စက္ရုပ္စားပြဲထိုးေတြဟာ နည္းပညာနယ္ပယ္မွာ အေတြးအျမင္ အသစ္တစ္ခုမဟုတ္ေတာ့ပါဘူး။ ကေဖးဆိုင္အေတာ္မ်ားမ်ားမွာ စက္ရုပ္စားပြဲထိုးေတြ အသံုးျပဳၾကတာ ရွိၿပီး နီေပါႏိုင္ငံက Naulo ဆိုတဲ့ စားေသာက္ဆုိင္မွာ Gingers လို႔ေခၚတဲ့ humanoid စက္ရုပ္စားပြဲထိုး ၃ေယာက္ကို အလုပ္ခန္႔ထားပါတယ္။ ဒါေပမယ့္ Ory Lab က ဒီconcept ကို ရည္ရြယ္ခ်က္တစ္ခုနဲ႔ ပ်ိဳးေထာင္ခဲ့ၾကပါတယ္။

ဒီလ ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာ Dawn Ver Beta cafe ကို ႏွစ္ပတ္ၾကာ ဖြင့္လွစ္ခဲ့ပါတယ္။ ကာစတန္မာေတြကို ဝန္ေဆာင္မႈေပးဖုိ႔ Orly Lab ရဲ႕စက္ရုပ္ေတြကို အသံုးျပဳခဲ့ၿပီး ၎ေကာ္ဖီဆိုင္ရဲ႕ ဥာဏ္အေကာင္းဆံုးအစိတ္အပိုင္းကေတာ့ စက္ရုပ္ေတြအားလံုးကုိ မသန္စြမ္းသူ အေတာ္မ်ားမ်ားျဖင့္ ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။ မသန္စြမ္း သူေတြရဲ႕ဘဝကို ပိုၿပီးလြတ္လပ္မႈရဖို႔ အကူအညီေပးတဲ့ ရည္ရြယ္ခ်က္အတြက္ျဖစ္ပါတယ္။

ေကာ္ဖီဆိုင္မွာ အလုပ္လုပ္တဲ့သူ ၁၀ေယာက္ရွိခဲ့ပါတယ္။ ဝန္ထမ္းေတြဟာ amyotrophic lateral sclerosis (ALS) ႏွင့္ တျခားေက်ာရိုးဒဏ္ရာ ကဲ့သုိ႔ ေရာဂါခံစားရသူေတြျဖစ္ပါတယ္။ သူတို႔ဟာ သူတို႔အိမ္ကေန OriHime-D လို႔ေခၚတဲ့ 4-foot robots ေတြကို စီမံခန္႔ခြဲရၿပီး တစ္နာရီကို ယန္း ၁၀၀၀ (9$) ရရိွပါတယ္။

အဆိုပါစက္ရုပ္မ်ားကို အိပ္ရာကမထႏိုင္တဲ့လူရဲ႕ မ်က္လံုးလႈပ္ရွားမႈမ်ားကို အေျခခံထားတဲ့ ကြန္ပ်ဴတာတစ္လံုးရဲ႕ အကူအညီျဖင့္ ထိန္းခ်ဳပ္ခဲ့ပါတယ္။ စက္ရုပ္ေတြဟာ လႈပ္ရွားတာ၊ အရာဝတၱဳေတြကို ေကာက္ယူတာ ျပဳလုပ္ႏိုင္ၿပီး ေဖာက္သည္ေတြကိုေတာင္ စကားေျပာႏုိင္ပါတယ္။ မသန္စြမ္းလူေတြဟာ ‘proxies ကဲ့သုိ႔ ဒီစက္ရုပ္ေတြကိုအသံုးျပဳႏိုင္စြမ္းရွိခဲ့ၾကပါတယ္။ ခႏၶာကိုယ္မေရႊ႕ႏိုင္တဲ့သူေတြကို အလုပ္လုပ္ႏိုင္မယ့္ ကမာၻတစ္ခု ဖန္တီးေပးခ်င္တယ္လို႔ Ory Labရဲ႕စီအီးအို Kentaro Yoshifuji ကေျပာၾကားခဲ့ပါတယ္။

သို႔ေသာ္လည္း ဒီေကာ္ဖီဆုိင္က ၎ရဲ႕အမည္ကုိ အႀကံျပဳအျဖစ္ ပရိုဂရမ္ စမ္းတဲ့အဆင့္မွာသာ ရွိခဲ့ပါတယ္။ အဆိုပါဖန္တီးသူမ်ားက ဒီ ေကာ္ဖီဆုိင္ကို 2020မွာ အၿမဲတေစဖြင့္လွစ္ဖို႔ ရန္ပံုေငြစုေဆာင္းေနဆဲပါ။


