ေလးစားအားက်စရာေကာင္းတဲ့ ဆြစ္ဇာလန္ႏိုင္ငံရဲ႕ အမႈိက္သိမ္းနည္းစနစ္နဲ႔ သူတို႔ရဲ႕ နည္းပညာ(႐ုပ္သံ)

0
55

ကၽြန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္ အမိႈက္ဆိုတာ လမ္းေဘးမွာပဲ အမႈိက္ပုံးနဲ႔ထားၾကတာမ်ားပါတယ္။ ဒါက ဘာျဖစ္လဲဆိုေတာ့ ဒီလိုလူသြားလူလာမ်ားတဲ့ေနရာမ်ိဳးမွာအမိႈက္ပုံးထားေပးတဲ့အခါ လမ္းသြားလမ္းလာေတြအတြက္ အနံ႔ဆိုးေတြနဲ႔ထြက္ၿပီး က်န္းမာေရးအရလည္း ညီညႊတ္မႈမရွိပါဘူး။ ဒါေပမဲ့ ဆြစ္ဇာလန္ႏိုင္ငံကေတာ့ဒါျပႆနာကို အေကာင္းဆုံး နည္းစနစ္ေတြနဲ႔ ေျဖရွင္းႏိုင္ခဲ့ပါတယ္။

-Advertisement-

လူေနထူထပ္တဲ့ ၿမိဳ႕ႀကီးေတြမွာ လူဦးေရတိုးပြာလာတာနဲ႔အမွ် စြန္႔ပစ္အမႈိက္ေတြက ပိုမိုမ်ားသထက္ မ်ားလာပါတယ္။ ဒီအမႈိက္ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္Swiss ကုမၸဏီႀကီးတစ္ခုကေနတာဝန္ယူၿပီး ေျမေအာက္အမႈိက္သိုေလွာင္းေရးစနစ္ကို တီထြင္္ခဲ့ပါတယ္။ အဆိုပါ အဆင့္ျမင့္ေျမေအာက္အမႈိက္သိုေလွာင္ေရးစနစ္ဟာ လမ္းကိုလည္း သန္႔ရွင္းေစတဲ့အျပင္ လမ္းသြားလမ္းလာေတြအတြက္ အနံ႔ဆိုးေတြကိုလည္း ဖယ္ရွားေပးပါတယ္။ ေျမျပင္အေပၚပိုင္းမွာ အမႈိက္ထည့္ရန္ အရြယ္အစာေသးငယ္တဲ့အမႈိက္ပုံးေလးသာေပၚထားေပးၿပီး ေျမေအာက္ထဲမွာ က်င္းတူးၿပီး အမႈိက္ေတာ္ေတာ္မ်ားမ်ားကို သိုေလွာင္ႏိုင္မဲ့ ကြန္တိန္နာေဘာက္ေလးေတြ ျမႇဳပ္ထားေပးပါတယ္။

ေျမေအာက္သိုေလွာင္ေရးစနစ္ျဖစ္တဲ့အတြက္ ၾကြက္ ေခြး စတဲ့ တိရိစာၦန္ေတြေၾကာင့္ အမႈိက္ ျပန္႔ပြားျခင္းမရွိေတာ့ဘဲ အလုံပိတ္ထားတာေၾကာင့္ က်န္းမာေရးအရေရာ ေကာင္းမြန္တဲ့နည္းပညာတစ္ခုျဖစ္ပါတယ္။ အဆိုပါနည္းပညာျဖင့္အမိႈက္သိမ္းစနစ္ကို လန္ဒန္၊ ပဲရစ္ နဲ႔ ကမာၻတစ္ဝွမ္းမွာရွိတဲ့ အျခားၿမိဳ႕မ်ားမွာ ႏွစ္ေပါင္း ၂၀မက အသုံးျပဳေနၾကၿပီျဖစ္ပါတယ္။ Kissimmee, St. Cound နဲ႔ Florida စတဲ့ အေမရိကန္ၿမိဳ႕ႀကီးမ်ားမွာလည္း စတင္အသုံးျပဳေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ေျမေအာက္အမႈိက္သိုေလွာင္ေရးစနစ္ကိုအသုံးျပဳမယ္ဆိုရင္ေတာ့ အမႈိက္သိမ္းဆည္းမယ္ဆိုရင္ ႐ိုး႐ိုးအမႈိက္သိမ္းယာဥ္ကို အသုံးျပဳလို႔ရေတာ့မွာမဟုတ္ဘဲ ၎အတြက္ အထူးထုတ္လုပ္ထားတဲ့ ယာဥ္ကို အသုံးျပဳဖို႔လိုအပ္ပါတယ္။အဆိုပါယာဥ္ရဲ႕ ကုန္က်စရိတ္ကေတာ့ ေဒၚလာ ၃သိန္းဝန္က်င္ေလာက္ရွိမွာျဖစ္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ကိုယ္တိုင္ေမာင္းႏွင္ႏိုင္မဲ့ Kitty Hawk ေလယာဥ္ (႐ုပ္သံ)


