ လစာပေးပြီး ငှားစရာမလိုတဲ့ ခြံစောင့်၊ ငွေကြေးအမြောက်အများပေးစရာမလိုတဲ့ သင့်နားက သက်တော်စောင့်လေး၊ ငြူဆူးခြင်းမရှိဘဲ သင်အပျင်းပြေဖို အဖော်ပြုပေးမဲ့ မိတ်ဆွေလေး၊ သင်သာသေချာသင်ပေးထားရင် အိမ်အကူတစ်ယောက်လိုတောင် သင့်အပေါ် အများကြီး အကူအညီပေးစေတဲ့ သတ္တဝါလေးတစ်ကောင်ပဲဖြစ်ပါတယ်။

၁။ သင်မအားတဲ့အချိန် ကလေးလည်း ထိန်းပေးတယ်နော်။

၂။ သင်ပင်ပန်းနေရင်လည်း ဘေးကနေ နှစ်သိပ့်ပေးတတ်တယ်။

၃။ သခင်ကိုလည်း နွေးနွေးထွေးထွေးကြိုဆိုလေ့ရှိတယ်။

၎။ သင့်အိမ်က အခြား သတ္တဝါလေးတွေကိုလည်း စောင့်ရှောက်ပေးသေးတယ်။

၅။ သင်နေမကောင်းတဲ့အချိန် ဘေးနားမှာ အဖော်ပြုပေးတတ်တယ်။

၆။ ခွေးနဲ့ ကြောင်ဆိုတာ ရန်သူလို့ အများကပြောကြပေမဲ့ တကယ်တမ်းတော့ ထင်သလောက်မဟုတ်ပါဘူး။

၇။ အပြင်သွားလို့ သင်မောနေပြီဆို သင့်အိတ်ကအစ ကူသယ်ပေးတယ်နော်။

၈။ ကလေးတွေကိုလည်း အဖော်ပြုပေးတယ်။

၉။ သင့်နားမှာ ဘယ်သူမှမရှိရင်နေ သူတို့လေးတွေရှိနေရင် သင်စိတ်ချမ်းသာတယ်မှတ်လား။

၁၀။ ဘယ်သွားသွား၊ ဘာလုပ်လုပ် သင့်ဘေးမှာ သေတဲ့အထိမိတ်ဆွေကောင်းတစ်ယောက်လို အဖော်ပြုပေးနေမှာ။

၁၁။ တစ်ယောက်ထဲ ကားမောင်းပြီး ခရီးရင် သူပါနေတော့ အပျင်းလဲပြေတယ်၊ အိပ်လဲ မငိုက်တော့ဘူး။

၁၂။ အားကစားမှာဆိုလည်း တစ်စိတ်တစ်ပိုင်း ထူးချွန်တယ်နော်။

၁၃။ သခင်ပြန်အလာကို တံခါးဝက အမြဲစောင့်နေတတ်တယ်။

၁၄။ သင်သေဆုံးသွားရင်တောင် သေတဲ့အထိ သင့်ဘေးမှာ အဖော်ပြုပေးသွားမှာနော်။

၁၅။ လူသားတစ်ယောက်လို သင့်ကို နွေးထွေးမှုနဲ့ ကြင်နာမှုတွေ ပေးစေတယ်။

၁၆။ တစ်ခါတလေ သင်ရဲ့ သားသမီးအရင်းချာလို သံယောဇဉ်တွေဖြစ်စေတယ်။

၁၇။ သူစားချင်နေရင်တောင် သခင့်ဆီက အမိန့်မကျရင် မစားရဲဘူး။ အဲ့ဒီလို သခင်အပေါ် သစ္စာရှိတာ။

၁၈။ တစ်ခါတလေမှာ သင့်ရဲ့ ကစားဖော်တစ်ယောက်လို အဖော်ပြုပေးတယ်နော်။

#Lifestyle_Myanmar

#Thar_Nage

Credit photo – Brightside

ဂွတီးဂွကျနိုင်လွန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ လန်းနေသူတွေ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here