Lifestyle_Myanmar
LM_Nandar
Unicode
လေဖြတ်နေတဲ့သူတွေကို စားပွဲထိုးအဖြစ် အလုပ်ခန့်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တဲ့ ဂျပန်ကော်ဖီဆိုင်
စက်ရုပ်စားပွဲထိုးတွေဟာ နည်းပညာနယ်ပယ်မှာ အတွေးအမြင် အသစ်တစ်ခုမဟုတ်တော့ပါဘူး။ ကဖေးဆိုင်အတော်များများမှာ စက်ရုပ်စားပွဲထိုးတွေ အသုံးပြုကြတာ ရှိပြီး နီပေါနိုင်ငံက Naulo ဆိုတဲ့ စားသောက်ဆိုင်မှာ Gingers လို့ခေါ်တဲ့ humanoid စက်ရုပ်စားပွဲထိုး ၃ယောက်ကို အလုပ်ခန့်ထားပါတယ်။ ဒါပေမယ့် Ory Lab က ဒီconcept ကို ရည်ရွယ်ချက်တစ်ခုနဲ့ ပျိုးထောင်ခဲ့ကြပါတယ်။
ဒီလ ဂျပန်နိုင်ငံ တိုကျိုမှာ Dawn Ver Beta cafe ကို နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပါတယ်။ ကာစတန်မာတွေကို ဝန်ဆောင်မှုပေးဖို့ Orly Lab ရဲ့စက်ရုပ်တွေကို အသုံးပြုခဲ့ပြီး ၎င်းကော်ဖီဆိုင်ရဲ့ ဉာဏ်အကောင်းဆုံးအစိတ်အပိုင်းကတော့ စက်ရုပ်တွေအားလုံးကို မသန်စွမ်းသူ အတော်များများဖြင့် ထိန်းချုပ်ထားတာဖြစ်ပါတယ်။ မသန်စွမ်း သူတွေရဲ့ဘဝကို ပိုပြီးလွတ်လပ်မှုရဖို့ အကူအညီပေးတဲ့ ရည်ရွယ်ချက်အတွက်ဖြစ်ပါတယ်။
ကော်ဖီဆိုင်မှာ အလုပ်လုပ်တဲ့သူ ၁၀ယောက်ရှိခဲ့ပါတယ်။ ဝန်ထမ်းတွေဟာ amyotrophic lateral sclerosis (ALS) နှင့် တခြားကျောရိုးဒဏ်ရာ ကဲ့သို့ ရောဂါခံစားရသူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့အိမ်ကနေ OriHime-D လို့ခေါ်တဲ့ 4-foot robots တွေကို စီမံခန့်ခွဲရပြီး တစ်နာရီကို ယန်း ၁၀၀၀ (9$) ရရှိပါတယ်။
အဆိုပါစက်ရုပ်များကို အိပ်ရာကမထနိုင်တဲ့လူရဲ့ မျက်လုံးလှုပ်ရှားမှုများကို အခြေခံထားတဲ့ ကွန်ပျူတာတစ်လုံးရဲ့ အကူအညီဖြင့် ထိန်းချုပ်ခဲ့ပါတယ်။ စက်ရုပ်တွေဟာ လှုပ်ရှားတာ၊ အရာဝတ္တုတွေကို ကောက်ယူတာ ပြုလုပ်နိုင်ပြီး ဖောက်သည်တွေကိုတောင် စကားပြောနိုင်ပါတယ်။ မသန်စွမ်းလူတွေဟာ ‘proxies ကဲ့သို့ ဒီစက်ရုပ်တွေကိုအသုံးပြုနိုင်စွမ်းရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်မရွှေ့နိုင်တဲ့သူတွေကို အလုပ်လုပ်နိုင်မယ့် ကမ္ဘာတစ်ခု ဖန်တီးပေးချင်တယ်လို့ Ory Labရဲ့စီအီးအို Kentaro Yoshifuji ကပြောကြားခဲ့ပါတယ်။
သို့သော်လည်း ဒီကော်ဖီဆိုင်က ၎င်းရဲ့အမည်ကို အကြံပြုအဖြစ် ပရိုဂရမ် စမ်းတဲ့အဆင့်မှာသာ ရှိခဲ့ပါတယ်။ အဆိုပါဖန်တီးသူများက ဒီ ကော်ဖီဆိုင်ကို 2020မှာ အမြဲတစေဖွင့်လှစ်ဖို့ ရန်ပုံငွေစုဆောင်းနေဆဲပါ။