Unicode

လေးစားအားကျစရာကောင်းတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ အမှိုက်သိမ်းနည်းစနစ်နဲ့ သူတို့ရဲ့ နည်းပညာ
ကျွန်တော်တို့နိုင်ငံမှာဆိုရင် အမှိုက်ဆိုတာ လမ်းဘေးမှာပဲ အမှိုက်ပုံးနဲ့ထားကြတာများပါတယ်။ ဒါက ဘာဖြစ်လဲဆိုတော့ ဒီလိုလူသွားလူလာများတဲ့နေရာမျိုးမှာအမှိုက်ပုံးထားပေးတဲ့အခါ လမ်းသွားလမ်းလာတွေအတွက် အနံ့ဆိုးတွေနဲ့ထွက်ပြီး ကျန်းမာရေးအရလည်း ညီညွှတ်မှုမရှိပါဘူး။ ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံကတော့ဒါပြဿနာကို အကောင်းဆုံး နည်းစနစ်တွေနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။

လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ လူဦးရေတိုးပွာလာတာနဲ့အမျှ စွန့်ပစ်အမှိုက်တွေက ပိုမိုများသထက် များလာပါတယ်။ ဒီအမှိုက်ပြဿနာတွေကို ဖြေရှင်းဖို့အတွက်Swiss ကုမ္ပဏီကြီးတစ်ခုကနေတာဝန်ယူပြီး မြေအောက်အမှိုက်သိုလှောင်းရေးစနစ်ကို တီထွင််ခဲ့ပါတယ်။ အဆိုပါ အဆင့်မြင့်မြေအောက်အမှိုက်သိုလှောင်ရေးစနစ်ဟာ လမ်းကိုလည်း သန့်ရှင်းစေတဲ့အပြင် လမ်းသွားလမ်းလာတွေအတွက် အနံ့ဆိုးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ မြေပြင်အပေါ်ပိုင်းမှာ အမှိုက်ထည့်ရန် အရွယ်အစာသေးငယ်တဲ့အမှိုက်ပုံးလေးသာပေါ်ထားပေးပြီး မြေအောက်ထဲမှာ ကျင်းတူးပြီး အမှိုက်တော်တော်များများကို သိုလှောင်နိုင်မဲ့ ကွန်တိန်နာဘောက်လေးတွေ မြှုပ်ထားပေးပါတယ်။

မြေအောက်သိုလှောင်ရေးစနစ်ဖြစ်တဲ့အတွက် ကြွက် ခွေး စတဲ့ တိရိစ္ဆာန်တွေကြောင့် အမှိုက် ပြန့်ပွားခြင်းမရှိတော့ဘဲ အလုံပိတ်ထားတာကြောင့် ကျန်းမာရေးအရရော ကောင်းမွန်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ အဆိုပါနည်းပညာဖြင့်အမှိုက်သိမ်းစနစ်ကို လန်ဒန်၊ ပဲရစ် နဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အခြားမြို့များမှာ နှစ်ပေါင်း ၂၀မက အသုံးပြုနေကြပြီဖြစ်ပါတယ်။ Kissimmee, St. Cound နဲ့ Florida စတဲ့ အမေရိကန်မြို့ကြီးများမှာလည်း စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မြေအောက်အမှိုက်သိုလှောင်ရေးစနစ်ကိုအသုံးပြုမယ်ဆိုရင်တော့ အမှိုက်သိမ်းဆည်းမယ်ဆိုရင် ရိုးရိုးအမှိုက်သိမ်းယာဉ်ကို အသုံးပြုလို့ရတော့မှာမဟုတ်ဘဲ ၎င်းအတွက် အထူးထုတ်လုပ်ထားတဲ့ ယာဉ်ကို အသုံးပြုဖို့လိုအပ်ပါတယ်။အဆိုပါယာဉ်ရဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၃သိန်းဝန်ကျင်လောက်ရှိမှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here